ပထမဆုံးပြတဲ့အပတ်မှာတင် ကြည့်ရှုသူနှုန်းတွေ တဟုန်တိုးတက်နေတဲ့ “Hotel Del Luna”

Kdramapal/soompi
Sponsored

tvN ရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့  “Hotel Del Luna” ကတော့ ပထမဆုံးပြတဲ့အပတ်မှာတင် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်လိုက်ပြီဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ထိတ်လန့်သည်းဖို စိတ်ကူးယဉ်ဇာတ်လမ်းတွဲဖြစ်တဲ့ “Hotel Del Luna” ရဲ့ အပိုင်းသစ်ကို စလွှင့်ခဲ့ပါတယ်။ Nielsen Korea မှာဖေါ်ပြထားချက်အရတော့ ဇူလိုင်လ ၁၄ ရက်ေ်န့မှာလွှင့်တဲ့ အပိုင်း(၂)မှာ ကြည့်ရှုသူနှုန်းတဟုန်တိုး တက်လာခဲ့တာဖြစ်ပါတယ်။

KPop

“Hotel Del Luna” ရဲ့ အပိုင်း (၂) ကိုတော့ ကြည့်ရှုသူ ၇.၆ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈.၆ ရာခိုင်နှုန်းအထိရှိခဲ့တာဖြစ်ပါတယ်။ ရုပ်သံလှိုင်းတွေရဲ့ ကြည့်ရှုသူအများဆုံးအဖြစ်လည်း နံပါတ် ၁နေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

soompi
Sponsored

“Hotel Del Luna” ကတော့ ကြည့်နေကျ ဇာတ်လမ်းတွေနဲ့ ကွဲထွက်တဲ့ ကေဒရာမာ အမျိုးအစားလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ IU က နှစ်တစ်ထောင်ကြာ ကျိန်စာသင့်နေတဲ့ “Hotel Del Luna”ရဲ့ပိုင်ရှင်အဖြစ်သရုပ်ဆောင်ထားပြီး သူမထက်ပိုဆိုးရွားတဲ့ အပြစ်လုပ်တဲ့သူကို ရှာတွေ့မှသာ ကျိန်စာကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

READ
Along with the Gods 3မှာ အဓိကဇာတ်ဆောင်အဖြစ် တွေ့ရနိုင်ချေရှိတဲ့ D.O.
Watch Asian Drama, Show and movies

Source: Soompi

 

sponsored