လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ဖြစ်ဖို့ ပြုမူနေထိုင်နည်း (၅) နည်း

Freepik- freepik
Sponsored

ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်မဖြစ်နိုင်ပါဘူး။ တကယ်တမ်း ကြည့်မယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးဖြစ်ဖို့က ပိုပြီးခက်ခဲပါတယ်။ ဒီတော့ ကိုယ့်အနေနဲ့ အလုပ်တိုင်းမှာ လူတွေနဲ့တည့်အောင်နေပြီး လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

Freepik- freepik

(၁) ပိုက်ဆံမချေးပါနဲ့

Sponsored

ဘယ်လိုပတ်သက်မှုမျိုးပဲဖြစ်ဖြစ် ကိုယ်ကဖြစ်ဖြစ်၊ ကိုယ့်ကိုဖြစ်ဖြစ် ပိုက်ဆံနဲ့ပတ်သက်လာရင် အချေးအငှားမလုပ်ပါနဲ့။ အခန့်မသင့်ရင် အမုန်းပွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

(၂) အတင်းမပြောပါနဲ့

အလုပ်မှာ အတင်းပြောတာဟာ အင်မတန်မှ စိတ်ပျက်စရာကောင်းတဲ့ အပြုအမူပါ။ ဘယ်သူမှ ပါးစပ်မလုံတာ သိထားပါ။ နံရံတွေမှာ နားရှိပါတယ်။

Freepik- standret

(၃) ကိုယ်ရေးကိုယ်တာကိစ္စတွေကိုဝင်မပါပါနဲ့

တစ်ဖက်က ရင်လာဖွင့်ရင် နားထောင်ပေးလိုက်တာမှအပ ကိုယ့်ဖက်ကစပြီး သူများရဲ့အတွင်းရေးနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အတင်းမမေးပါနဲ့။ ဒါဟာ ယဏ်ကျေးမှုမရှိတဲ့ လုပ်ရပ်တစ်ခုပါနော်။

(၄) စကားပြောဆင်ခြင်ပါ

ပွင့်လင်းတယ်ဆိုတာ ကောင်းပေမယ့်လို့ ရှေ့မကြည့်နောက်မကြည့် ဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ အကျင့်မှ ရှောင်ကျဉ်ပါ။ စကားတစ်ခွန်းမပြောခင်မှာ သေချာစဉ်းစားပါ။

READ
အောင်မြင်ချင်ရင် ဘေးမဲ့ပေးထားပြီး လုံးဝ ဂရုမစိုက်သင့်တဲ့ Toxic People (၆) မျိုး
Freepik- freepik

(၅) ကြားနေနေပါ

ရုံးဆိုတာမျိုးက သူတို့တစ်ဖွဲ့ ငါတို့တစ်ဖွဲ့ဆိုတာတွေလည်း ရှိတတ်ကြတဲ့နေရာမဟုတ်လား။ ဒီလိုတွေကြုံလာရတဲ့အခါ ဘယ်ဖက်မှမလိုက်ဘဲ အကုန်လုံးနဲ့ လလိုက်လျောညီထွေဖြစ်အောင်နေပါ။  ဘယ်သူပဲ ဘာတွေလာပြောပြော မှတ်ချက်မပေးဘဲ ဒီဖက်နားကဝင် ဟိုဖက်နားကထုတ်လိုက်ပါ။

(၇) ဆရာမကြီးမလုပ်ပါနဲ့

ကိုယ်က အထက်လူကြီးပင်ဖြစ်လင့်ကစား ဟောက်စားလုပ်တာမျိုး၊ နေရာတကာဆရာကြီးလုပ်တာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။ ဒါဟာ လူအမြင်ကတ်နိုင်တဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။

Penny

sponsored