သင့်ရင်သားပုံစံက ဘယ်အမျိုးအစားလဲ ? ၀တ်သင့်တဲ့ ဘရာ ပုံစံက ဘယ်လိုမျိုးလဲ ?

Sponsored

တချို့ပျိုမေတွေက သူတို့ရင်သားပုံစံနဲ့ ၀တ်နေတဲ့ ဘရာပုံစံတွေက လုံးဝကွဲနေတာကို တွေ့ရတယ်။ ဒါကြောင့် အောက်ကပုံတွေနဲ့ သင့်ရင်သားပုံစံကို ရှာကြည့်ပြီး ၀တ်သင့်တဲ့ ဘရာပုံစံကို ရွေးလိုက်ပါနော်။ 

(၁) “Round” ပုံစံ

Sponsored

သင့်ရင်သားက “Round” ပုံစံလိုမျိုး ပြည့်ပြည့်တင်းတင်း ၊ လုံးလုံးမောက်မောက်ဖြစ်နေတယ်ဆိုရင် အုံပါတဲ့ဘရာတွေကို ၀တ်စရာမလိုပါဘူး။ ဒီပုံစံကိုပိုင်ဆိုင်ထားရတဲ့ ပျိုမေတွေကတော့ ရင်သားကို ပုံသွင်းစရာမလိုတော့လို့ ကံကောင်းပါတယ်။

(၂) “East west” ပုံစံ

သင့်ရင်သားထိပ်ပုံစံက ဆန့်ကျင်ဘက်ဖြစ်နေပြီး တစ်ခုနဲ့တစ်ခု ဝေးနေတယ်ဆိုရင် “East west” ပုံစံမျိုးပါ။ ပုံထဲကအတိုင်း “East west” ပုံစံမျိုးဆိုရင်တော့ “T -shirt Bra” မျိုးကို ၀တ်သင့်ပါတယ်။ ဘာလို့လဲဆိုရင် ရင်သားနှစ်ဖက်စလုံးကို ပုံသွင်းရာလည်းရောက်လို့ပါ။

T shirt Bra

(၃) “Side set” ပုံစံ

သင့်ရင်သား နှစ်ဖက်စလုံးရဲ့ကြားမှာ နေရာတော်တော်ကျယ်နေရင် “Side set” ပုံစံ ပဲဖြစ်ပါတယ်။ “Side set” ပုံစံကတော့ “East west” ပုံစံမျိုးနဲ့ ဆင်ပြီး၊  ပြည့်တာနဲ့ မပြည့်တာပဲကွာပါတယ်။ ဒါကြောင့် “Plunge bra” လိုမျိုးကို ၀တ်သင့်ပါတယ်။ 

READ
ပွေတယ်လို့ထင်ရပေမယ့် အချစ်ဆိုတာကိုသေချာမကြုံဖူးသေးတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ
Plunge Bra

(၄) “Tear drop” ပုံစံ 

“Tear drop” ရင်သားပုံစံကတော့ လုံးတယ် ၊ ဒါပေမယ့် ထိပ်ထိကို မမောက်နေဘူး။ “Tear drop” ရင်သားပုံစံကို ပိုင်ဆိုင်ထားတဲ့ ပျိုမေကတော့ ကံကောင်းပါတယ်။ ဒီရင်သားပုံစံမျိုးက ဘယ်လို ဘရာအမျိုးအစားနဲ့မဆိုလိုက်ပါတယ်။

(၅) “Slender” ပုံစံ 

“Slender” ရင်သားပုံစံကတော့ ရင်သားသေးတဲ့ထဲမှာပါပေမယ့် အပေါ်မှာပြားပြီး အောက်မှာပြည့်တဲ့ ပုံစံမျိုးပါ။ “Slender” ရင်သားပုံစံက cup size သေးတဲ့အထဲမှာလည်းပါလို့ Plunge Bra မျိုးကို အောက် အပင့် ပါတာမျိုးဝတ်ပေးသင့်တယ်။ ဘရာအောက်မှာ အပင့်ပါမှ “Slender” ရင်သားပုံစံမျိုးကို ပင့်တင်နိုင်မှာပါ။

(၆) “Asymmetric” ပုံစံ

သင့်ရင်သားက တစ်ဖက်နဲ့တစ်ဖက်ဆိုဒ်ချင်းမတူဘူးဆိုရင် “Asymmetric” ရင်သားပုံစံမျိုးပါ။ ရင်သားတစ်ဖက်နဲ့တစ်ဖက်က ဆိုဒ်ချင်းအရမ်းကွာတာမျိုးမဟုတ်ပါဘူး။ ဘရာကိုတော့ အောက်အပင့် (ဖြုတ်လို့တက်လို့ရတဲ့ပုံစံမျိုး) နဲ့ဝတ်ပေးသင့်တယ်။

READ
ကလိန်ကကျစ်ဥာဏ်များတဲ့ မိန်းမလည်သိန်းကြွယ်တွေရဲ့ အမူအကျင့် (၅) မျိုး

(၇) “Bell shape” ပုံစံ 

“Bell shape” ရင်သားပုံစံ က “Slender” ရင်သားပုံစံနဲ့တူပါတယ်။ ဒါပေမယ့် “Bell shape” ရင်သားပုံစံက နည်းနည်းပိုကြီးပါတယ်။ ဘရာကိုတော့ အောက်အပင့်ပါတာမျိုးမ၀တ်ပါနဲ့။ ဒီလိုရင်သားပုံစံမျိုးနဲ့ ဘရာအောက်အပင့်ကို ၀တ်လိုက်ရင် လျှံထွက်သလိုမျိုး မောက်မောက်ကြီးဖြစ်သွားတတ်ပါတယ်။

(၈) “Athletic” ပုံစံ

“Athletic” ရင်သားပုံစံကတော့ ကျယ်ပြီး ကပ်တယ်။ ဒီလိုရင်သားပုံစံမျိုးမှာ ပိုကျယ်ရင် “wireless bra” မျိုးကိုဝတ်သင့်ပါတယ်။

(၉) “Relaxed” ပုံစံ 

“Relaxed” ရင်သားပုံစံမျိုးကတော့ ရင်သားထဲက တစ်ရှူးတွေ မရှိတော့လို့ ရင်သားထိပ်လေးက အောက်ဆိုက်ကျနေတာပဲဖြစ်တယ်။ ဘရာကိုတော့ “T-shirt bra” နဲ့ “push-up bra” မျိုးကို ၀တ်သင့်ပါတယ်။

source : thesun

Hannwe Soe (Auntymay)
sponsored