ကျန်းမာရေးကို ကောင်းမွန်စေပေမယ့် အလွန်အကျွံမစားသင့်တဲ့ အစားအစာ (၄) မျိုး

shutterstock/Tom Wang
Sponsored

တစ်ချို့အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းမွန်စေပေမယ့်လို့ အလွန်အကျွံစားမိတဲ့အခါမှာ မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို ဘယ်ဟာပဲဖြစ်ဖြစ် အတန်ပဲကောင်းပြီး အလွန်ဖြစ်သွားခဲ့ရင်တော့ ဘေးဥပါဒ်ဖြစ်စေတာပါပဲ။ ဒီအစားအစာတွေက ကျန်းမာရေးကို ကောင်းမွန်စေပေမယ့် အလွန်အကျွံစားမိတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။

မုန်လာဥနီ

shutterstock/Josep Suria

မုန်လာဥနီမှာ beta-carotene ဓာတ်ပါဝင်ပြီး အဲဒီ့ဓာတ်က ခန္ဓာကိုယ်ရဲ့ vitamin A အဖြစ်ပြောင်းလဲပေးပါတယ်။ Vitamin A ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဖြစ်ပေမယ့်လို့ ခန္ဓာကိုယ်မှာ beta-carotene ဓာတ်များလွန်းအားကြီးရင် carotenemia ဆိုတဲ့ အရေပြားအဝါရောင်ဖြစ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါက ကြီးကြီးမားမား စိုးရိမ်စရာတော့ မရှိပါဘူး။

ရေ

Sponsored

လူတစ်ယောက်မှာ ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများသောက်ခိုင်းတာတွေ ကြားဖူးကြမှာပါ။ ရေက ခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်လုပ်နိုင်ဖို့ကို ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့်လို့ ရေဓာတ်အရမ်းများတဲ့အခါ sodium level မြင့်တက်လာပြီး အဆုတ်က လက်မခံနိုင်ဖြစ်တတ်ပါတယ်။ နောက်ပြီး ဦးနှောက်မှာ ရေတွေစုပြုံလာတတ်ပြီးတော့ ရောင်ရမ်းခြင်းနဲ့ ဆွဲဆန့်နိုင်စွမ်း မရှိခြင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ လူတစ်ယောက်မှာ ရေဓာတ်များလွန်းတယ်ဆိုတာကတော့ တွေ့ရခဲတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ရေဓာတ်မလုံလောက်မှုကိုပဲ အဖြစ်များတာ တွေ့ရပါတယ်။

READ
တစ်ချို့အပျိုတွေ အိမ်ထောင်သည်ယောကျာ်းတွေကိုမှ ဘာကြောင့် စွဲလန်းတတ်တာလဲ ....

ထောပတ်သီး

shutterstock/ Africa Studio

ထောပတ်သီးမှာ အမျှင်ဓာတ်မြင့်မားနဲ့ vitamin တွေများစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့ cholesterol တွေကို ဖယ်ရှားပေးပါတယ်။ နောက်ပြီး မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ် ဒါပေမယ့်လို့ အဆီတွေကတော့ ကျန်ရှိနေတတ်ပါသေးတယ်။ ထောပတ်သီးတစ်လုံးမှာ calories 240 အထိပါဝင်ပြီး 10% ကနေ 20% အထိ လူရဲ့ခန္ဓာကိုယ်မှာ ကျန်ရှိနေတတ်ပါတယ်။ ထောပတ်သီးတွေအများကြီးခြင်းက သွေးကြောမှာ အဆီပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ထောပတ်သီး တစ်လုံး သို့ တစ်ဝက်ခန့်သာ စားသင့်ပါတယ်။

ပင်လယ်ရေမှော် သို့ ရေညှိ

ကိုးရီးယားအစားအစာတစ်ခုအဖြစ် လူသိများကြတဲ့ ပင်လယ်ရေမှော်ပင် သို့ ရေညှိမှာ vitamin B12 ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျစေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အရမ်းကောင်းမွန်တဲ့ super food အစားအစာဖြစ်ပါတယ်။ ဒါပေမယ့် iodine ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် အလွန်အကျွံစားမိတဲ့အခါ လည်ပင်းနဲ့သက်ဆိုင်တဲ့ ရောဂါကိုဖြစ်ပေါ်စေပါတယ်။

READ
အိပ်စက်ချိန်မှာ သင့်ဆီကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ ဒီ (၇)ချက်ကို လိုက်နာလိုက်ပါ

Khin

sponsored