အကုန်အကျနည်းနည်းနဲ့ စတိုင်ကျလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်..

instagram/outfit
Sponsored

မိန်းကလေးတွေဆိုတာမျိုးဟာ ဗီရိုတစ်ခုလုံးနဲ့ အဝတ်အပြည့်ဖြစ်နေတာတောင် ဝတ်စရာမရှိဘူးဆိုတဲ့သူတွေပါ။ တစ်ခါတစ်လေ ကိုယ်နဲ့မလိုက်ဖက်မှန်းသိပေမယ့် ဈေးသက်သာတယ်ဆိုပြီး ဝယ်၊ တစ်ခါမှတောင်မဝတ်ရသေးဘဲ မကြိုက်လို့ မတော်တော့လို့ သူများကိုပေးပစ်ရတာမျိုးတောင်ရှိပါတယ်။ ဒီတော့ ကိုယ့်အဝတ်အစားဗီရိုထဲမှာ ကိုယ်လည်းဖက်ရှင်ကျကျဝတ်နိုင်အောင် ပိုက်ဆံအပိုကုန်တာမျိုးလည်း မဖြစ်တော့အောင် ဘယ်လိုနည်းလမ်းတွေကိုသုံးသင့်လဲဆိုတာ harpersbazaar ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

 

Sponsored

ပွဲတစ်ခုတည်းအတွက် ရည်ရွယ်ပြီးမဝယ်ပါနဲ့

မင်္ဂလာဆောင်ရှိတယ် ဒင်နာပါတီဖိတ်ထားလို့သွားစရာရှိတယ်ဆိုရင် အမျိုးသမီးအများစုက ကိုယ့်အဝတ်ဗီရိုထဲမှာရှိတဲ့အဝတ်အစားထက် အဝတ်အစားသစ်ဝယ်ဖို့ပဲ အရင်တွေးကြပါတယ်။ ဝယ်လိုက်ပြီးတဲ့အဝတ်အစားဆိုရင်လည်း တစ်ခါတစ်လေ တစ်ပွဲထိုးပဲဝတ်ဖြစ်ပြီး နောင်ဝတ်ဖို့အဆင်မပြေတော့တာမျိုးရှိပါတယ်။ ဒါကြောင့် တစ်ပွဲထိုးအဝတ်တွေကို ဝယ်ထားမယ့်အစား စွယ်စုံသုံးနိုင်တဲ့ ပွဲနေပွဲထိုင်အဝတ်အစားမျိုးနည်းနည်းလောက် ဝယ်ထားလိုက်ပါ။ ကျန်တဲ့ accessories ပိုင်းကို ပါးပါးနပ်နပ်နဲ့ဆင်လိုက်ရင် တမူထူးခြားပြီး ပုံစံပြောင်းသွားပါလိမ့်မယ်။

READ
သင့်ချစ်သူဟာ သင်ထင်ထားတာထက်သင့်ကိုအများကြီး ပိုဂရုစိုက်မှန်းသိသာတဲ့အချက် (၅) ချက်

 

 

View this post on Instagram

 

@karenwazenb @outfit

A post shared by Fashion Outfit (@outfit) on

မတော်တဲ့အဝတ်အစားတွေကို မဝယ်ပါနဲ့

အခုတော့ မတော်သေးဘူး။ ဒါပေမဲ့ တစ်နေ့တော့တော်လောက်ပါမှာလေဆိုတဲ့ မျှော်လင့်ချက်နဲ့တော့ အဝတ်အစားမဝယ်သင့်ပါဘူး။ ဝိတ်ချဖြစ်အောင်ဆိုတဲ့အကြောင်းပြချက်၊ လျော့ဈေးပေးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့တော့ ကိုယ်နဲ့မတန်တာကိုမဝယ်ပါနဲ့။ ကိုယ်တိုင်လည်း ဝတ်လို့မရဘဲ ဒီအဝတ်တွေကို နှမြောသတနဲ့ ဗီရိုထဲထည့်ထားရတာ ကိုယ့်ကိုကိုယ်ညှင်းဆဲနေသလိုပါပဲ။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရိုးသားလက်တွေ့ကျဖို့လိုပါတယ်။

 

 

View this post on Instagram

 

1, 2, 3 or 4? 🖤 via @milano_streetstyle

A post shared by Stylish Girls Worlwide (@fashion_bgig) on

ကိုယ်နဲ့မလိုက်ဖက်တဲ့အဝတ်အစားမျိုးတွေကို မဝယ်ပါနဲ့

အမျိုးသမီးတော်တော်များများက သူများကိုယ်လုံးနဲ့ဝတ်လို့လှတာမြင်ရင် ကိုယ်ဝတ်လည်းလှမှာပဲလို့ တွေးတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့မလိုက်မှန်းလည်းသိနေတယ် ဒါပေမဲ့ ကြိုက်လို့ကိုဝတ်တယ်ဆိုတဲ့သူမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလိုလူတွေမှာတောင် သူတို့စိတ်ထဲမှာ သူတို့ဝတ်စားထားပုံကို လူတွေဘယ်လိုထင်ကြမလဲဆိုတဲ့မလုံမလဲစိတ်လေး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကို အပင်ပန်းခံမနေပါနဲ့။ ကိုယ့်ခန္ဓာကိုယ်နဲ့လည်းမတန် ကိုယ်နဲ့လည်း မလိုက်တဲ့အဝတ်အစားတွေကို ဝတ်မယ့်အစား ကိုယ့်အတွက် သက်တောင့်သက်တာလည်းဖြစ်မယ်၊ ကိုယ့်ကိုယုံကြည်မှုလည်း တိုးစေမယ့် အဝတ်တွေကိုစုဆောင်းသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
အသိပညာရှိတဲ့ မိဘတို့ရဲ့ သားသမီးကို ထိန်းသိမ်းဆုံးမနည်းများ

AuntyMay

sponsored