မနက်စောစောထခြင်းရဲ့ ရွှေလိုအဖိုးတန်တဲ့ အကျိုးကျေးဇူးလေးများ

Freepik.com
Sponsored

ရွှေလို အဖိုးတန်တယ်ပြောလို့ ချဲ့ကားပြောတယ်လို့ မထင်လိုက်ပါနဲ့နော်။ မနက်စောစောထတယ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝလမ်းခရီးအတွက် တကယ်ပဲ ရွှေတွေလို အဖိုးတန်လို့ တင်စားပြောလိုက်တာပါ။ ဒါကြောင့် အောက်မှာ ပြောပြပေးသွားမယ့် အချက်တွေကို ဖတ်ကြည့်ပြီး မနက်စောစောတဲ့အလေ့အကျင့်ကို ပြုစုပျိုးထောင်ကြည့်ကြပါနော်။

(၁) အလုပ်ပိုလုပ်နိုင်တယ်

Sponsored

မနက်စောစော ထခြင်းက လူတစ်ယောက်ကို အာရုံတွေဖြတ်လတ်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ စိတ်တက်ကြွမှုကိုလည်း ပေးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုတွေအရ မနက်စောစောထတဲ့လူတစ်ယောက်ဟာ နောက်ကျမှထတဲ့လူတစ်ယောက်ထက် ပိုပြီး စွမ်းအင်ပြည့်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာဆိုရင်လည်း အလုပ်ကို စလုပ်ဖို့ သူတို့ကိုယ်သူတို့ မြန်မြန်ဆန်ဆန်ပဲ မောင်းနှင်နိုင်ကြပါတယ်။ ပြီးတော့ သူတို့ဟာ ဆုံးဖြတ်ချက်ချရာမှာလည်း မြန်ဆန်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ကြပါတယ်။

lookstudio/Freepik

(၂) စိတ်ကျန်းမာရေးကောင်းတယ်

မနက်စောစောထခြင်းရဲ့ အရေးပါတဲ့လက္ခဏာတစ်ရပ်ကတော့ စိတ်ဖိအားတွေကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။ အနည်းဆုံးတော့ မနက်စောစောထတဲ့အတွက် အလုပ်ကို အချိန်မီရောက်ဖို့ အလျင်လိုပြီး စိတ်ပူရတာကို သက်သာစေမှာပဲဖြစ်ပါတယ်။ ပြီးတော့ တစ်နေ့တာအတွက် မစခင်မှာ ဘယ်လိုဖြတ်သန်းမယ်ဆိုတာကိုလည်း စဉ်းစားဖို့ အချိန်ပေးနိုင်မှာပဲဖြစ်ပါတယ်။

READ
အတင်းပြောပေးခြင်းက အကျိုးရှိစေတယ်လို့ လေ့လာချက်တွေက ဖော်ပြနေ
Photo by Amina Filkins from Pexels

(၃) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်

အိပ်စက်ခြင်းကတော့ လူတစ်ယောက်ရဲ့ လိုအပ်တဲ့စွမ်းအင်ကို ပေးစွမ်းနိုင်တာဖြစ်သလို စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးနိုင်တာပဲဖြစ်ပါတယ်။ အိပ်စက်တဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုလို့တောင် အရေးကြီးပါသေးတယ်။ မနက်စောစော ထတာ အလေ့အကျင့်ရနေတဲ့သူတစ်ယောက်အဖို့ ညဘက်စောစော အိပ်ဖို့ အလေ့အကျင့်ရနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ကျမှ အိပ်တဲ့အခါ ဖြစ်လာမယ့် အတွေးလွန်ခြင်း၊ အိပ်ရေးမဝခြင်း၊ အဲ့ဒါကနေတဆင့် စိတ်ရှုပ်ထွေးမှုတွေကို ပယ်ဖျောက်ပေးနိုင်မှာပဲဖြစ်ပါတယ်။

drobotdean/Freepik

(၄) ရလဒ်တွေ ပိုကောင်းလာမယ်

တက္ကဆပ်တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ညဘက်စောစော အိပ်ရာဝင်ပြီး မနက်စောစော အိပ်ရာထလေ့ရှိတဲ့ ကျောင်းသားတွေက ပိုပြီးရလဒ်ကောင်းတွေ ထွက်တယ် ဆိုထားပါတယ်။ သင်ယူနိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်း မြင့်မားကြတယ်ဆိုပါတယ်။ စာမေးပွဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှုပ်ထွေးမှု၊ စိုးရိမ်ပူပန်မှု သိပ်မရှိဘဲ ကျော်လွှားနိုင်ကြလို့ အဆင့်ကောင်းတွေ ရကြတာပဲဖြစ်ပါတယ်။

READ
အရိုးအဆစ်နာကျင်ခြင်းကို အရှင်းပျောက်ကင်းသွားစေနိုင်တဲ့ သစ်သီး ဖျော်ရည် (၄) မျိုး
lookstudio/Freepik

(၅) ပိုပျော်ရွှင်ကြတယ်

ပျော်ရွှင်ဖို့ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်က ပျော်ရွှင်နေမှ ကိုယ့်ဘေးနားက ချစ်ခင်ရသူတွေကိုလည်း ပျော်ရွှင်အောင် ထားနိုင်မှာပဲဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ မနက်စောစော ထကြသူတွေဟာ ဘဝတစ်လျှောက်မှာ ပျော်ရွှင်မှုတွေ ပိုပိုင်ဆိုကြတယ်လို့ ဆိုထားပါတယ်။

Kham

sponsored