လိင်တူချစ်သူအဖြစ်သရုပ်ဆောင်ထားတဲ့ Crazy Rich Asian မင်းသား ရဲ့ ရုပ်ရှင်သစ်

Instagram by HENRYGOLDING
Sponsored

Crazy Rich Asians တို့ Last Christmas တို့ နဲ့ပရိတ်သတ်တွေရဲ့ ရင်ထဲကိုတစ်ဖန်ပြန်ရောက်လာခဲ့တဲ့ မလေးရှားမင်းသား Henry Golding ကို အားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။ ခန့်ညားလှတဲ့ ရပ်ရည်၊ ယောက်ျားပီသလှတဲ အရပ်အမောင်းနဲ့ Henry Golding ဟာ တစ်ခါမှ သရုပ်မဆောင်ခဲ့ဖူးတဲ့ ဇာတ်ကောင်မျိုးနဲ့ ရုပ်ရှင်သစ်တစ်ကားမှာ ပါဝင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Henry Golding (@henrygolding) on

Sponsored

ရုပ်ရှင်အသစ်ဆိုပေမယ်လို့ ၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက KarIovy Vary International Film Festival မှာ အစမ်းပြသခဲ့ပြီးပါပြီ။

READ
အိမ်အထိ လာနှောင့်ယှက်နေတဲ့ ပရိသတ်အချို့ကို သတိပေးလိုက်တဲ့ Kai

 

 

View this post on Instagram

 

A post shared by Henry Golding (@henrygolding) on

Moonsoon လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ထဲမှာ Henry Golding ဟာ Kit ဆိုတဲ့ ဗီယက်နမ်-ဗြိတိသျှကပြားအဖြစ် သရုပ်ဆောင်ရမှာပါ။ သူဟာ မိသားစုနဲ့အတူတူ ဗီယက်နမ်စစ်ပွဲပြီးတော့ နိုင်ငံခြားကို ပြောင်းသွားခဲ့ပြီး အနှစ် ၃၀ ကြာကာမှ ပြန်ရောက်လာခဲ့တဲ့ လူငယ်တစ်ယောက်ပေါ့။ နောက် ဟိုချီမင်းမှာပဲ ချစ်ရသူနဲ့တွေ့ဆုံခဲ့ပြီး သူတို့ကြားက အဖြစ်အပျက်တွေအပြင် migrant တစ်ယောက်ရဲ့ ခံစားချက်တွေကို ဒရာမာဆန်ဆန် လက်တွေ့ကျကျပုံဖော်ရိုက်ကူးထားတာပါ။

 

View this post on Instagram

 

A post shared by Henry Golding (@henrygolding) on

ဒါဟာ သူ့ရဲ့ ပမထဆုံးသော LGBTQ+ ဇာတ်ကောင်ဖြစ်လည်းဖြစ်တယ်လို့ Next Shark မှာ ဖော်ပြထားပါတယ်။ ဒါကို သူ့ရဲ့ပရိသတ်သတ်တွေတော်တော်များများက စိုးရိမ်ကြတယ်ပေါ့နော်။ ယောက်ျားချင်း ချစ်ကြိုက်ခန်းတွေကို ဘယ်လိုသရုပ်ဆောင်မလဲဆိုပြီး။ ဒါပေမဲ့ Henry Golding ကတော့ ဒါဟာ အလုပ်သက်သက်သာဖြစ်ပြီးတော့ တကယ်တမ်းကြည့်မယ်ဆိုရင်လည်း လူလူချင်း ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတရားတွေပဲဖြစ်တာကြောင့် ဘာမှမသက်မဆိုင်ပါဘူးလို့ပြောခဲ့ပါတယ်။

READ
(၂၀၁၈)မှာ ထွက်ရှိမယ့် ထိုင်းဒရမ်မာဇာတ်ကားများ

ဒါကတော့ Moonsoon ရဲ့ trailer လေးပါပဲ။ ထုတ်လွှင့်မှုကိုတော့ UK မှာ စက်တင်ဘာလ ၂၅ ရက်နေ့မျာ ပြသွားမယ်လို့ သိရပါတယ်။

penny

sponsored