ဝက်ခြံအမာရွတ်တွေကို အမြန်ဆုံးပျောက်ကင်းစေမယ့် အိမ်တွင်းပစ္စည်း (၃) မျိုး

Sponsored

ဝက်ခြံတွေက ထွက်နေတဲ့ အချိန်တွေသာ စိတ်ညစ်စရာကောင်းတာမဟုတ်ပဲ ပျောက်သွားတဲ့ အခါမှာလည်း အမာရွတ်တွေက မည်းပြီး ကျန်ခဲ့တဲ့အတွက် အရမ်းကို စိတ်ညစ်စရာကောင်းပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တတ်တဲ့ ပျိုမေတွေအနေနဲ့ ဝက်ခြံတွေကို လက်သည်းနဲ့ဆိတ်တာ၊ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ဖို့ အထူးအရေးကြီးပါတယ်။ ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ ဝက်ခြံအမာရွတ်တွေကို အမြန်ဆုံးပျောက်ကင်းစေမယ့် အိမ်တွင်းပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁) ပျားရည်

Sponsored

ပျားရည်ဟာ ဝက်ခြံအမာရွတ်တွေကို အလျင်အမြန်ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ အိပ်ရာမဝင်ခင်တိုင်းမှာ မျက်နှာကိုသန့်စင်ပြီးတိုင်း ပျားရည်ကို မျက်နှာအနှံ့လိမ်းပြီး အိပ်လိုက်ရုံပါပဲ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဝက်ခြံအမာရွတ်တွေသာမက ဝက်ခြံတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို ခွဲပြီး အထဲကအနှစ်ကိုယူပါ။ အဲဒီ့အနှစ်ကို မျက်နှာအနှံ့ပွတ်လိမ်းလိုက်ပါ။ နာရီဝက်လောက်ထားပြီး ရေဆေးလိုက်ပါ။ တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးရင် သိသာတဲ့ ရလဒ်ကို အမြန်ဆုံးရရှိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးဟာ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေရုံသာမက မျက်နှာလေးကိုကြည်လင်စေပြီး တင်းရင်းလှပစေပါတယ်။

READ
ဝက်ခြံတွေကို အမြစ်ပြတ်တိုက်ထုတ်ချင်တယ်ဆိုရင် ဒီအစားအစာ (၆)မျိုးကို လုံးဝမစားပါနဲ့

(၃) Vitamin E

Vitamin E ဟာ ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။ အသုံးပြုပုံကတော့ မျက်နှာကို ရေနွေးငွေ့အရင်ခံလိုက်ပါ။  ဒါမှ  ပိတ်နေတဲ့ ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်ပါတယ်။ ရေနွေးငွေ့ ၅ မိနစ်လောက်ခံပြီးရင် ခြောက်အောင် သုတ်လိုက်ပါ။ ပြီးရင် Vitamin E ကိုခွဲပြီး ရလာတဲ့ အဆီလေးကို မျက်နှားအနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက် အကြာမှာ မျက်နှာသစ်လိုက်ပါ။ Vitamin E ကိုဆးဆိုင်တွေမှာမေးပြီး ဝယ်လို့ရပါတယ်။

Em Em (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored