လှည့်စားတတ်သူတွေရဲ့ ရန်ကနေ ရှောင်ရှားနိုင်မယ့် ထိပ်တန်းနည်းလမ်းကောင်းလေးများ

naypong/Freepik
Sponsored

လူတွေကို ယုံလို့မရဘူး၊ လူတွေက မရိုးဘူး စတဲ့ စကားတွေကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ ဒီလိုစကားတွေက အလှည့်စားခံကြတဲ့သူတွေကနေ တဆင့်ပြီး တဆင့် ပြန့်လာတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ ဘဝခရီးမှာ လူတိုင်း အလှည့်စားခံရတဲ့ဘေးက မကင်းလွတ်ကြပါဘူး။ အကြိမ်အရေအတွက် နည်းခြင်းနဲ့ များခြင်းသာ ကွာခြားကြပါတယ်။ ကိုယ်က မကြာခဏ လှည့်စားခံနေရရင် သို့မဟုတ် လှည့်စားခံရတာ မကြိုက်ဘူးဆိုရင်တော့ ဒီနည်းလေးတွေကို ဖတ်ကြည့်ပါနော်။

(၁) ခပ်တန်းတန်းနေပါ

Sponsored

ခပ်တန်းတန်းနေခြင်းက အလှည့်စားမခံရဖို့ ရိုးရိုးရှင်းရှင်း ကျင့်သုံးလို့ရတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လှည့်စားတတ်တဲ့သူတွေကို စောင့်ကြည့်လို့ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်နော်။ လှည့်စားတတ်တဲ့သူတွေက မျက်နှာများတတ်တဲ့သူတွေဖြစ်ကြပါတယ်။ အချိန်၊ နေရာ၊ အခြေအနေနဲ့ လူတွေအပေါ်မူတည်ပြီး လွယ်လွယ် ပြောင်းလဲနိုင်စွမ်းလည်း ရှိကြပါတယ်။ အခြေအနေ အချိန်အခါအလိုက် ပြုမူရတယ်ဆိုပေမယ့် လှည့်စားတတ်သူတွေကတော့ လှည့်စားချင်တဲ့ လူပုံကို လိုက်ပြီး လူကောင်းပုံစံလည်း လုပ်တတ်သလို စိတ်ထားပုတ်တဲ့သူအဖြစ်လည်း ပြောင်းသွားတတ်ကြပါတယ်။ ဒါကြောင့် ခပ်တန်းတန်း နေလိုက်တဲ့အခါ သင့်ကို ဒီနည်းနဲ့ လှည့်စားဖို့ ခက်ခဲသွားပါလိမ့်မယ်။

Photo by Andrea Piacquadio from Pexels

(၂) သတင်းနှိုက်တဲ့ မေးခွန်းများများမေးပါ

လှည့်စားတတ်တဲ့သူတွေဟာ သူတို့အကြောင်းနဲ့ သူတို့ရဲ့အတိတ်တွေကို လူသိခံလေ့မရှိကြပါဘူး။ သူတို့ဘဝရဲ့ အကြောင်း ပြောရင်လည်း အလိမ်အညာတွေနဲ့ပါ ရောပြီး ပြောကြလေ့ရှိကြပါတယ်။ သူတို့နဲ့ တွေ့ဆုံရတဲ့သူတွေရဲ့ အခြေအနေကို ကြည့်ပြီး သူတို့ရဲ့ အကြောင်းကို သနားစရာကောင်းအောင် တစ်မျိုး၊ အားကျစရာကောင်းအောင်တဖုံ ဖန်တီးပြောကြပါတယ်။ ဒါကြောင့် သူတို့ လှည့်စားတာကို မခံချင်ရင် သူတို့က ပြောနေတဲ့အခါ မေးခွန်းတွေ စစ်စစ်ပေါက်ပေါက် လိုက်မေးကြည့်လိုက်ပါ။ သင်က လွယ်လွယ် အလှည့်စားမခံတတ်တဲ့သူဆိုတာကို သူတို့ သတိထားမိသွားပါလိမ့်မယ်။ လှည့်စားဖို့ ခက်တဲ့သူမျိုးကို သူတို့တွေက စိတ်မဝင်စားလို့ သင့်ကို ရှောင်သွားကြမှာပါ။

READ
အရင်းနှီးဆုံး သူငယ်ချင်း ရှိသူတွေ အမြဲလိုလို နားလည် သည်းခံပေးရတဲ့ အချက်များ
user17581499/Freepik

(၃) အားနည်းချက်ကို ထုတ်မပြပါနဲ့

လူတိုင်းကို ကိုယ့်လို ထင်မှတ်ထားလို့ မရပါဘူး။ သင့်ရဲ့ အားနည်းချက်ကို သိသွားလို့ သင့်ကို စာနာပေးမယ်လို့ ထင်လို့ မရဘဲ အသုံးဖို့ အချက်တွေ့သွားစေတာမျိုးလည်း ဖြစ်စေပါတယ်။ သင့်အလို ဆန္ဒအတိုင်း သင့်ကို နားလည်ပေးတဲ့သူလို၊ သင့်ကို တကယ်ခင်တဲ့ ချစ်တဲ့သူလို ပြုမူပေမယ့် သင့်စိတ်က သူ့ကို အပြည့်အဝ ယုံလိုက်တာနဲ့ သင့်ကို သူတို့ အလိုရှိသလို စေခိုင်းတာမျိုး ပြုလုပ်တတ်ကြပါတယ်။ သင့်အားနည်းချက်က သူတို့အတွက် ချိန်းခြောက်စရာ တစ်ချက်လို ဖြစ်သွားတတ်တာမို့ သင့်အားနည်းချက်ကို ထုတ်မပြလေ ပိုပြီး ကောင်းလေပါပဲ။

shurkin_son/Freepik

(၄) အလျင်စလို ပြုမူတတ်တဲ့ အကျင့်ကို ပြင်ပါ

သင်ဟာ ပစ္စည်းတစ်ခုဝယ်ဖို့ အရောင်းသမားတစ်ဦးနဲ့ စကားပြောနေတယ်ဆိုကြပါစို့။ အရောင်းသမားဘက်ကတော့ ပစ္စည်းရောင်းရဖို့ သင့်ကို ရွှန်းရွှန်းဝေအောင် ပြောမှာပဲဖြစ်ပါတယ်။ သူ့ရဲ့စကားတွေကို နားထောင်ပြီး ပစ္စည်းကို ဝယ်ယူဖို့ အလျင်စလို ဆုံးဖြတ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ သူပြောတဲ့အချက်အလက်တွေ ဟုတ်၊ မဟုတ် လက်တွေ့မှာ မြင်အောင် အချိန်ပေးပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ အပြောလေး ချောနေတာနဲ့ ယုံလိုက်ရင် သင့်က လှည့်စားဖို့ အရမ်း လွယ်သွားမှာပါ။

READ
ကမ္ဘာကျော်တို့ရဲ့ ချစ်ပုံပြင်(ဘီလ်ကလင်တန် နဲ့ ဟီလာရီကလင်တန်)
karlyukav/Freepik

(၅) ငြင်းဆန်ဖို့ အားမနာပါနဲ့

လှည့်စားတတ်တဲ့သူတွေဟာ သင့်ရဲ့ အားနည်းချက်နဲ့ သင် ပြောဆိုပြုမူဖို့ ဝန်လေးတတ်တဲ့အရာတွေကို အမြဲ စောင့်ကြည့်နေတတ်ကြပါတယ်။ ဒါကြောင့် တစ်ချို့သူတွေကတော့ သူတို့ လုပ်နိုင်တဲ့အရာတွေကို လှည့်စားလို့ လွယ်တဲ့သူတွေကို ညာပြီး ခိုင်းလေ့ ရှိပါတယ်။ ညာခိုင်းခံရတယ်ဆိုတာမျိုးကလည်း သင်က လှည့်စားခံနေရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် မကြိုက်တာမျိုးကို အလိမ္မာနည်းနဲ့ ငြင်းဆန်ဖို့ လုပ်တတ်ရင် လှည့်စားနိုင်တဲ့ အခြေအနေ ဖြစ်မလာစေတတ်ပါဘူးနော်။

Kham

sponsored