အချို ကြိုက်လွန်းသူတွေ ရင်ဆိုင်ရမယ့် ကျန်းမာရေး ပြဿနာများ

bilahata/Freepik
Sponsored

လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ စားစရာတွေ ရှိနေပါတယ်။ တစ်ချို့ကတော့ သတ်သတ်မှတ်မှတ် တစ်ခုကို ကြိုက်တာ မဟုတ်ဘဲ ချိုတဲ့အရာတွေ မှန်သမျှ ကြိုက်ကြတာမျိုး ဖြစ်ပါတယ်။ သူတို့တွေ ချိုနေပုံပေါက်နေတာနဲ့ကို စားချင်နေတတ်ကြတာ ဖြစ်ပြီး အချိုတွေကို လွန်ကဲစွာ စားသုံးမိတတ်ပါတယ်။ အများစုကတော့ ကလေးတွေ ဖြစ်ပြီး လူကြီး ဖြစ်လာတဲ့အခါ အချိုကြိုက်တာ ပျောက်သွားတတ်ပါတယ်။ တစ်ချို့ကတော့ အချိုကြိုက်မြဲ ကြိုက်ဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် အချိုကြိုက်သူတွေက အန္တရာယ် များပါတယ်။ ကျန်းမာရေးကို ထိခိုက်တဲ့ အခုလို လက္ခဏာတွေလည်း အချိုစားသူတွေမှာ ဖြစ်တတ်ပါတယ်။

(၁) ကိုယ်အလေးချိန် တက်မယ်

Sponsored

အချိုကြိုက်သူတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ကယ်လိုရီထက် ပိုပြီး ကယ်လိုရီများများကို စားသုံးမိနေတတ်ပါတယ်။ ဒီလိုမျိုး ကယ်လိုရီတွေ ပိုရင်းနဲ့ ဝိတ်တွေလည်း တက်ပြီးရင်း တက် ဖြစ်နေမှာပါနော်။ ဒါကြောင့် ဝိတ်မတက်ချင်ရင်တော့ သကြားဓာတ် ပါဝင်တဲ့ အဖျော်ယမကာတွေနဲ့ အစားအသောက်တွေကို ရှောင်ရမှာ ဖြစ်ပါတယ်။

READ
မွှေးကြိုင်ပြီး အရမ်းကို စားလို့ကောင်းတဲ့ ကြက်ပင်စိမ်းအစပ်ချက်နည်း
kristina_igumnova/Freepik

(၂) နှလုံး ရောဂါ ဖြစ်နိုင်ချေ များတယ်

အချိုလွန်ကဲစွာ စားသုံးတဲ့သူတွေက သွေးတွင်း သကြားဓာတ်ကို မြင့်စေပြီး နှလုံးရောဂါတွေကို ဖြစ်ပွားတတ်ကြပါတယ်။ သကြားစားတဲ့ များလေ ကယ်လိုရီတွေ တက်လေ ဖြစ်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း မြင့်တက်လာစေပါတယ်။

Freepik.com

(၃) ကင်ဆာဖြစ်နိုင်ချေလည်း မြင့်စေတယ်

သကြားဓာတ်တွေ များတဲ့ အစားအသောက်တွေနဲ့ အဖျော်ယမကာတွေက အင်ဆူလင်တိုးစေသလို ရောင်ရမ်းမှုတွေကို ပိုဖြစ်စေတတ်ပါတယ်။ ဒီအခြေအနေတွေက ကင်ဆာဖြစ်ဖို့ကို ဦးတည်စေပါတယ်။ ကင်ဆာနဲ့ သကြားဓာတ်တို့ရဲ့ ရှုပ်ထွေးတဲ့ ပတ်သတ်မှုကြောင့် သုတေသနတွေတောင် ပြုလုပ်ထားကြပါတယ်။

jcomp/Freepik

(၄) စိတ်ကျဝေဒနာ ခံစားရနိုင်တယ်

အချိုတွေ အစားများတဲ့သူက အချိုအစားနည်းတဲ့သူတွေထက် ပိုပြီး စိတ်ကျဝေဒနာကို ခံစားရတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ သကြားဓာတ်လွန်ကဲမှုကနေ ဆက်စပ်ပြီး စိတ်ကျန်းမာရေးကိုပါ သွားထိတဲ့ သဘော ဖြစ်ပါတယ်။

READ
အင်ဒိုနီးရှားမှာ နာမည်ကြီးနေတဲ့ မီးသွေးခဲ ကော်ဖီ
Photo by Engin Akyurt from Pexels

(၅) ဆီးချို သွေးချို ဖြစ်နိုင်တယ်

အချိုစားများတာက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပါတယ်။ အစပိုင်းမှာ မသိသာပေမယ့် အချိုစားတာ များလေလေ ဆီးချိုသွေချို ဖြစ်နိုင်ချေ မျာြး့ပီး ဆီးချိုသွေးချိုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿာနာတွေကိုတောင် ဖြစ်စေပါသေးတယ်။

(၆) သွားတွေကို မကျန်းမာဖြစ်စေတယ်

အချိုတွေ အစားများတဲ့အခါ သွားကျန်းမာရေးကို ထိခိုက်လာမှာပါ။ သွားပိုးစားတာကို ဖြစ်စေတဲ့ အက်စစ်ဓာတ်တွေကို တိုးများလာအောင် စားလိုက်တဲ့ သကြားတွေက ပြုလုပ်တတ်လို့ သွားအခေါင်းပေါက်တွေလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

Kham

 

sponsored