ဖက်ရှင်ကျချင်တဲ့ မိန်းကလေးတိုင်းမှာ မဖြစ်မနေ ရှိထားသင့်တဲ့ ဦးထုပ်ပုံစံ(၅)မျိုး

Photo by Tim Savage from Pexels
Sponsored

ဦးထုပ်ဆိုတာကလည်း ဖက်ရှင်တွေတိုင်းကို ပိုပြီး လှသွားအောင် ပံ့ပိုးပေးတတ်တဲ့ အရာ ဖြစ်ပါတယ်။ မိန်းကလေးတွေက ဦးထုပ် လုံးဝ မဆောင်းကြတဲ့သူတွေ ရှိပေမယ့်လည်း ဦးထုပ်ဆောင်းတာက ပိုပြီး လှသွားစေကြောင်းကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ဦးထုပ်ပုံစံတွေကို လိုက်ပြီး မိန်းကလေးတွေကို ပိုလှသွားစေတာမို့ မိန်းကလေးတိုင်းမှာ ဒီလို ဦးထုပ်လေးတွေတော့ ရှိထားသင့်ပါတယ်နော်။

(၁) Floppy hat

Sponsored

အနားသားတွေ ခပ်ကားကား ရှိနေတဲ့ အခုလို ဦးထုပ်ပုံစံတွေကတော့ ဂါဝန်တွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ၁၈ ရာစုလောက်မှာ ခေတ်စားခဲ့ပြီး အခုဆိုရင် ပြန်ပြီး လူကြိုက်များနေကြပါတယ်။ များသောအားဖြင့် ကမ်းခြေဖက်ရှင်တွေမှာ ဒီဦးထုပ်တွေနဲ့ လှလှလေးနေတတ်ကြတာ များပါတယ်။

Pixabay/Pexels

(၂) Panama hat

READ
Oversize ရှပ်အင်္ကျီပွပွတွေကို လုံးဝဖက်ရှင်ကျသွားအောင်ဝတ်ဆင်နိုင်မယ့်နည်းလမ်းများ

ကောင်းဘွိုင်ဦးထုပ်ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် ဒီဦးထုပ်လေးတွေက မိန်းကလေးတွေကို တစ်မျိုးလေး လှစေပါတယ်။ ဒူးလောက် ဂါဝန် အဝဲလေးတွေနဲ့လည်း လိုက်ဖက်သလို ရှပ်အင်္ကျီ ဘောင်းဘီနဲ့ တွဲဝတ်တဲ့အခါမှာလည်း လိုက်ဖက်ပါတယ်။

Photo by veerasak Piyawatanakul from Pexels

(၃) Bucket hat

အခုတလော ကောင်လေးတွေရော ကောင်မလေးတွေကြားထဲမှာ အရမ်းကို ခေတ်စားနေတဲ့ ဦးထုပ်လေးပါ။ လူငယ်ဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။ ဝတ်ဆင်တဲ့ ဖက်ရှင်ကို လိုက်ပြီး အမြင်တွေ ပြောင်းစေတဲ့ ဦးထုပ်လည်း ဖြစ်ပါတယ်။

Photo by 三 点 from Pexels

(၄) Baseball hat

လျှာထိုးဦးထုပ်လို့ ခေါ်တဲ့ ဒီဦးထုပ်ကလည်း ဆောင်ထားသင့်တဲ့ အထဲမှာ ပါပါတယ်။ ခပ်ငိုက်ငိုက်လေး ဆောင်းရင် မိမိုက်နေတတ်တာမို့ ဆောင်ထားရင် မမှားပါဘူးနော်။

www.freepik.com

(၅) Boater hat

ဒီဦးထုပ်လေးကလည်း တစ်မျိုး ချစ်စရာကောင်းပါတယ်။ မိန်းကလေး ပိုဆန်စေပြီး လှပတဲ့အသွင်ကို ပေးနိုင်ပါတယ်။

READ
ဒီဇင်ဘာလက အဝတ်အစားနဲ့ ဖိနပ်တွေ ဝယ်ဖို့ အကောင်းဆုံးလ ဖြစ်နေတဲ့ အကြောင်းအရင်း
Photo by Anastasia Shuraeva from Pexels

Kham

sponsored