အမျိုးသမီးတွေမှာပဲ တွေ့နိုင်မယ့် နှလုံးရောဂါနဲ့ ပတ်သတ်တဲ့ လက္ခဏာရပ်(၆) ခု

Freepik- freepik
Sponsored

နှလုံးရောဂါဆိုတာ ကျား၊ မမရွေး အသက်အရွယ်မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးတွေအတွက် သီးသန့် နှလုံးရောဂါနဲ့ ပတ်သက်တဲ့လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့..

(၁) ခန္ဓာကိုယ်အနှံ့နာကျင်မှုတွေ

Sponsored

ကျောဖက်၊ လည်ပင်းနဲ့ဂုတ်၊ မေးရိုးတစ်လျှောက်အပြင် လက်မောင်းနှစ်ဖက်မှာပါ ရုတ်တရက်စူးစူးဝါးဝါးနာကျင်ခံစားလာရပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် ညအိပ်နေရင်း နာလာလို့ လန့်နိုးတာမျိုးတောင်ရှိတတ်ပါတယ်။ ဒီလိုဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်နေပါပြီ။

Freepik- freepik

(၂) ဗိုက်မကောင်းတာမျိုး

အစာအဆိပ်သင့်သလိုလို၊ အပူအစပ်စားတာများလို့ ဗိုက်အောင့်သလို ဖြစ်နေပေမယ့်လို့ ဗိုက်တစ်ဝှက်မှာ ဖိအားကြီးတစ်ခုလို ခံစားနေရပြီးတော့ ခပ်စူးစူးအောင့်နေမယ်ဆိုရင် အစာအိမ်အချဉ်ပေါက်နေတာ ဖြစ်နိုင်သလို နှလုံးရောဂါလည်းဖြစ်နိုင်တဲ့အွေက်ကြောင့် မပေါ့သင့်ပါဘူး။ အမြန်ဆုံး သွားရောက်စစ်ဆေးပါ။

(၃) ချွေးစေထွက်တာ

ပူလို့ချွေးထွက်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းပြီး ခြေဖျား၊ လက်ဖျားနဲ့ ဆံစပ်နဲ့ ဂုတ်ဖက်တွေမှာ ချွေးစေးတွေ ထွက်နေမ်ဆိုရင် နှလုံးမှာ ဖိအားတစ်ခုခုရှိနေပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်က လက္ခဏာပြတာပါ။

READ
"Crash Landing on You" ပရိသတ်တိုင်း ကြွေနေကြတဲ့ မြောက်ပိုင်းတပ်သားလေး
Freepik- freepik

(၄) လေမစပ်တာ

လှုပ်လှုပ်ရှားရှားလေး ဘာမဟုတ်တာလုပ်လိုက်ရင်ကို မောလာပြီး လေမစပ်ချင်တော့သလို ဖြစ်နေမယ်ဆိုရင် သင့်နှလုံးဟာ အားနည်းနေပြီဆိုတာ အသေချာပါပဲ။

(၅) မူးဝေခြင်း

အကြာကြီးလည်း အနားယူတယ်၊ အိပ်လည်းအိပ်ထားတယ်၊ ပင်ပင်ပမ်းပမ်းလည်း ဘာမှမလုပ်ထားဘဲနဲ့တောင်မှပဲ သင်ဟာ မောပမ်းနွမ်းလျနေမယ်ဆိုရင် သင့်ရဲ့နှလုံးသွေးကြောမှာ ပြဿနာဖြစ်နေနိုင်တဲ့အတွက် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါလို့ အကြံပေးချင်ပါတယ်။

Freepik- freepik

(၆) နှလုံးအောင့်ခြင်း

တစ်ခါတစ်လေ စိတ်ဖိဆီးမှုကြောင့် ဒါမှမဟုတ် အထိုင်အထတွေမှာ လေညပ်သွားလို့ ရင်ဘတ်အောင့်တတ်ပေမယ့်လို့ နှလုံးဖက်က ပူပြီးစူးစူးဝါးဝါး အဆက်မပြတ်အောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ နှလုံးမှာ ပြဿနာရှိနေတယ်၊ heart attack ဖြစ်ဖို့ အခြေအနေများနေပြီဆိုတာ သိထားသင့်ပါတယ်။ မပေါ့ပါနဲ့။

penny

sponsored