ပုံမှန် ယောဂ လေ့ကျင့်ပေးရင် ရလာနိုင်တဲ့ အံ့မခန်း ကျန်းမာရေးကောင်းကျိုးများ

Photo by Elly Fairytale from Pexels
Sponsored

အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်မှာ လူတွေဟာ စိတ်ဖိစီးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ရင်ဆိုင် ဖြေရှင်းလေ့ ရှိပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေသလို ခန္ဓာကိုယ် ကျန်းမာရေးပါ ပိုကောင်းမွန်စေတဲ့ အဖိုးတန်နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။  အလုပ်များတဲ့ဘဝမှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကျန်းမာစေပြီး စိတ်ကိုလည်း ပျော်ရွှင် လန်းဆန်းသွားစေဖို့အတွက် ယောဂ လေ့ကျင့်ခြင်းရဲ့ ကောင်းကျိုးလေးတွေကို ပြောပြလိုက်ရပါတယ်နော်။

(၁) သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်

Sponsored

ယောဂကျင့်ခြင်းက သွေးတွင်းသကြားဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပြီး လိုအပ်တဲ့ HDL ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ ယောဂကျင့်ခြင်းအားဖြင့် ဆီးချိုကို ထိန်းထားနိုင်တယ်လို့ သုတေသနပြုချက်တွေလည်း ထွက်ရှိထားပါသေးတယ်။ သွေးတွင်းသကြားဓာတ်ပါဝင်မှု လျော့နည်းစေတာကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အမြင်အာရုံချို့တဲ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

karlyukav/Freepik

(၂) အာရုံစူးစိုက်မှုအားကောင်းစေတယ်

READ
အချိန်တိုအတွင်း ဖြောင့်စင်းသွယ်လျတဲ့ပေါင်တံလေးတွေ ပိုင်ဆိုင်စေမယ့် သုံးမိနစ်စာလေ့ကျင့်ခန်း

ယောဂကျင့်ခြင်းမှာ ပါဝင်တဲ့ပုံစံတစ်ခုက ပစ္စုပ္ပန်ကို တည့်တည့်ရှုခြင်းပဲဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာကိုပဲ အဓိက အာရုံစိုက်ပြီး လေ့ကျင့်ရတာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အတွေးတွေ၊ အတွေးများနေတာတွေကို ဖယ်ထုတ်ရတာ ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ ယောဂပုံမှန်လေ့ကျင့်တဲ့သူတစ်ယောက်ဟာ အာရုံစူးစိုက်မှု၊ မှတ်ဥာဏ်စွမ်းရည်နဲ့ IQ ပါ မြင့်လာနိုင်တယ်လို့ ဆိုထားပါတယ်။

Photo by Elly Fairytale from Pexels

(၃) အာရုံခံနိုင်စွမ်းတွေကို ဆက်ထိန်းထားနိုင်တယ်

ယောဂရဲ့ အဆင့်မြင့်လေ့ကျင့်ခန်းတွေမှာ ခန္ဓာကိုယ်ကို ထူးခြားတဲ့နည်းလမ်းတွေနဲ့ ထိန်းချုပ်ရတာမျိုးတွေ ပါဝင်ပါတယ်။ အများစုကတော့ တရားထိုင်ခြင်းကတဆင့် အာရုံခံနိုင်စွမ်းတွေကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အလိုအရ တရားထိုင်တဲ့နည်းလမ်းနဲ့ ယောဂကျင့်ခြင်းက ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို လျှော့ချပေးနိုင်သလို ဦးနှောက်ရဲ့ မှတ်သားနိုင်တဲ့လှိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပြီး လက်တွေရဲ့ အပူချိန်ကို ၁၅ ဒီကရီဖာရင်ဟိုက်အထိ တက်စေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ယောဂ ပုံမှန်လေ့ကျင့်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့ အာရုံခံနိုင်စွမ်းတွေကို အမြဲတမ်း ဖြတ်လတ်နေအောင် ထိန်းထားနိုင်ပါတယ်။

READ
ကိုယ့်ကိုယ်ကိုပဲ အဖော်ပြုတတ်လာတဲ့အခါမှာ ရလာမယ့် အတွေ့အကြုံကောင်း(၅)ခု
yanalya/Freepik

(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်

လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာ ကျန်းမာဖွံ့ဖြိုးမှုမှာ အိပ်စက်ခြင်းက အရေးကြီးတဲ့နေရာမှာ ပါ,ပါတယ်။ အိပ်စက်ခြင်းမှာမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုအရေးကြီးပါတယ်။ လူတွေဟာ အိပ်စက်တဲ့အချိန်မှာ အနားပေးရပြီး နောက်တစ်နေ့စာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အိပ်စက်ခြင်းကနေတဆင့် ဖြည့်တင်းရတာပဲဖြစ်ပါတယ်။ ယောဂ ပုံမှန် လေ့ကျင့်နေမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေတဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။

tirachardz/Freepik

(၅) နာကျင်မှုတွေကို လျော့နည်းစေတယ်

ယောဂက နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။ လေ့လာချက်အမြောက်အများအရ asana နဲ့ တရားထိုင်ခြင်းလို ဒါမှမဟုတ် နှစ်ခုပေါင်းထားတဲ့ ယောဂလေ့ကျင့်ခန်းက ခါးနာခြင်း၊ အရိုးအဆစ်တွေ နာကျင်ခြင်းနဲ့ လက်တွေ ထုံကျဉ်ပြီး အားနည်းခြင်းတွေကို လျော့နည်းသက်သာစေတယ်လို့ ဆိုထားပါတယ်။

Kham

sponsored