စတော်ဘယ်ရီစားပေးခြင်းဖြင့် ရလာမယ့် အလှအပနဲ့ကျန်းမားရေးကောင်းကျိုးများ

[email protected]
Sponsored

ချိုချိုချဉ်ချဉ်အရသာလေးနဲ့ အသီးပုံစံလေးကလဲချစ်စရာကောင်းတဲ့ စတော်ဘယ်ရီသီးကို လူတိုင်းနီးပါးကြိုက်နှစ်သက်ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာဆို ပေါပေါများများစားနိုင်ပေမယ့် မြေပြန်ဒေသတွေမှာတော့ အနည်းငယ်ဈေးကြီးပါတယ်။ ဒါပေမယ့်လဲခုလိုအချိန်စတော်ဘယ်ရီသီးပေါများတဲ့အချိန် ဆိုရင်တော့လူတိုင်းနီးပါးစားနိုင်ကြမှာပါ။ အဲ့ဒါကြောင့်စတော်ဘယ်ရီသီးကြိုက်နှစ်သက်သူတွေအတွက်ရော မကြိုက်သေးတဲ့သူတွေလဲစားသင့်တယ်ဆိုတာသိသွားအောင် လူသိနည်းသေးတဲ့စတော်ဘယ်ရီသီးရဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

[email protected]

(၁) စတော်ဘယ်ရီသီးမှာဘာဓာတ်တွေပါလဲ

Sponsored

ကိုယ်ကြိုက်နှစ်သက်လို့စားသုံးနေပေမယ့် စတော်ဘယ်ရီသီးမှာဘာတွေပါဝင်လဲဆိုတာ မသိသေးဘူးမလား။ စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာဆိုရင် ကယ်လိုရီက (၃၂) ပဲပါဝင်ပါတယ်တဲ့ ဒါဟာဝိတ်ချနေသူတွေအတွက်လဲ စိုးရိမ်ရလောက်တဲ့ပမာဏမဟုတ်လို့စိတ်ပူစရာမလိုပါဘူး။ ရေဓာတ်ကတော့ ၉၂ ရာခိုင်နှုန်းလောက်ကိုပါဝင်ပါတယ်တဲ့ အသားအရေခြောက်သွေ့တဲ့သူတွေအတွက်များများစားပေးသင့်တဲ့အသီးအနှံပါပဲ။ ဒါတွေအပြင်မှာ စတော်ဘယ်ရီသီးမှာ ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေလဲပါဝင်ပါသေးတယ်။

[email protected]

(၂) အမျှင်ဓာတ် (Fiber) 

စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာဆိုရင် အမျှင်ဓာတ်က (၂) ဂရမ်ပါဝင်ပါတယ်။ အမျှင်ဓာတ်ကအစာချေစနစ်ကိုပိုမို ကောင်းမွန်စေပါတဲ့အပြင် ကိုယ်အလေးချိန်ကျဖို့ကိုလဲအကူအညီဖြစ်စေပါတယ်။ ဒါ့အပြင်ခုခံအားကိုကောင်းစေပြီး ပိုးမွှားတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းရှိတာကြောင့် အအေးမိဖျားနာတာတွေ မဖြစ်ချင်ရင် စတော်ဘယ်ရီသီးကိုများများစားပေးသင့်ပါတယ်။

[email protected]

(၃) ဗီတာမင်ဓာတ်များ

READ
အသက်ငယ်ငယ်လေးနဲ့ ခဏခဏ မေ့တတ်သူတွေအတွက် နည်းလမ်းကောင်းများ

စတော်ဘယ်ရီမှာအသားအရေလှပဖို့မဖြစ်မနေလိုအပ်တဲ့ ဗီတာမင်စီတွေကအပြည့်ပါပဲ။ အဲ့ဒါကြောင့်အသားအရည် လှပချင်တဲ့သူတွေအတွက်စားသုံးသင့်တဲ့အသီးတစ်မျိုးပါပဲ။ ဒါအပြင်စတော်ဘယ်ရီသီးမှာ ဗီတာမင်ဘီလဲ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္တာကိုယ်မှာရှိတဲ့ ဆဲလ်တွေတစ်ရှူးတွေကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အဲ့ဒါကြောင့်ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေအတွက်လဲစားသုံးဖို့ အလွန်သင့်တော်တဲ့အသီးပဲဖြစ်ပါတယ်။

[email protected]

(၄) ကာကွယ်ပေးနိုင်တဲ့ရောဂါများ

ယနေ့ကမ္ဘာလူဦးရေရဲ့သေဆုံးမှုနှုန်းမှာ နှလုံးရောဂါကြောင့်သေဆုံးမှုနှုန်းကလဲ အလွန်မြင့်မားလျှက်ရှိပါတယ်။ စတော်ဘယ်ရီသီးဟာဒီလိုအဖြစ်များလွန်တဲ့ နှလုံးရောဂါဖြစ်နိုင်ချေကိုတောင်လျှော့ချပေးနိုင်ပါတယ်။ ဒါအပြင် သူဟာဆဲလ်တွေရဲ့လုပ်ဆောင်မှုကိုအားကောင်းစေတာကြောင့် ကင်ဆာလိုရောဂါမျိုးကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်စတော်ဘယ်ရီသီးဟာဘယ်လောက်တောင်ကောင်းကျိုးတွေရရှိစေတယ်ဆိုတာ ထပ်ပြောဖို့တောင်လိုမယ် မထင်တော့ပါဘူးနော်။

Wink Wink

sponsored