အကောင်းတကာ့ အကောင်းဆုံး EQ Skills တွေ ပိုင်ဆိုင်ထားကြတဲ့ ရာသီခွင် (၆) ခု

svetlanasokolova/Freepik
Sponsored

ကိုယ့်ရဲ့ ရာသီခွင်ကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးလဲဆိုတာမျိုးကို သိနိုင်ပါတယ်။ ကိုယ်တိုင် သတိမထားမိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း ရာသီခွင်တွေကို ကြည့်ပြီး သိရနိုင်ပါသေးတယ်။ စိတ်ခံစားချက်တွေကို ထိန်းညှိတဲ့ နေရာမှာလည်း ကောင်းမွန်ပြီး EQ Skills အရမ်းကို ကောင်းတဲ့သူတွေကိုတော့ ဒီရာသီခွင်ဖွားတွေမှာ တွေ့ရနိုင်ပါတယ်။

Cancer

Sponsored

ဒီရာသီခွင်ဖွားလေးတွေနဲ့ တွေ့ဖူးသူတိုင်း စကားပြောလို့ ကောင်းတယ်လို့ သတ်မှတ်မိမှာပါ။ သူတို့တွေက ကူညီတတ်တဲ့သူတွေ ဖြစ်ပြီး တခြားသူတွေကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်တတ်ကြပါဘူး။ ဒါကြောင့် သူတို့ကို ယုံကြည်ရတဲ့သူတွေလို့ သတ်မှတ်ကြပြီး စိတ်ထဲ ရှိသလို ပြောတာတွေကို သေချာနားထောင်ပေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ ပြဿနာပေါင်းစုံကိုလည်း ဖြေရှင်းရာမှာ အရည်အချင်းတွေ ရှိနေပါသေးတယ်။

gpointstudio/Freepik

Gemini

အလိမ်အညာမရှိတဲ့သူတွေကို ပြမယ်ဆိုရင် Gemini တွေကိုပဲ ပြရမှာပါ။ သူတို့တွေက ခံစားချက်တွေကို မဖုံးကွယ်ထားတတ်ကြပါဘူး။ သူတို့ကိုယ် သူတို့တောင် မလိမ်ချင်တတ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ ပြဿနာတွေကိုလည်း သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းတဲ့နေရာမှာ ကျွမ်းကျင်ကြပါသေးတယ်။ သူတို့ကို နာကျင်အောင် လုပ်တာမျိုးတော့ သည်းခံမထားတတ်သလို စိတ်ထဲ အရှိအတိုင်း ပြန်ပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ တစ်ဖက်လူကို သာသာနဲ့ နာနာ ပြောတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။

READ
မိန်းကလေး အများစု ကိုယ့်ချစ်သူကို မကြာခဏ စိတ်ကောက်တတ်တဲ့ အကြောင်းပြချက်များ
wayhomestudio/Freepik

Leo

အတ္တကြီးတတ်တဲ့ Leo လေးတွေကလည်း ဒီစာရင်းထဲ ပါဝင်နေပါတယ်။ သူတို့က သူတို့ လိုချင်တာအတွက် အစွမ်းကုန် ကြိုးစားတတ်သူတွေ ဖြစ်ပြီး အခြေအနေ အချိန်အခါတွေကို ကောင်းကောင်း ချိန်ညှိ အကဲခတ်တတ်ကြပါတယ်။ ဘယ်လိုပဲ ဒုက္ခရောက်နေတယ်ဆိုရင်တောင်မှာ သူတို့အတွက် အကောင်းဆုံး အခြေအနေ ဖြစ်သွားအောင် လုပ်တတ်တာက Leo တွေရဲ့ အရည်အချင်း တစ်ရပ်ပါပဲ။ သူုတို့နဲ့ သက်ဆိုင်တဲ့သူတွေအပေါ်လည်း ကြင်နာတတ်ပါတယ်။

lookstudio/Freepik

Virgo

ခွဲခြမ်းစိတ်ဖြာပြီး တွေးတတ်တဲ့ အရည်အချင်း ရှိနေတဲ့ Virgo တွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကိုလည်း စည်းမျဉ်းထားတတ်ကြပါတယ်။ ဆုံးဖြတ်ချက် မချခင်မှာ သေချာ တွေးတတ်ကြတဲ့သူတွေ ဖြစ်ပြီး သူများတွေကို နားလည်အောင် လုပ်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့ ကြိုးစားသလို သူများတွေကိုလည်း နားလည်ဖို့ ကြိုးစားတတ်တာ သူတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်လေး တစ်ခု ဖြစ်ပါတယ်။

READ
အပြာမင်းသမီးဘ၀ကနေ ရုန်းထနိုင်ခဲ့တဲ့ Shu Qi ရဲ့ အကြောင်း
pressfoto/Freepik

Libra

စိတ်ကို ဖတ်တတ်တဲ့ နေရာမှာ နှစ်ယောက်မရှိအောင် ကျွမ်းကျင်တာကတော့ Libra လေးတွေပဲ ဖြစ်ပါတယ်။ အကဲခတ်တာလည်း မြန်သလို သူတို့ကို စကားတစ်လုံး မပြောရင်တောင်မှ ဘာဖြစ်လဲဆိုတာကို နားလည်တတ်ကြပါသေးတယ်။ ကူညီစရာရှိတာ ကူညီပြီး ဂုဏ်မဖော်တတ်ကြတဲ့သူတွေ ဖြစ်ပြီး တခြားသူ နာကျင်စေမယ့် စကားမျိုး မဖြစ်အောင် သတိထားပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

Pisces

အခြေအနေ အချိန်အခါကို ကွက်တိ ကြည့်တတ်တဲ့သူတွေကတော့ Pisces တွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်အချိန်မှာ ဘာပြောရမလဲဆိုတာကို သိကြပြီး သူငယ်ချင်းကောင်း ပီသသူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေက သူတို့ စိတ်ထဲ ရှိတဲ့သူတွေကိုပဲ ဂရုစိုက်တတ်ပြီး သူတို့ စိတ်ထဲ မရှိရင်တော့ ဘယ်ကပဲလာလာ၊ ဘယ်သူပဲ ဖြစ်ဖြစ် ဂရုမစိုက်တတ်ကြပါဘူး။

Kham

sponsored