ချောကလတ်စားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးကောင်းကျိုးများ

[email protected]
Sponsored

ချောကလက်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတွေများတာကြောင့် စားပေးသင့်တဲ့ super food တွေထဲက တခုပါပဲ ပျိုမေတို့ရေ။ အခုဆိုရင် Valentine Day ကလည်း နီးလာပြီဆိုတော့ ချောကလက်စားခြင်းကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

[email protected]_studio

(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

Sponsored

ချောကလက်မှာပါဝင်တဲ့ flavonoids ဓာတ်ဟာ နှလုံးကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး heart attack ဖြစ်ခြင်းကနေ ၄၀ ရာခိုင်နှုန်း၊ လေဖြတ်ခြင်းကနေ ၃၀ ရာခိုင်နှုန်းလောက်ထိကို လျှော့ချပေးနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေတယ်

ချောကလက်မှာပါဝင်တဲ့ mood boosting chemical ဓာတ်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေပြီး စိတ်ကြည်နူးပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို အထောက်အကူဖြစ်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။

[email protected]

(၃) အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်

READ
မ-အင်္ဂါကို မလုပ်သင့်တဲ့အရာများ (ကျန်းမာရေးအတွက်အရေးကြီးပါသည်)

ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်သတ္တိ () ကြွယ်ဝစွာ ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အသားအရေပြဿနာတွေဖြစ်တဲ့ ဝက်ခြံ၊ အမည်းစက်နဲ့ အသားအရေမကြည်လင်တာမျိုးတွေကိုလည်း ပြေလျော့သက်သာစေနိုင်ပါတယ်။

[email protected]

(၄) ဦးနှောက်မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်စေတယ်

ဦးနှောက်မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုအား ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ချောကလက်ဟာ တခုအပါအဝင်ဖြစ်ပြီး အသက်အရွယ်ကြောင့် မှတ်ဥာဏ်အားလျော့နည်းလာခြင်းကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။

[email protected]

Calcifer

 

        

 

sponsored