ရင့်ကျက်တဲ့ မိန်းတစ်ယောက်ဟာ အချစ်နဲ့ ပတ်သတ်ရင် ဒီလိုခံယူချက်မျိုးတွေ ရှိပါတယ်

Pixabay-JillWellington
Sponsored

မိန်းကလေးတော်တော်များများမှာ အချစ်နဲ့ ပတ်သတ်ပြီး ခံယူချက်ကွဲသွားတဲ့ အသက်အရွယ် ၂ ခုရှိတတ်ပါတယ်။ အဲဒါကတော့ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ အသက် ၂၀ ကျော်သွားတဲ့ အမျိုးသမီးတွေပါပဲ။ တစ်ချို့တွေက အချစ်ကို အရမ်းရူးသွပ်နေတဲ့အချိန်မျိုးမှာ အချို့ ပျိုမေတွေအတွက်တော့ အချစ်ဟာ ဘာမှအရေးမကြီးတော့ပဲနဲ့ အရာရာကို နှလုံးသားအစား ဦးနှောက်သုံးလာတတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အချစ်ဆိုတဲ့အရာအပေါ်မှာ တွေးခေါ်ပြုမူလေ့ရှိတဲ့ ခံယူချက် ၅ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-DanaTentis

၁။ အချစ်ကို ဘဝကြီးဆိုတဲ့ အတွေးမျိုး လုံးဝမရှိတော့ပါဘူး

Sponsored

မရင့်ကျက်သေးတဲ့ ပျိုမေအများစုကတော့ ချစ်သူနဲ့ အချိန်ပြည့် အတူတူရှိနေချင်ကြပြီး အချစ်ကသာ သူတို့ဘဝမှာ အရာရာလို့ မှတ်ယူထားလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် ရင့်ကျက်သွားတဲ့ အမျိုးသမီးအများစုကတော့ အချစ်နဲ့ ပျော်တဲ့အချိန်၊ အလုပ်အချိန်၊ မိသားစုအချိန်၊ သူငယ်ချင်းတွေအတွက် အချိန် အစရှိသဖြင့် သူ့အချိန်နဲ့သူ အရာရာကို ခွဲခြားသိမြင်လာတတ်ပါတယ်။

READ
သင့်ဘက်ကစပြီး ဘယ်တော့မှ တောင်းပန်စကားပြောဖို့ မလိုအပ်တဲ့ အခြေအနေများ

၂။ ရည်ရွယ်ချက်တွေကို လုံးဝအပျောက်အဆုံးမခံတတ်ပါဘူး

မရင့်ကျက်သေးတဲ့ မိန်းကလေးတွေဟာ များသောအားဖြင့် အချစ်ကြောင့် အရာရာ ပေးဆပ်လိုက်ရတတ်ပါတယ်။ သူတို့ရဲ့ အိမ်မက်တွေ၊ ရည်ရွယ်ချက်တွေဟာ အချစ်ကြောင့်ပဲ သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်အတွင်း ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါပေမယ့် ရင့်ကျက်တဲ့ အမျိုးသမီးတွေကတော့ အချစ်တစ်ခုတည်းအတွက်နဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိမ်မက်တွေကို အပျောက်အဆုံးမခံတတ်ပါဘူး။ တစ်ချို့ ရင့်ကျက်လွန်းတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိမ်မက်တွေကြောင့် အချစ်ကို စတေးလိုက်ရတာမျိုးတွေတောင် ရှိပါသေးတယ်။

Pixabay-Pexels

၃။ ချစ်သူနဲ့ပြိုင်ပြီးအငြင်းမပွားတတ်ပါဘူး

မရင့်ကျက်သေးတဲ့ မိန်းကလေးတော်တော်များများဟာ ချစ်လို့ ရစ်တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်သူယောကျာ်းလေးတွေနဲ့ အပြိုင်ငြင်းခုန်တာမျိုးတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ရန်ဖြစ်တဲ့ အကြောင်းကို လူသိအောင် တကူးတက အသိပေးတာမျိုးတွေ အစရှိသဖြင့် ရှိတတ်ပါတယ်။ ဒါတွေက ရင့်ကျက်တဲ့ အမျိုးသမီးတွေဆီမှာ မရှိတတ်ပါဘူး။ သဘောထားချင်းမတိုက်ဆိုင်ရင်တောင် လေကုန်ခံပြီး တကူးတက လိုက်ငြင်းမနေပဲ အလွာ်တကူ အလျှော့ပေးတတ်ကြပါတယ်။

READ
ခေတ်မှီပြီး အလှကြိုက်တဲ့ ပျိုမေလေးတွေပဲ နားလည်နိုင်မယ့် အခိုက်အတန့်များ...

၎။ ချစ်တယ်ဆိုတဲ့စကားကို အမြဲတစေပြောမနေတတ်ပါဘူး

ချစ်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတဲ့စကားကို မကြာခဏပြောပေးတာ ကောင်းပေမဲ့လည်း ပြောပါများလွန်းလာတဲ့အခါမှာတော့ အဲဒီစကားဟာ တန်ဖိုးနည်းလာပြီး လွယ်လွယ်ကူကူထွက်တဲ့ စကားတစ်ခွန်း ဖြစ်လာတတ်ပါတယ်။ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးက သူ့ကို ချစ်လားလို့ မေးလာရင်တောင် ပြုံးပြီးပဲ ကြည့်နေတတ်တဲ့ မိန်းကလေးမျိုးပါ။

Pixabay-ohurtsov

၅။ အရာရာမှာ သူ့ဆုံးဖြတ်ချက်နဲ့ပဲ ဆုံးဖြတ်လာတတ်ပါတယ်

မရင့်ကျက်သေးတဲ့ မိန်းကလေးအများစုဟာ အပြင်သွားမယ့်နေရာကအစ ပစ္စည်းတစ်ခုခု ဝယ်တဲ့အထိ သူ့တို့ရဲ့ ချစ်သူကောင်လေးဆီက အကြံကို တောင်းခံလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် ရင့်ကျက်တဲ့ အမျိုးသမီး အများစုကတော့ သူတို့ရဲ့ ချစ်သူကို တိုင်ပင်သင့်တဲ့ အရေးကြီးကိစ္စတစ်ချို့သာ တိုင်ပင်ပြီး အရာရာကို သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ရပ်တည်လေ့ရှိတတ်ပါတယ်။

phk

sponsored