ထက်မြက်တဲ့ မိန်းကလေးတွေက အသဲကွဲခြင်းကို ဒီလို ရင်ဆိုင်ကြပါတယ်…

Photo by Ilya Andrianov from Pexels
Sponsored

လူတစ်ယောက်က တစ်ကြိမ်တော့ အသဲကွဲခြင်းကို ကြုံရလေ့ ရှိပါတယ်။ အသဲကွဲတဲ့ ခံစားမှုက ဘာနဲ့မှ ဖော်ပြလို့  မရအောင် နာကျင်တယ်ဆိုပေမယ့် အသဲကွဲတာကို ရင်ဆိုင်တဲ့ပုံစံတွေ မတူညီကြပါဘူး။ ဘဝကို အဆုံးသတ်သွားတဲ့သူတွေ ရှိသလို ဝမ်းနည်းစွာ ခံစားနေတတ်သူတွေလည်း ရှိနေပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတွေကတော့ အသဲကွဲတဲ့အခါ အခုလို ပြုမူကြလေ့ ရှိပါတယ်။

(၁) မပေါက်ကွဲဘူး

Sponsored

လမ်းခွဲတာကတော့ ဘယ်လိုပဲ လမ်းခွဲခွဲ လက်မခံချင်စရာ သိပ်ကောင်းပါတယ်။ ကိုယ့်ကို  မချစ်တော့တာ ဘာကြောင့်လဲ ဘာအတွက်လဲ မေးခွန်းပေါင်းများစွာနဲ့ ပေါက်ကွဲ ဒေါသထွက်နေမယ့် အစား အကြောင်းအရင်းကို တည်ငြိမ်စွာ ပြန်မေးတတ်ပါတယ်။ ပြီးရင်တော့ သူတို့က ရင့်ကျက်သူတွေပီပီ ညှိနှိုင်းဖို့ ကြိုးစားကြည့်တတ်ကြပါတယ်။

Photo by freestocks.org from Pexels

(၂) အရှိတရားကို လက်ခံလိုက်တယ်

ဒီလမ်းခွဲမှုက ခဏတာ စိတ်ဆိုးမှုကြောင့် မဟုတ်ဘဲ အချစ်သစ်တွေလို့၊ အချစ်တွေ ကုန်ဆုံးသွားလို့ စတဲ့ အချက်တွေကို အခိုင်အမာ သိတဲ့ အခါမှာတော့ ထက်မြက်တဲ့ကောင်မလေးတွေက ဆက်ချစ်ပေးဖို့ အသနား မခံတတ်ကြတော့ပါဘူး။ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်ကို ဆွဲထားတာက ကိုယ်သိက္ခာကျသွားတာကလွဲရင် မထူးဘူးလို့ ယူဆလို့ သူတို့က အရှိတရားကို လက်ခံလိုက်ပြီး လမ်းခွဲခြင်းကို ရင်ဆိုင်ကြပါတယ်။

READ
ဆံပင်ရှည်တဲ့ ကောင်မလေးတွေသာ နားလည်တဲ့ အခက်အခဲလေးများ
Photo by Andrea Piacquadio from Pexels

(၃) ဝမ်းနည်းမှုကို ရင်ဆိုင်တယ်

ကိုယ်နဲ့ ကာလတစ်ခုကြာ လက်တွဲခဲ့တဲ့ သူတစ်ယောက်၊ ကိုယ် ချစ်ခဲ့ရတဲ့ သူတစ်ယောက်က ကိုယ့်ကို မချစ်တော့ဘူး ရှေ့ဆက်ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုတဲ့အသိက သိပ်ကို ဝမ်းနည်း နာကျင်စရာ ကောင်းပါတယ်။ ချစ်ခဲ့တော့လည်း ဝမ်းနည်းတာပေါ့လို့ သူတို့က တွေးပြီး သူငယ်ချင်းတွေအနားမှာ၊ တစ်ယောက်တည်း ရှိတဲ့ အခါ အားရအောင် ငိုချပြီး ဝမ်းနည်းမှုကိုပါ ခံစားလိုက်ပါတော့တယ်။

bunditinay/Freepik

(၄) ပျော်ရွှင်ဖို့ စလုပ်တယ်

ထက်မြက်တဲ့ ကောင်မလေးတွေက လမ်းခွဲခြင်းကို ခံစားသင့်သလောက် ခံစားပြီးရင် ထပ်ပြီး ဝမ်းနည်းနေတာမျိုးကို သူတို့ကိုယ် သူတို့ ခွင့်မပြုတတ်ကြပါဘူး။ နာကျင်ရတာ ဘယ်လောက်တောင် အချိန်ကုန်ပြီး ပင်ပန်းလည်း ဆိုတာ သိတဲ့အတွက် သူတို့က ပျော်ရွှင်ဖို့ စလုပ်ကြပါတယ်။ သူတို့ကို ပျော်စေမယ့် အရာတွေကို စဉ်းစားတယ်။ ပြီးရင် ပိုပြီး လှအောင်နေတယ်။ စိတ်သစ် လူသစ် ဖြစ်အောင် အရင်က လုပ်ချင်ပေမယ့် မလုပ်ဖြစ်သေးတဲ့အရာတွေကို စလုပ်တယ်။ ဒီလိုနဲ့ သူတို့ကမ္ဘာကို ပြန်ရှင်သန်လာအောင် ဖန်တီးကြပါတယ်။

READ
အလှကြိုက်တဲ့မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပပြင်ဆင်မှုဆိုင်ရာလျှို့ဝှက်ချက်(၈)ခု
Photo by Gustavo Fring from Pexels

(၅) အချိန်မပေးဖြစ်ခဲ့တဲ့သူတွေကို အချိန်ပေးတယ်

ချစ်သူရှိတုန်းကတော့ ချစ်သူကို အချိန်ပေးရတာ၊ အလုပ်ကို အချိန်ပေးရတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးရတာတွေကြောင့် ကိုယ်ချစ်တဲ့ တခြားသောသူတွေကို အချိန်မပေးမိတာကို သူတို့က ပြန်တွေးတတ်ကြပါတယ်။ ဒီလိုမျိုး ဖြစ်သွားတော့ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးဖို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေကို အချိန်ပေးရင်း ပျော်ရွှင်မှုကို ပြန်ရှာတာကတော့ ထက်မြက်တဲ့ မိန်းကလေး ပီသမှုတွေပဲ ဖြစ်ပါတယ်။

Kham

sponsored