ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ် ကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးတွေ

shutterstock/ Africa Studio
Sponsored

မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မိခင်တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာကတည်းက အခက်အခဲတွေ ပြသနာလေးတွေကို ရင်ဆိုင်ဖြတ်သန်းကြရမှာပါ။ ဒီလိုမျိုး ဒုက္ခတွေ၊ အခက်အခဲတွေအများကြီးကို ဖြတ်သန်းပြီးမှ သားသားမီးမီးလေးတွေကို မွေးဖွားပေးရတာ ဖြစ်ပါတယ်နော်။ ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေက ဒါတွေပါနော်။

အစားအသောက်ပြဿနာ

shutterstock/Prostock-studio

ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ အစားအသောက်ပျက်တဲ့ ဒုက္ခကို ခံစားရတတ်ပါတယ်။ ဒါဟာ တကယ့်ကို ဆိုးဝါးလှပြီး ဟိုဟာဆိုလည်း မစားချင်၊ ဒီဟာဆိုလည်း မစားချင်နဲ့ စားသမျှတို်င်း ပြန်အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်နော်။ နောက်ပြီး အစားအသောက်ချဉ်ခြင်းတက်ခြင်းပဲ ဖြစ်ပါတယ်။ ညအချိန်မတော်ဆိုလည်း စားချင်လာတဲ့အချိန်မှာ စားလိုက်ရမှဖြစ်ပြီး ဒီအချိန်မှာ အနာဂတ်ဖေဖေတွေကလည်း ဒုက္ခရောက်တတ်ကြစမြဲပါနော်။

နေရထိုင်ရ အဆင်မပြေတာ

Sponsored

အရင်ကလို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ထသွားထလာတာမျိုးတွေ မပြုလုပ်နိုင်ကြပဲ ဂရုတစိုက်လှုပ်ရှားတတ်ကြရပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မကြာခဏဆီးသွားတတ်တာကလည်း ဘယ်နေရာရောက်ရောက် ဖြစ်လေ့ရှိတဲ့အရာပဲ ဖြစ်ပါတယ်။ အိပ်တဲ့အချိန်တွေမှာလည်း သေချာဂရုတစိုက်နဲ့ အိပ်စက်ရပြီး သက်တောင့်သက်သာမအိပ်စက် နိုင်ပါဘူး။

READ
ကလေးတွေ အိမ်စာလုပ်ချင်လာအောင် မိဘတွေ လုပ်ဆောင်နိုင်မယ့် အရာ (၅)မျိုး

အဝတ်အစားတွေ အဆင်မပြေတာ

shutterstock/VGstockstudio

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ကိုယ်အရင်က ဝတ်ခဲ့တဲ့အဝတ်အစားတွေနဲ့ တစ်ခုမှကို အဆင်မပြေတော့ပါဘူး။ ကိုယ်နဲ့ ဘယ်လိုအဝတ်အစားမျိုးက ပိုပြီးသက်တောင့်သက်သာရှိမလဲဆိုတာကို ရွေးချယ်ရတာကလည်း တကယ့်ကို အခက်အခဲဖြစ်လှပါတယ်နော်။ ဝတ်ဆင်တဲ့အခါ ကြည့်ကောင်းဖို့ထက် သက်တောင့်သက်သာဖြစ်ဖို့ကိုပဲ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။

စိတ်ခံစားထိခိုက်လွယ်တာ

ကိုယ်ဝန်ဆောင်နေစဉ်မှာ အမျိုးသမီးတွေဟာ အရမ်းကို စိတ်ထိခိုက်လွယ်တဲ့ အချိန်ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကိုလည်း ခံစားနေတတ်ကြပြီး စိတ်အလိုမကျတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို စိတ်ထိခိုက်တဲ့ကိစ္စမျိုးတွေကို မလုပ်မိအောင် ရှောင်သင့်ပြီး သူတို့အပေါ် နားလည်မှုပေးဖို့ လိုအပ်ပါတယ်။

သူများအကူအညီမပါပဲ လုပ်လို့မရတဲ့ အရာတွေ

shutterstock/ Prostock-studio

ကိုယ်ဝန်ဆောင်မိခင်တွေ ဒုက္ခရောက်တတ်တဲ့ အချက်ထဲက တစ်ချက်က ပစ္စည်းတွေ အောက်ပြုတ်ကျသွားတဲ့အခါ၊ ဖိနပ်တွေစီးတဲ့အချိန်တွေမှာ သူများအကူအညီ အနည်းနဲ့အများတော့ ယူရတတ်ပါတယ်။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အောက်ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကို ကောက်ဖို့အဆင်မပြေပဲ အမြဲတမ်းတစ်ယောက်ယောက်ကို လှမ်းခေါ်တတ်ရတာတွေက ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးတွေပဲ ဖြစ်ပါတယ်။

READ
လိမ္မာရေးခြားရှိပြီးရည်မွန်သူဖြစ်ဖို့ ကလေးတွေကိုသင်ပေးထားသင့်တဲ့အရာများ

Khin

sponsored