ဘယ်လိုယောကျာ်းလေးပုံစံမျိုးကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်လဲ …..

Pixabay-Free-Photos
Sponsored

မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျာ်းလေးတစ်ယောက် ဒါမှမဟုတ် ကိုယ့်ရဲ့ ချစ်သူရည်းစားတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်စဉ်းစားရင် အင်မတန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါအရွေးမှားသွားရင် ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ဖြတ်သန်းသွားနိုင်ရတာကြောင့်ပါပဲ။ ဒါ့ကြောင့် ယောကျာ်းတစ်ယောက်ကို ရွေးချယ်တဲ့အခါမှာ ဘယ်လိုပုံစံမျိုးတွေကို သေသေချာချာ စီစစ်ပြီးမှ ကိုယ်နဲ့ အဆင်ပြေမပြေ ရွေးချယ်သင့်ပါတယ်။ ဒါ့ကြောင့် မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လိုယောကျာ်းလေးပုံစံမျိုးကို ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်လဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျိုမေတွေကို ပြောပြပေးချင်ပါတယ်။

Pixabay-Free-Photos

၁။ မချမ်းသာရင်တောင် လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောကျာ်းမျိုး

Sponsored

ယောကျာ်းတစ်ယောက်ကို ချမ်းသာတိုင်း အထင်ကြီးစရာမလိုအပ်သလို ဆင်းရဲတိုင်းလည်း အထင်သေးစရာမလိုပါဘူး။ ပိုက်ဆံရှိတဲ့ ယောကျာ်းတွေထဲမှာ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ယောက်ျားတွေ တစ်ပုံကြီးပါပဲ။ ယောက်ျားတစ်ယောက်ဟာ မချမ်းသာရင်တောင် အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားမျိုးဟာ အကောင်းဆုံးပါပဲ။ ဒါမှလည်း အိမ်ထောင်တစ်ခုကို နိုင်နိုင်နင်းနင်းနဲ့ ဦးစီးဦးဆောင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

၂။ ကိုယ့်ကိုအရာရာ ဦးစားပေးတတ်တဲ့ ယောကျာ်းမျိုး

READ
ဘ၀အတွက် ရည်မှန်းချက် ပန်းတိုင် မထားတဲ့ အကြောင်းကို ပြောပြခဲ့တဲ့ Yoo Jae Suk

အရာရာတိုင်းမှာ သူ့ကိုယ့်သူထက် ကိုယ့်ကို အစစအရာရာ ဦးစားပေးတဲ့ ယောက်ျားမျိုးဟာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယောကျာ်းအများစုဟာ အတ္တကြီးတတ်ပါတယ်။ အရာရာတိုင်းကို သူတို့လုပ်နိုင်တယ်၊ မိန်းကလေးတွေကဘာမှမလုပ်နိုင်ပါဘူး အစရှိတဲ့ ခေါင်းစဉ်အောက်မှာ မိန်းကလေးတွေကို ဦးစားမပေးတတ်ကြပါဘူး။ ဒါ့ကြောင့် နေရာတိုင်းမှာ ကိုယ့်ကို အမြဲဦးစားပေးတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတွေအတွက် ရင်ခုန်စရာလည်းကောင်းသလို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ ယောကျာ်းလေးထဲမှာလည်း ပါဝင်ပါတယ်။

၃။ ကိုယ်တစ်ယောက်တည်းကို သေသေချာချာဂရုတစိုက်နဲ့ ချစ်ပေးတတ်တဲ့ယောကျာ်းမျိုး

ဒီဘက်ခေတ်ကြီးထဲမှာ ယောကျာ်းလေးတစ်ယောက် ဖောက်ပြန်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါလျက်နဲ့ ကိုယ်တစ်ယောက်တည်းကို သေသေချာချာ ဂရုတစိုက်နဲ့ ချစ်ပေးနေတဲ့ ယောကျာ်းလေးတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ထိုက်တန်ပါတယ်။ ဒီလိုယောကျာ်းမျိုးဟာ များသောအားဖြင့် သွေးအေးအေးနေတတ်ပြီး ကိုယ်ကလွဲရင် တစ်ခြားဘယ်မိန်းမကိုမှ မိန်းမလို့တောင်မမြင်တဲ့ လူမျိုးပါ။ ပျိုမေတို့မှာ ဒီလိုပုံစံမျိုးနဲ့ ယောကျာ်းလေးရှိနေရင်တော့ လုံးဝလက်လွှတ်မခံပါနဲ့။

READ
Yaya အတွက် မွေးနေ့ပွဲလုပ်ပေးခဲ့တဲ့ Nadech Kugimiya
Pixabay-StockSnap

၎။ ပုံစံမျိုးစုံနဲ့ ကိုယ်လိုအပ်တဲ့ အချိန်တိုင်း ရှိပေးနိုင်တဲ့ ယောကျာ်းမျိုး

ချစ်သူကောင်လေးဟာ ကိုယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပုံစံမျိုးနဲ့ ရှိပေးနိုင်ရပါမယ်။ ကိုယ့်အနားမှာ အဖေတစ်ယောက်လိုမျိုး၊ အကိုတစ်ယောက်လိုမျိုး၊ သူငယ်ချင်းတစ်ယောက်လိုမျိုး အစရှိသဖြင့် ကိုယ်လိုအပ်တဲ့အချိန်တိုင်း လိုအပ်သလို ရှိပေးနိုင်တဲ့ ချစ်သူယောကျာ်းလေးမျိုး ပိုင်ဆိုင်ထားရရင်တော့ ဘာမှစဉ်းစားမနေပါနဲ့။ သူ့ကိုသာ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ပါ။

၅။ စိတ်သဘောထားပြည့်စုံတဲ့ ယောက်ျားမျိုး

တစ်ချို့ချစ်သူယောကျာ်းလေးတွေဟာ ကိုယ်တွေမိန်းကလေးတွေထက်တောင် စိတ်ဆိုးစိတ်ကောင်တတ်ပါသေးတယ်။ ကိုယ်ကစိတ်ဆိုးမယ်၊ စိတ်ကောက်မယ်လုပ်လိုက်တိုင်း သူကကိုယ့်ထက်အရင်စိတ်ကောက်ပြီး ကိုယ်က ပြန်ချော့နေရတဲ့ လူမျိုးကိုတော့ ယောင်လို့တောင် ဘဝလက်တွဲဖော်အဖြစ် စိတ်မကူးမိပါစေနဲ့။ ကိုယ်စိတ်ဆိုးတိုင်းကိုယ့်ကို လိုတာထက်ပိုပြီး လျှာရိုးမရှိချော့နေမယ့် ယောကျာ်းမျိုးထက် ကိုယ်စိတ်ဆိုးစိတ်ကောက်ရင် မရယ်ရယ်အောင် လုပ်ပေးနိုင်တဲ့ ယောကျာ်းမျိုး၊ အကြောင်းအရင်းကို သေသေချာချာ လေအေးလေးနဲ့ စိတ်သဘောထားပြည့်ဝစွာ နားလည်အောင် ရှင်းပြပေးနိုင်တဲ့ ယောက်ျားမျိုးကိုသာ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်သင့်ပါတယ်။

Pixabay-StockSnap

phk

sponsored