Netflix ရဲ့crime series အသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးချော Han So-hee

ig/@xeesoxee
Sponsored

မင်းသမီးချော Han So-hee က Netflix crime series မှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်းကို sbs news က ခုလိုရေးသားထားပါတယ်။ June 10 ရက်နေ့က OSEN ကနေပြီးတော့ Han So-hee ရဲ့ လာမယ့် Netflix crime series ဇာတ်ကားသစ် ‘Undercover’ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖို့ အတည်ပြုလိုက်တဲ့အကြောင်းကို ကြေညာထားပါတယ်။

https://www.instagram.com/p/CAMwLlDjxGk/?utm_source=ig_embed&utm_campaign=loading

Sponsored

‘Undercover’ ဆိုတဲ့ ဒီဇာတ်ကားမှာ ‘ Seo Ji-woo’ ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ဟာ သူမရဲ့ ဖခင်အတွက် ရဲတွေလက်ကနေ လွတ်အောင် လက်စားချေသွားမယ့် သူအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ သူမအဖေရဲ့ မတရားအသတ်ခံလိုက်ရမှုအတွက် စုံစမ်းဖို့ သူမကိုယ်တိုင် တရားမဝင် ရာဇဝတ်အဖွဲ့အစည်းထဲကို ဝင်ရောက်လာခဲ့ပြီးတော့ သူမရဲ့အဖေကို သတ်သွားတဲ့သူကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

View this post on Instagram

@f.diary_official

A post shared by 한소희 (@xeesoxee) on

ဒီဇာတ်ကားထဲမှာ Han So-hee ဟာ အဓိက အမျိုးသမီးဇာတ်ကောင် ‘ Seo Ji-woo’ နေရာကနေ သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ ‘Time between Dog and Wolf’, ‘Road No.1’ စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Jin-min က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Han So-hee ရဲ့ အေဂျင်စီကနေပြီးတော့ ခုလို ပြောကြားထားပါသေးတယ် “ ခုချိန်မှာ ပြောဖို့ကတော့ စောပါသေးတယ် ဒီကမ်းလှမ်းမှုအတွက် သူမသေချာလေး စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ပြောထားပါတယ်။ Han So-hee ရဲ့ ပရိတ်သတ်တွေကလည်း ဒီဇာတ်ကားသစ်ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။

Khin

sponsored