ယောဂလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့်ရလာမယ့် အကျိုးကျေးဇူး (၈) မျိုး

Image:IG/yogis
Sponsored

ယောဂလေ့ကျင့်ခန်းကတော့ အမျိုးသမီးတွေနဲ့ အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ရတာမကြိုက်တဲ့ သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ အလွယ်တကူ အိမ်မှာလည်းလုပ်လို့ရတဲ့လေ့ကျင့်ခန်းမျိုးပါ။ ဒါပေမဲ့ ယောဂလေ့ကျင့်ခန်းဆိုတာမျိုးက အနေအထားမှန်ကန်မှ ထိရောက်တာမို့ နားလည်တတ်ကျွမ်းသူဆီမှာ စနစ်တကျ သင်ယူပြီးမှ အိမ်မှာလုပ်တာကတော့ ပိုကောင်းတာပေါ့နော်။ ဒါဆို ယောဂပုံမှန်လုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရလာမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

ဝိတ်ကျစေပြီး ကိုလက်စထရောကျစေ

Sponsored

ယောဂလေ့ကျင့်ခန်းတွေက ငြိမ်ငြိမ်လေးလုပ်ရတာမျိုးမို့ လူတော်တော်များများက ၀ိတ်ချတဲ့နေရာမှာ အသုံးမ၀င်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့မှားပါတယ်။ ယောဂကခန္ဓာကိုယ်မှာရှိတဲ့ ဇီဝစနစ်အတွက် အထောက်အကူဖြစ်စေတာမို့ အဆီတွေလောင်ကျွမ်းရာမှာ အထောက်အကူပြုပါတယ်။ ကိုလက်စထရောကိုပါကျစေတဲ့အတွက် ဆီးချို၊သွေးချို၊သွေးတိုး ဝေဒနာရှင်တွေနဲ့လည်း အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးပါ။

စွမ်းအင်တိုးပွားစေ

Image:IG/Lamise

ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်တွေကို တိုးပွားလာစေပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့အတွက် ခန္ဓာကိုယ်မှာ စွမ်းအင်တွေလျော့ကျလာတတ်ပါတယ်။ ယောဂလေ့ကျင့်ခန်းကတော့ စွမ်းအင်တွေတိုးပွားလာစေပါတယ်။ ဒ့ါအပြင် သွေးလှည့်ပတ်မှုကိုပါ အားကောင်းစေတဲ့ အစွမ်းလည်းရှိပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေ

Image:IG/joshkrameryoga

နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေရတဲ့ သူတွေမို့ အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုတွေကို ခံစားရပါတယ်။ စိတ်ဖိစီးမှု တွေကို လျော့ကျစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကိုပြောပါဆိုရင်တော့ ယောဂလို့ဆိုရမှာပါ။ ယောဂလေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ အိပ်မပျော်တဲ့ရောဂါကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ညဖက်အိပ်မပျော်တဲ့သူတွေ လုပ်ပေး သင့်ပါတယ်။

အဆုတ်အားကောင်းစေ


ယောဂလေ့ကျင့်ခန်းမှာ ရှုသွင်း၊ရှုထုတ်ကလည်း အရေးပါတဲ့ အရာတစ်ခုပါ။ ဘယ်လိုယောဂ Pose အနေအထားမျိုး မှာ မဆို ရှုသွင်း၊ ရှူထုတ်က အရေးကြီါးတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ကို စနစ်တကျလုပ်ပေးရတာမျိုးမို့ အဆုတ်အားကောင်း စေပါတယ်။ ရှူသွင်း၊ ရှူထုတ်က တရားထိုင်တဲ့အခါ မျိုးမှာလည်း မှတ်ရ၊ လုပ်ရတဲ့အရာမို့ ယောဂလေ့ ကျင့်ခြင်းဟာ စိတ်တည်ငြိမ်မှုကိုပါရစေမှာပါ။

READ
သင်နဲ့အသက်ကွာလွန်းတဲ့သူကို ချစ်သူအဖြစ်ရွေးမယ်ဆိုရင် သိထားသင့်တဲ့အချက် (၅)ချက်

စိတ်ပျော်ရွှင်စေ

Image:IG/joja

ယောဂလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ကျ စေပါတယ်။ ဒါ့အပြင် ပုံမှန်ပြုလုပ်ပေးခြင်းက စိတ်ပျော်ရွှင်စေပါတယ်။ ယောဂ လေ့ကျင့်ရင် ခန္ဓာကိုယ်မှာရှိတဲ့ Happiness Hormone လို့ လူသိများတဲ့ Serotonin levels ကို မြင့် တက်စေပါတယ်။

အာရုံစိုက်မှု အားကောင်းစေ

Image:IG/bohobeautifullife

ယောဂ Pose နဲ့ တရားထိုင်တာ မျိုးမှာဆိုရင် အသက်ရှူသွင်း၊ ရှူထုတ်ကအရေးကြီးပါတယ်။ ရှူသွင်း၊ ရှူထုတ်က စိတ်ကို တည်ငြိမ်၊ အေးချမ်းစေပါတယ်။ စိတ်အေးချမ်းမှုကို အများကြီးအထောက်အကူဖြစ်စေတဲ့အတွက် မှတ်ဥာဏ် အားေ ကာင်း၊ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။

အသက်ရှည်ကျန်းမာစေ

Image:IG/ashleygalvinyoga

ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ နှလုံး၊အဆုတ်၊ ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုကို အားကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ယောဂပုံမှန်လုပ်ခြင်းက နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုတွေကို လျော့ချပေးနိုင်ပါတယ်။

READ
‌အစားအစာတွေထဲမှာ သစ်ကြံပိုးခေါက် ထည့်စားပေးခြင်းရဲ့ အံ့မခန်း အကျိုးကျေးဇူးများ

အရွယ်တင်နုပျိုစေ

မကြာသေးမီက လေ့လာ တွေ့ရှိချက် တစ်ခုမှာ ဒီ အချက်ကို ထည့်သွင်း ဖော်ပြ ထားတာပါ။ယော ဂ လေ့ကျင့်ခန်း နဲ့ တရားထိုင်ခြင်းက အရွယ် မတိုင်ခင် အို မင်းရင့်ရော် မှုတွေကို ကာကွယ်တားဆီးပေး နိုင်ပါတယ်။ပုံမှန် ပြုလုပ်ပေးမယ် ဆိုရင်တော့ အရွယ်တင် နုပျို စေနိုင်ပါတယ်။

sponsored