ကင်မ်ချီဆိုရင်တော့ ပြေးမြင်မိကြမှာ ကိုးရီးယားကားတွေထဲက ထမင်းဝိုင်းတွေပဲ ဖြစ်မယ်ထင်တယ်။ ဇလုံနဲ့ထမင်းနဲ့နယ်စားတာတွေ၊ ခေါက်ဆွဲတွေ ညုပ်စားတာတွေက မြင်သူတိုင်း စားချင်လာအောင်ကို ဆွဲဆောင်နိုင်တာနော်။ ဒီမှာလဲ ကင်မ်ချီဆို မကြိုက်သူ မရှိသလောက် ရှားနေပါပြီ။ ကင်မ်ချီတော့ စားနေတယ် ကင်မ်ချီရဲ့ ကောင်းကျိုးတွေ မသိဘူးဆိုတာတော့ မဖြစ်သင့်ဘူးဆိုတော့ ပြောပြမယ်နော်။
(၁) ကင်မ်ချီမှာပါဝင်တဲ့ Lactobacilli ဆိုတဲ့ healthy bacteria လေးကြောင့် အစာကြေစနစ်ကို ကောင်းမွန်စေပြီး ရိုးရိုးသာမာန် ဖျားတာနာတာလောက်ဆို အေးဆေး တိုက်ထုတ်နိုင်ပါတယ်တဲ့။
(၂) သွေးတိုးရှိတဲ့သူတွေအတွက်ဆိုလဲ ကင်မ်ချီက ဆေးဖြစ်ပါတယ်နော်။ ကင်မ်ချီစိမ်တဲ့ထဲမှာ ပါတဲ့ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ allicin နဲ့ selenium ဆိုတဲ့ဓာတ်ကို သွေးတိုးသမားတွေအတွက် ကောင်းတဲ့အပြင် ခန္ဓာကိုယ်ထဲက Cholesterol ကိုပါလျော့ချပေးပါတယ်နော်။

(၃) ၁၀၀ ဂရမ်ရှိတဲ့ ကင်မ်ချီမှာ Vitamin A ၁၈% ပါဝင်ပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့ Cells တွေကိုဖယ်ရှားပေးတဲ့ အပြင် ကြည်လင်တဲ့မျက်လုံးလေးတွေ ဖြစ်လာအောင်လဲ စွမ်းဆောင်နိုင်ပါသေးတယ်။
(၄) ဒါကတော့ အကြိုက်ဆုံးအချက်ပဲ ဖြစ်မယ်ထင်တယ်။ ခန္ဓာကိုယ်အတွင်းမှာသာမက အသားအရည်နဲ့ ဆံပင်မှာပါ အကျိုးပေးတာနော်။ ကင်မ်ချီမှာပါဝင်တဲ့ selenium ဆိုတဲ့ ဓာတ်က ဆံပင်ကိုနက်မှောင်စေတဲ့ အပြင် အသားအရည်ကိုလဲ ကြည်ကြည်လင်လင်လေးနဲ့ လှပစေပါတယ်တဲ့နော်။

(၅) ဝိတ်ကျချင်ရင် ကင်မ်ချီစားပါ။ ကင်မ်ချီ ၁၅၀ ဂရမ်မှာ ကယ်လီရီပမာဏ ၄၀ သာပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ carbohydrate metabolism ကိုလျောကျအောင် ကင်မ်ချီက အကျိုးပြုပေးနိုင်လို့ ဝိတ်ကျဖို့ကတော့ စိတ်မပူရပါဘူး ပုံမှန်စားပေးရင်ပေါ့။
TPS