ပညာရှင်တွေပြောတဲ့ သိပ္ပံနည်းကျ ဘဝကိုရာနှုန်းပြည့် ပျော်ရွှင်အောင် နေထိုင်နည်း(၅)မျိုး

Freepik- freepik
Sponsored

ပျော်အောင်နေထိုင်နည်းတွေကတော့ အများကြီးရှိမှာပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ပညာရှင်တွေပြောထားတဲ့ သိပ္ပံနည်းကျ ဘဝကြီးမှာပျော်ရွှင်စေဖို့ နေထိုင်ရမယ့်နည်းလမ်း (၅) မျိုးအကြောင်းပါ။ ဘာတွေများဖြစ်မလဲကြည့်လိုက်ရအောင်။

(၁) မကောင်းတဲ့အကျင့်တွေကို အမြန်ဆုံးဖြတ်ပစ်ပါ

Sponsored

အထူးသဖြင့် ကျန်းမာရေးကို ထိခိုက်စေမယ့် အကျင့်ဆိုးတွေကို အမြန်ဆုံးဖြတ်ပစ်ရမှာပါ။ ဥပမာပြောရရင် ဆေးလိပ်သောက်တာမျိုး၊ အဆီတွေအများကြီးစားတာမျိုးတို့ပေါ့။ အဲဒီအစား အားကစားလိုက်မယ်၊ အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမယ်။ ဒီလိုမျိုးပေါ့။

Freepik- freepik

(၂) ပတ်ဝန်းကျင်မှာ ကောင်းတဲ့လူတွေကိုပဲထားပါ

ကိုယ့်ပတ်ဝန်းကျင်မှာ toxic people တွေကို မထားပါနဲ့။ ကိုယ့်ကို အကောင်းချည်းပဲ ဖြစ်စေချင်တဲ့လူတွေ၊ ကိုယ့်ကို ချစ်တဲ့လူတွေကိုပဲ အနားမှာခေါ်ထားပါ။

(၃) ပညာတတ်တစ်ယောက်ဖြစ်အောင် ကျင့်ကြံပါ

ပညာတတ်ဆိုတာ ဘွဲ့တွေ၊ လက်မှတ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ အကျင့်တွေ၊ အတွေးအခေါ်၊ စကားပြောပုံ၊ နေပုံထိုင်ပုံ စတာတွေအားလုံးကို ချင့်ချိန်နိုင်အောင် ပညာတတ်တစ်ယောက်ဖြစ်အောင်နေခိုင်းတာပါ။ ဒီအပြင် ပညာတတ်ခြင်းဟာလည်း မိမိကိုယ်ကိုယ် ယုံကြည်မှုကို ပေးစွမ်းနိုင်ပြီး စိတ်ပျော်ရွှင်စေပါတယ်တဲ့။

READ
ယောက်ျားလေးတွေပြောတဲ့ မိန်းကလေးတစ်ယောက်ကိုလှပစေသောအရာများ
Freepik- freepik

(၄) ပေါင်းသင်းဆက်ဆံရေးကောင်းအောင် ကြိုးစားပါ

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ြဖစ်၊ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်နဲ့ပဲဖြစ်ဖြစ် အမုန်းမပွားစေဖို့ ဂရုစိုက်ပြီး ကျန်းမာတဲ့ ပတ်သက်ဆက်ဆံမှုတွေကို တည်ဆောက်ပါ။ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ပါ။ မေ့ပစ်သင့်တာမေ့ပစ်ပါ။ လူသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို တိုးချဲ့ပါ။

(၅) ကိုယ့်ကိုယ်ကို အချိန်ပေးပါ

ဘယ်လောက်ပဲ မအားလပ်နေပါစေ အမြဲတမ်း ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ဂရုစိုက်ပါ။ အနားယူပါ။ အိပ်ပါ။

Freepik- freepik

penny

sponsored