Cheese ကို မကြိုက်တဲ့လူ ဘယ်သူမှရှိမှာမဟုတ်ပါဘူးနော်။ ဟမ်ဘာဂါနဲ့ပဲစားမလား၊ ဆန်းဒဝှစ်ထဲပဲညှပ်စားမလား၊ ပီဇာလား၊ အာလူးကြော်ပေါ် စမ်းစားမလား ဒါမှမဟုတ် spicy noodle ပေါ်ပဲ အပြားလိုက်လေး တင်စားမလား။ မြန်မာမှာတောင် ဒိန်ခဲဟင်းဆိုပြီး ခရမ်းချဉ်သီးလေးနဲ့ နှပ်ချက်စားကြတယ်မဟုတ်လား။ ဒါမှမဟုတ် cheese ချည်းကိုပဲ ဒီအတိုင်း စားမလား။ ဘယ်လိုစားစား တင့်တယ်တဲ့အစားအသောက်ထဲ cheese ကတော့ ထိပ်ဆုံးမှာပါပဲနော်။
ဒါပေမဲ့ cheese ဟာ တခြားသော အစားအစာတွေထက် ပြည့်ဝဆီနဲ့ဆိုဒီယမ်မြင့်မားစွာ ပါဝင်မှုတို့ကြောင့် လူတော်တ်ာများများက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ မှတ်ထင်ထားကြပါတယ်။ တကယ်တော့ cheese ဟာ စားရတာ အရသာရှိသလောက်ဟာရ လည်းဖြစ်စေပါတယ်။ ကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ဓာတ်သတ္တုတွေကိုလည်းပေးပါတယ်တဲ့။ ပညာရှင်တို့ပြောကြတဲ့ cheese အမျိုးအစားအလိုက် ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာတွေကို Good Housekeeping မှ ကောက်နုတ်ပြီး အခုလိုပဲဝေမျှပေးလိုက်ပါတယ်။
(၁) Mozzarella Cheese

Mozzarella Cheese ဟာ နူးညံ့ပြီးဆိုဒီယမ်နည်းပါးတဲ့ချိစ်တစ်မျိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်ရဲ့အရိုး တည်ဆောက်ခြင်းဓာတ်သတ္တုရဲ့အဓိကအရင်းအမြစ်ဖြစ်ပြီး Mozzarella Cheese တစ်အောင်စကို ပရိုတင်းဓာတ် (၈) ဂရမ်ရရှိပါတယ်။ Mozzarella Cheese ကိုအသားညှပ်ပေါင်မုန့်၊ ကြက်ဥခေါက်ကြော်တွေမှာ ထည့်သွင်း စားသုံးနိုင်လို အရသာရှိတဲ့ caprese salad ဖြစ်ဖို့ သံလွင်ဆီ အနည်းငယ်နဲ့ လတ်ဆတ်တဲ့ပင်စိမ်း ၊ ခရမ်းချဉ်သီး တို့နဲ့အတူတွဲဖက်စားသုံးနိုင်ပါတယ်။
(၂) Swiss Cheese

နွားနို့ကနေလုပ်ထားတဲ့ ချိစ်တစ်မျိုးဖြစ်ပြီး အဆီနဲ့ဆိုဒီယမ်နည်းတဲ့ချိစ်ကိုရှာဖွေနေတဲ့သူတွေအတွက် ရွေးချယ်စရာ တစ်ခုလည်းဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်ကတော့ ကွဲပြားမှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုဒီယမ်နည်းတာကိုလိုချင် တယ်ဆိုရင်တော့ ဒီ Swiss Cheese ကိုရွေးချယ်စားသုံးသင့်ပါတယ်။ ဒီချိစ်ဟာ အခြားချိစ်တွေထက် ဗီတာမင် B12 ရှိပြီး ကြွက်သားနဲ့အာရုံကြောအတွက် စားသုံးသင့်တဲ့ ချိစ်တစ်မျိုးလည်းဖြစ်ပါတယ်။ Swiss Cheese တစ်ချပ်စီတိုင်းမှာ ကယ်လိုရီ(၁၀၀)၀န်းကျင်ပါရှိတာကြောင့် ဒီချိစ်ကိုစားမယ်ဆိုရင် နေ့ခင်းဘက်သာအကောင်းဆုံး ဖြစ်ပါတယ်။
(၃) Parmesan Cheese

Parmesan ချိစ်ဟာ ကယ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ Parmesan ချိစ်ဟာ အဆီနည်းပြီး ပရိုတင်းဓာတ်ပိုမိုများပြားစွာပါဝင်ပါတယ်။ Parmesan Cheese မှာပါဝင်တဲ့နို့သကြားကြောင့် အိုမင်းမှုကိုသိသိသာသာလျော့နည်းစေပါတယ်။
(၄) Bleu Cheese

Bleu cheese ဟာ ဆိုဒီယမ်မြင့်မားပေမယ့်လည်း အရိုးကျန်းမာရေးအတွက် စားသုံးသင့်ပါတယ်။ အခြားချိစ်တွေ ထက်လည်း ကယ်လ်ဆီယမ်များပြားစွာပါဝင်ပါတယ်။ Parmesan ချိစ်လိုပဲ အဆီနည်းပြီး ပရိုတင်းဓာတ်ပိုမို များပြားစွာပါဝင်ပါတယ်။ အသုပ်တွေ၊ ဟင်းချိုတွေ၊ ဒါမှမဟုတ် အိမ်လုပ်စားသောက်ဖွယ်ရာတွေမှာလည်း အနည်း ငယ်ထည့်ပြီးစားသုံးနိုင်ပါတယ်။
(၅) Cottage Cheese (မလိုင်ထားပြီးသား ဒိန်ခဲပျော့)

Cottage Cheese ဟာ အခြားချိစ်တွေထက် ပရိုတင်းဓာတ်ပိုမိုများပြားစွာပါဝင်ပါတယ်။ အစားအစာတွေ၊ မုန့်တွေနဲ့အတူ တွဲဖက်ပြီးစားသုံးသင့်တဲ့ချိစ်လည်းဖြစ်ပါတယ်။ ဆယ်လီနီယမ်လည်းပါဝင်တာကြောင့် နာတာရှည် ရောင်ရမ်းခြင်းရဲ့အန္တရာယ်ကိုလျှော့ချပေး အစားအစာတစ်ခုလည်းဖြစ်ပါတယ်။
(၆) Ricotta Cheese

Ricotta Cheese ဟာ နွား၊ ဆိတ်၊ သိုး ဒါမှမဟုတ် ကျွဲကနေရတဲ့နို့ကထုတ်လုပ်ထားတဲ့ အီတလီချိစ်တစ်မျိုးဖြစ်ပြီး ဒိန်ရည်အများဆုံးပါဝင်ပြီး အသားဓာတ်ဖြစ်စေတဲ့ အမီနိုအက်စစ်လည်းပါဝင်ပါတယ်။ ဒိန်ရည်ဟာ ကြွက်သားကြီး ထွားမှုကိုမြင့်တက်စေပြီး ကိုယ်အလေးချိန်နဲ့နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။
(၇) Goat Cheese(ဆိတ်နို့ကထုတ်တဲ့ချိစ်)

Goat Cheese ဟာ နွားနို့မှလုပ်တဲ့ချိစ်ထက် အစာကြေဖို့ပိုမိုလွယ်ကူစေပါတယ်။ Goat Cheese ကို အသုပ်တွေမှာထည့်ပြီးစားလို့ရသလို fruit with a drizzle of honey ပေါင်မုန့်ပြားပေါ်တင်ပြီးစားလည်းစား လို့ရပါတယ်။
Thae Su