Hero Fiennes Tiffin အကြောင်း သင်ဘယ်လိုမှမသိနိုင်တဲ့ အကြောင်းအရာများ

instagram @HARDIN_SCOTT
Sponsored

Hero Finnes Tiffin လို့ဆိုလိုက်တာနဲ့ ပျိုမေတွေကတော့ After ဇာတ်ကားကို တမ်းမြင်မိကြမှာပါပဲ။ Highschool love drama ကားတစ်ကားဖြစ်ပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ ဖြူစင်တဲ့အခြမ်းနဲ့ လိုချင်တပ်မက်တတ်တဲ့အခြမ်းတို့ကို ပနံသင့်အောင် ရိုက်ပြထားတဲ့အကွက်တွေကို After မှာ တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပျိုမေတို့ကတော့ ဒီဇာတ်ကားထက် မင်းသားလေး Hero အကြောင်းကို ပိုပြီး စိတ်ဝင်စားနေကြမှာပါ။ ဒီတော့ Hero ဆိုတာ ဘယ်သူလဲကစလို့ သူ့ရဲ့လူတွေသိပ်မသိကြသေးတဲ့ အကြောင်းအရာလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

View this post on Instagram

 

A post shared by Hardin Scott (@hardin_scott) on

Sponsored

သူ့နာမည်အရင်းကတော့ Hero Finnes Tiffin ပါ။ After ထဲမှာတော့ Hardin Scott အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပေမယ့်လို့ After ကျမှ ခေါင်းဆောင်မင်းသားအဖြစ် ပီပီပြင်ပြင် ရိုက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Hardin Scott (@hardin_scott) on

Hero ဟာ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် အသက် ၂၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာဟာ တစ်မျိုးတစ်မည်ထူးခြားပြီးတော့ မိုက်ကမ်းကမ်းအကြည့်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထးရုံတင်မကဘဲနဲ့ သူ့ရဲ့အရပ်ကြီးဟာလည်း ၆ ပေနဲ့ ၃ လက်မတောင်ရှိနေတာပါတဲ့။

READ
အဆင့်အတန်းရှိတဲ့ အမျိုးသမီးတွေ ဘယ်လိုအချိန်မှာမဆို လိုက်နာတတ်တဲ့ အချက် (၅) ချက်

ဗြိတိန်လူမျိုးဖြစ်ပြီးတော့ လန်ဒန်မှာမွေးပြီး လန်ဒန်မှာပဲ ကြီးပြင်းလာခဲ့သူလေးပါ။

နောက်လူတွေသိပ်မသိကြတဲ့တစ်ချက်ကတော့ Hero ဟာ Harry Potter မှာလည်း ပါခဲ့ဖူးတယ်ဆိုတာပါပဲ။ ဘာလဲဆိုတော့ Tom Riddle ငယ်ငယ်တုန်းက ပုံရိပ်လေးပါပဲ။ အဲဒီအတုန်းက ၁၁ နှစ်ပဲရှိဦးမှာပါတဲ့။

Harry Potter

သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကတော့ ၂၀၁၉ ခုနှစ်ရဲ့ တိုင်းတာချက်အရမှာပဲ ဒေါ်လာ ၅ သိန်းတောင်ရှိနေပါပြီ။

 

 

View this post on Instagram

 

A post shared by Hardin Scott (@hardin_scott) on

penny

sponsored