ကိုယ်ဝန်ဆောင်မိခင်များ စားသမျှအန်နေတဲ့အခါ လုပ်ပေးသင့်တဲ့အိမ်တွင်းနည်းလမ်းများ

[email protected]
Sponsored

မိခင်လောင်းတွေအတွက် ပျို့အန်တယ်ဆိုတာ သိပ်တော့ စိမ်းလှတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ အစာစားတိုင်း ပျို့အန်ချင်စိတ်မရှိခဲ့ဘူးဆိုရင်တော့ သင်ဟာ ကိုယ်ဝန်သည်တွေထဲ တော်တော်လေးကံကောင်းတယ်လို့ ဆိုရမှာပါပဲ။

သာမန်လူတွေတောင် ပျို့အန်ကြတဲ့အခါ ခန္ဓာကိုယ်ထဲက အတွင်းအားတွေ တစ်ခါတည်း စုပ်ယူသလို ဖြစ်သွားမယ်ဆိုရင် ကိုယ်ဝန်သည်မိခင်လောင်းတွေဆို ပိုဆိုးကြမှာပါ။ ဒီလို ပျို့အန်ကြတဲ့အခါ ဘယ်လိုအိမ်တွင်းနည်းလမ်းလေးတွေနဲ့ လွယ်လွယ်ကူကူ ကုစားနိုင်မလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

Sponsored

(၁) သံပရိုရည်

အန်ချင်စိတ်ဖြစ်လာတိုင်း ဒီအရည် ကိုသောက်ပေးနိုင်ပါတယ်။ ဗီတာမင်စီ ပါတာကြောင့် ကိုယ်ခံအားကိုလည်း မြင့်တတ်လာစေပါတယ်။
ပါဝင်ပစ္စည်းများ – သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။
– သံပရိုရည် နဲ့ ပျားရည် ကိုရောပေးပါ။
– ဒီအရောကို ဖြေးဖြေးချင်းသောက်ပေးပါ။

Unsplash-

(၂) Baking Soda

READ
အမျိုးသမီးတိုင်းသိသင့်တဲ့ Folic Acid ကြွယ်ဝတဲ့ အစားအစာများ

ပါဝင်ပစ္စည်းများ – Baking Soda (လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ ) ၊ ရေ (ခွက်တစ်ဝက်) ။
– Baking Soda နဲ့ ရေကို ရောပေးပြီး ပါးစပ်ထဲ ပလုတ်ကျင်းပေးပါ။
– အန်ပြီး ခံတွင်းထဲ ကျန်ခဲ့တဲ့ အနံ့ကို ပျောက်ကင်းစေပါတယ်။

[email protected]

(၃) ပန်းသီးရှာလကာရည်

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ရေ (ခွက် တစ်ဝက်) ။
– ရေနဲ့ ပန်းသီးရှာလကာရည် ကိုရောပေးပါ။
– ရလာတဲ့အရောကိုသုံးပြီး ပါးစပ်ထဲ ပလုတ်ကျင်းပေးပါ။
– ပန်းသီးရှာလကာရည် က အန်တာတွေကို ပြေလျော့သွားစေနိုင်ပါတယ်။

[email protected]

(၄) သစ်ကြံပိုးခေါက်

READ
ငရုတ်သီးစားခြင်းက အသက်ရှည်စေနိုင်ဟု တွေ့ရှိချက်အသစ်တစ်ခုကဆို

သစ်ကြံပိုးခေါက် က အန်တာအတွက် အထိရောက်ဆုံး အိမ်တွင်းကုသနည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ – သစ်ကြံပိုးခေါက် (အနည်းငယ်) ၊ ရေပူ (တစ်ခွက်) ၊ ပျားရည် (အနည်းငယ်) ။
– သစ်ကြံပိုးခေါက် ကို ရေပူထဲထည့်ပြီး (၁၀) လောက်နှပ်ထားပေးပါ။
– ပြီးရင် သစ်ကြံပိုးခေါက် ကို ဖယ်ပေးပြီး ပျားရည် နည်းနည်းခပ်ပေးပါ။
– ဖြေးဖြေးချင်းသောက်နိုင်ပါပြီ။

Unsplash-Daria-Yakovleva

(၅) ထမင်းရည်

ပါဝင်ပစ္စည်းများ – ဆန် (တစ်ခွက် ) ၊ ရေ (ခွက်တစ်ဝက်) ။
– ဆန်ဆေးပြီး ရေ နဲ့ မီးအပူပေးပါ။
– ဆန်ကျက်တာနဲ့ ရှိနေတဲ့ ရည်တွေကို စစ်ပေးပါ။
– ရလာတဲ့အရည် ကိုသောက်ပေးပါ။

Unsplash-stylecraze

Hannwe Soe

sponsored