ယောကျာ်းလေးတွေ ရူးရူးမူးမူး ချစ်မိပြီး အဆုံးရှုံးမခံနိုင်ရင် ဒီလိုမျိုးတွေ ပြုမူတတ်ပါတယ်

shutterstock/ solominviktor
Sponsored

တစ်ချို့သောနေရာတွေမှာ ယောကျာ်းလေးတွေက မိန်းကလေးတွေထက်တောင် ပိုကြောက်တတ်နေပါသေးတယ်။ ဥပမာ- သူတို့ တကယ်ချစ်မိသွားပြီး ဆုံးရှုံးလိုက်ရမှာကို အရမ်းကြောက်တတ်ကြတာမျိုးပေါ့။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်မိပြီး ဆုံးရှုံးမခံနိုင်တဲ့အချိန်မျိုးမှာ သူတို့ဆီမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်။

သူတို့ကို သူတို့ပြောင်းလဲလာတတ်တယ်

shutterstock/ HTeam

ယောကျာ်းလေးတွေက သူတို့ရဲ့ ပုံစံကို ပြောင်းလဲတတ်တဲ့ သူမျိုးကိုဆို လုံးဝမကြိုက်တတ်ကြသလို ဘယ်တော့မှလည်း မပြောင်းလဲပေးတတ်ကြပါဘူး။ ဒါပေမယ့် သူတို့တကယ် ချစ်တဲ့သူ၊ တကယ်မြတ်နိုးတန်ဖိုးထားရတဲ့ သူအတွက်တော့ သူတို့ရဲ့ ပုံစံတွေကို ပြောင်းလဲပစ်ရမှာကို လုံးဝမတွန့်တိုတတ်ကြပါဘူးနော်။ သူတို့အရမ်းချစ်မိတဲ့ တစ်စုံတစ်ယောက်အတွက် သူတို့ရဲ့ ပုံစံကို အကောင်းဆုံးဖြစ်အောင် ပြုပြင်လာတတ်ကြပါတယ်။

ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်တယ်

Sponsored

ယောကျာ်းလေးတွေ ရူးရူးမူးမူးချစ်မိသွားတဲ့အခါ သူတို့ချစ်တဲ့သူဟာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ၊ ဘယ်လိုလိုအပ်ချက်တွေပဲ ရှိနေပါစေ ဘာကိုမှ ဂရုမစိုက်ပဲ ချစ်တတ်ကြပါတယ်။ သူတို့ရဲ့ ကောင်မလေးကို သူမဖြစ်နေလို့ကို ဘာအကြောင်းပြချက်မှ မရှိပဲ ချစ်တာပါ။ တစ်ခြားသူတွေက သူမကို ရုပ်ဆိုးတယ်လို့ပဲပြောပြော၊ အကျဉ်းတန်တယ်လို့ပဲဆိုဆို ဒီလိုအချိန်မှာ ဘယ်သူ့စကားကမှ သူတို့အတွက် အသုံးဝင်မနေတော့ပါဘူး။

READ
အရပ်သူအဖြစ်ကနေ စပိန်ဘုရင်မကြီးဖြစ်လာခဲ့တဲ့ ဂျာနယ်လစ်အမျိုးသမီးလေး

အရမ်းသည်းခံ ခွင့်လွှတ်လာတတ်တယ်

shutterstock/ Jovica Varga

ကောင်လေးတွေက မိန်းကလေးတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ သူတို့ရဲ့ နားလည်ပေးတတ်မှုတွေ၊ သည်းခံခွင့်လွှတ်ခြင်းတွေက အဆင့်တစ်ခုအထိကို တိုးလာခဲ့ပါတယ်။ သူများတွေ ခွင့်လွှတ်မပေးနိုင်တဲ့ အရာတွေကိုတောင် သူတို့က ခွင့်လွှတ်ပေးတတ်လာကြပါတယ်။ နောက်ပြီး ဘာလုပ်လုပ် သူမရဲ့ စကားတစ်ခွန်းက အရာရာကို နားလည်ပေးဖို့ ဖြစ်လာတတ်တာပါပဲ။

အချစ်တွေကို ခံစားမိလာစေတယ်

ယောကျာ်းလေးတွေ အရမ်းချစ်တတ်သွားတဲ့အခါ သူမကို ဆုံးရှုံးမခံနိုင်သလို သူတို့ရဲ့ အချစ်တွေကိုလည်း ထုတ်ဖော်ပြသတတ်လာပါတယ်။ သူတို့ရဲ့ ဂရုစိုက်မှုတွေ၊ အချစ်တွေ၊ နားလည်မှုတွေက အရမ်းကို ပြီးပြည့်စုံတဲ့ ချစ်ခြင်းတစ်ခု ဖြစ်လာတတ်ပြီး သူတို့ရဲ့ အချစ်ကို အလိုလို ခံစားမိလာတဲ့ အထိပါပဲ။ ဒါက ယောကျာ်းလေးတစ်ယောက် အရူးအမူးချစ်မိပြီး ဆုံးရှုံးမခံနိုင်တော့တဲ့အခါ တွေ့ရတတ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

READ
သင်ဟာ လူဝင်စားတစ်ယောက်လားဆိုတာ သိနိုင်မယ့် အချက် (၇) ချက်

Khin

sponsored