ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်ချင်ရင် ဒီနည်းလမ်းလေးတွေကို မကြာခဏပြုလုပ်ပေးပါ….

Sponsored

ဆံကေသာဟာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆံကေသာ ပျက်စီးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် အိမ်မှာနေရင်းနဲ့ ဆံပင်ကို ပြန်လာသန်စွမ်းကျန်းမာ လာအောင်ပြုလုပ်လို့ရတဲ့ နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငှက်ပျောသီး

Sponsored

ငှက်ပျောသီးဟာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် သင့်ဆံပင်ကို နူးညံ့ပျော့ပျောင်းစေနိုင်ပါတယ်။

  • ငှက်ပျောသီးမှည့်တစ်လုံးကို ကြေညက်သွားအောင်ချေလိုက်ပါ။
  • ရလာတဲ့ငှက်ပျောသီးအနှစ်ကို ဆံပင်အရင်းကနေအဖျားအထိ လိမ်းလိုက်ပါ။
  • ၁၅ မိနစ်ခန့်အကြာမှာခေါင်းလျှော်လိုက်ပါ။
  • ပျက်စီးနေတဲ့ဆံကေသာအတွက် အရမ်းသင့်တော်ပါတယ်။

(၂) ဘီယာ

ဘီယာဟာ ဆံပင်အတွက် အရမ်းကိုအစွမ်းထက်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

  • ဘီယာအနည်းငယ်ကို စပရေးဘူးအလွတ်ထဲမှာ ထည့်လိုက်ပါ။
  • ခေါင်းလျှော်ပြီးလို့ ဆံပင်ကိုရေသုတ်ကာ မစိုမခြောက်အချိန်မှာ ဘီယာကို ဆံပင်အနှံ့ဖြန်းပေးပါ။
  • ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုရရှိမှာပါ။

(၃) ပျားရည်

ပျားရည်ဟာ အသားအရေအတွက်သာမက ဆံပင်အတွက်ပါ အရမ်းကိုကောင်းတဲ့ အိမ်တွင်းဆေးတစ်လက်ပါ။ ပျက်စီးနေတဲ့ဆံကေသာတွေအတွက် ပိုလို့တောင်ကောင်းပါသေးတယ်။

  • သင်ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည် သို့မဟုတ် ပျော့ဆေး၊ ပေါင်းဆေးတွေထဲကို ပျားရည်အနည်းငယ်ရောပြီး အသုံးပြုပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို အမြန်ဆုံးပြန်လည်ရရှိမှာဖြစ်ပါတယ်။
READ
Hair Shaving Style လုပ်ချင်တဲ့ ပျိုမေတွေအတွက် အမိုက်ဆုံး Shaving ပုံစံများ

Em Em

sponsored