ဝက်ခြံဖုတွေကို အမြန်ဆုံး ပျောက်ကင်း သက်သာစေနိုင်တဲ့ အိမ်တွင်းကုထုံးလေးများ

bilahata/Freepik
Sponsored

အလှအပအတွက်တော့ ဝက်ခြံက လုံးဝ အနှောင့်အယှက်တစ်ခုပါပဲ။ မျက်နှာပေါ်မှာ ဝက်ခြံတွေ ထွက်နေတာက သိပ်စိတ်ညစ်စရာ ကောင်းပါတယ်။ ဝက်ခြံတွေ ထွက်တဲ့အခါ မြန်မြန်ပျောက်ကင်းနိုင်ဖို့အတွက်တော့ တစ်ချို့သော အိမ်တွင်းနည်းလမ်းလေးတွေက အသုံးဝင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေ သက်သာစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။

ပျားရည်

Sponsored

ပျားရည်မှာ ဘတ်တီးရီးယားတွေကို ကင်းစေတဲ့ ဓာတ်ပါဝင်ပါတယ်။ ဒါက ဝက်ခြံတွေကို သက်သာအောင် ပြုလုပ်ပေးနိုငါပတယ်။ ပျားရည် တစ်ဆ၊ အုတ်ဂျုံ နှစ်ဆ ရောပြီး ဝက်ခြံပေါ် ၃၀ မိနစ်ကြာအောင် လိမ်းထားပေးပြီး ဝက်ခြံကို ကုသနိုင်ပါတယ်။

Freepik.com

Aspirin

Aspirin ဆေးမှာ ဝက်ခြံကို တိုက်ထုတ်နိုင်တဲ့ Salicylic အက်စစ်တွေ ပါဝင်ပါတယ်။ Aspirin ဆေးကို အမှုန့်ချေပြီး ရေနည်းနည်းနဲ့ ရောပြီးတဲ့အခါ မျက်နှာပေါ်က ဝက်ခြံတွေပေါ်ကို တို့ထားပေးလို့ ရပါတယ်။ အသားအရေ ခြောက်တတ်လို့ မျက်နှာတစ်ခုလုံးကို မလိမ်းဖို့တော့ သတိထားရမှာပါ။

READ
ချစ်သူလေးရဲ့ပုံကို ပထမဆုံးအကြိမ် IG ပေါ် တင်လိုက်တဲ့ James Jirayu
Racool_studio/Freepik

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အမာရွတ်တွေကို ပျောက်ကင်းစေတဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် မျက်နှာပေါ်က အမဲစက်တွေနဲ့ ဝက်ခြံပေါ်ကို ရှားစောင်းလက်ပက်အနှစ်ကို သုတ်လိမ်းပေးလို့ ရပါတယ်။

areeya_ann/Freepik

သံပရိုသီး

သံပရိုသီးကတော့ အသားအရေကို ကြည်လင်စေတယ်၊ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဝက်ခြံတွေအတွက်လည်း အသုံးဝင်ပါတယ်။ မျက်နှာပေါ်က ဝက်ခြံတွေကို သံပရိုရည်လေးနဲ့ တို့ပေးပြီး ဝက်ခြံတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ဝက်ခြံတွေကို သုတ်လိမ်းပြီး အသုံးပြုနိုင်ပါတယ်။ တိုနာအစားထိုးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

yanadjana/Freepik

Omega-3 fatty acids

ငါးကြီးဆီလို့ ခေါ်ကြတဲ့ Omega-3 fatty acids က ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါကြောင့် Omega-3 fatty acids ကို သောက်သုံးပေးတာနဲ့ ငါးတွေကို စားသုံးပေးမယ်ဆိုရင်တော့ ဝက်ခြံထွက်တာတွေကို သက်သာစေနိုင်ပါတယ်။

READ
သူမကို "Single" လို့မပြောဘဲ "Self-Partnered" လို့သုံးပါဆိုတဲ့ Emma Watson

Kham

 

sponsored