မနက်တိုင်း စောစောထပြီး လမ်းလျှောက်ပေးရုံနဲ့ ရလာမယ့် ကျန်းမာရေးကောင်းကျိုးများ

tirachardz/Freepik
Sponsored

ဆောင်းတွင်းလည်း ရောက်လာပြီဆိုတော့ မနက်ခင်း လမ်းထလျှောက်သူတွေလည်း များလာပါပြီ။ တကယ်တော့ မနက်စောစော လမ်းလျှောက်တာက သိပ်ကို ကောင်းတဲ့ အကျင့် ဖြစ်ပါတယ်။ ဆောင်းတွင်းမှ မဟုတ်ဘဲ မနက်ခင်းတိုင်းမှာ လမ်းလျှောက်မယ်ဆိုရင်တော့ ကျန်းမာရေးကောင်းကျိုးတွေကို ပုံမှန် ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်း လမ်းလျှောက်ခြင်းကနေ ရမယ့် ကျန်းမာရေးကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ရပါတယ်နော်။

(၁) အားအင်တွေ မြှင့်တင်ပေးတယ်

Sponsored

တစ်နေ့တာကို လမ်းလျှောက်ခြင်းနဲ့ စတင်လိုက်တာက သင့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အားအင်တွေကို မြင့်တက်သွားစေနိုင်ပါတယ်။ အဆောက်အဦးထဲမှာ မိနစ် ၂၀ လမ်းလျှောက်တာထက် အပြင်မှာ မိနစ် ၂၀ လမ်းလျှောက်တာက ပိုပြီး အားအင်တွေ ပြည့်စေလို့ မနက်ခင်းမှာ လမ်းလျှောက်တာက သင့်ကို ပိုပြီး အားအင်တွေကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။

user16285795/Freepik

(၂) စိတ်ခံစားမှုတွေ ကောင်းမွန်စေတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေတာက သိပ်ကို ကောင်းမွန်ပါတယ်။ မနက်ခင်းမျာ လမ်းလျှောက်ပေးရုံနဲ့ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတဲ့စိတ် ဖြစ်လာစေသလို စိတ်ဖိစီးမှုတွေကို လျော့ကျတာ၊ စိတ်ပူပန်မှုတွေကို နည်းသွားစေတာမျိုးတွေ ဖြစ်သွားစေပြီး စိတ်ကို ကြည်ကြည်လင်လင်လေး ဖြစ်သွားစေမှာပါနော်။

READ
2NE1 အဖွဲ့ ပြန်လည်ပေါင်းစည်းနိုင်ခြေ ရှိ/မရှိကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ Park Bom
cookie_studio/Freepik

(၃) ပုံမှန် လှုပ်ရှားမှု လုပ်ဖြစ်သွားတယ်

လူတိုင်းက တစ်နေ့ကို ပုံမှန် ကိုယ်လက် လှုပ်ရှားမှုတွေ ရှိပေးဖို့ လိုအပ်ပါတယ်နော်။ ဒီအတွက် မနက်ခင်း လမ်းလျှောက်ခြင်းက သင့်အတွက် တစ်နေ့တာမှာ လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခု ရှိသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရင် အကောင်းဆုံးပါပဲ။

lookstudio/Freepik

(၄) အဆီပိုတွေ ကျစေတယ်

မနက်ခင်းမှာ လမ်းလျှောက်ပေးတာက သင့်ရဲ့ ကိုယ့်အလေးချိန်ချတဲ့ အစီအစဉ်ကို ပိုပြီး ကောင်းမွန်စေပါတယ်။ မိနစ် ၃၀ ခန့် လမ်းလျှောက်တဲ့အခါ ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားစေပါတယ်။

(၅) ကြွက်သားတွေကို ကျန်းမာစေတယ်

လမ်းလျှောက်ခြင်းတွေက ခြေထောက်မှာ ရှိတဲ့ ကြွက်သားတွေကို သန်မာလာစေပါတယ်။ လမ်းလျှောက်တဲ့အခါ လှေကားထစ်တွေကို တက်တာ၊ တောင်ကုန်းတွေကို တက်တာမျိုးကို လုပ်ပေးရင် ကြွက်သားတွေက ပိုပြီး ကျန်းမာကြံ့ခိုင်လာစေပါတယ်နော်။

READ
Dua Lipa နဲ့အတူတွဲဖက်ပြီး သီချင်းသီဆိုမယ့် BLACKPINK အဖွဲ့
lookstudio/Freepik

(၆) အာရုံစူးစိုက်မှု အားကောင်းလာတယ်

မနက်ခင်းမှာ လမ်းလျှောက်မယ်ဆိုရင် တစ်နေ့တာလုံးမှာ အာရုံစူးစိုက်မှု ပိုကောင်းလာစေပါတယ်။ မနက်စောစောထပြီး လမ်းလျှောက်သူတွေနဲ့ လမ်းမလျှောက်တဲ့သူတွေကို နှိုင်းယှဉ်ကြည့်မိတဲ့အခါ မနက်စောစောထ လမ်းလျှောက်တဲ့သူတွေက ပိုပြီး မှတ်ဉာဏ်တွေ ကောင်းလာတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါ့အပြင် စိတ်ကူးစိတ်သန်းတွေနဲ့ အတွေးအမြင်သစ်တွေလည်း တိုးပွားလာစေပါသေးတယ်။

lookstudio/Freepik

(၇) ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တယ်

မနက်စောစောမှာ လမ်းလျှောက်ပေးတာက ညဘက်မှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရစေပါတယ်။ လေ့လာချက်တွေအရ အသက် ၅၅ နှစ်ကနေ ၆၅ နှစ်အတွင်းမှာ ရှိတဲ့သူတွေက ညအိပ်မပျော်ခြင်းကို ခံစားနေရပါတယ်။ ဒီထဲမှာမှ မနက်စောစော လမ်းလျှောက်တဲ့သူတွေကတော့ ဒီလို အိပ်မပျော်ခြင်းကို သက်သာလာတယ်လို့ ဆိုပါတယ်။

Kham

sponsored