အသက် ၂၀ ပိုင်းအရွယ်မှာတင် အောင်မြင်တဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်ဖို့..

Freepik- cookie_studio
Sponsored

အရာရာနေ့ချင်းညချင်း တိုးတက်နေတဲ့ခေတ်ကြီးထဲ အမျိုးသမီးငယ်လေးတွေဟာလည်း အရင်လို မှီခိုဆိုတဲ့ရာထူးနဲ့ မနေသင့်တော့ပါဘူး။ ဒါကြောင့် အသက် ငယ်ငယ်ရွယ်ရွယ် ၂၀ ပိုင်းခြားလောက်မှာ အာင်မြင်မှုရမယ့်အမျိုးသမီးငယ်လေးဖြစ်စေဖို့ ဘယ်လိုအကျင့်တွေကို စတင်မွေးမြူသင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) သင်ယူနိုင်သလောက်သင်ယူပါ

Sponsored

လူတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းဟာ အသက် ၃၀ တန်းထဲရောက်လာရင်တောင် တော်တော်လေး ရုန်းကန်နေရပါပြီ။ ဒါကြောင့် အသက် ၂၀ တန်းအရွယ်မှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို သင်ယူပါ၊ ဘွဲ့တွေကို ယူနိုင်သလောက်ယူပါ။ ဒါပေမဲ့ ပိုက်ဆံပေးပြီး သင်တန်းတက်မှ ပညာဆိုတာရတာမဟုတ်ပါဘူး။ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေဆီကပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ်၊ စာအုပ်တွေဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုထဲ ကိုယ့်ထက်ကြီးတဲ့လူတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီးတော့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရဲ့ ထင်မြင်ယူဆချက်တွေကပဲဖြစ်ဖြစ် ရယူနိုင်သလောက် ပညာတွေ၊ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို မှတ်သားပါ။

Freepik- cookie_studio

(၂) ဘာသာစကား

လုပ်ငန်းခွင်ဝင်ရင် မိခင်ဘာသာစကားတစ်ခုတည်း တတ်နေလို့မရပါဘူး။ အနည်းဆုံးတော့ ကမ္ဘာသုံး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှ အဆင်ပြေမှာပါ။ ဒါကြောင် အဓိကကတော့ အင်္ဂလိပ်စာကို တတ်အောင်သင်ပါ။ ဖြစ်နိုင်ရင် နောက်ထပ် ဘာသာစကားအပိုတစ်ခုခုကိုလည်း ထမင်းစားရေသောက်ပြောတတ်အောင် လေ့လာပါ။

READ
လေးစားအားကျစရာကောင်းတဲ့ စွန့်ဦးတီထွင်သူ စင်ကာပူအမျိုးသမီး (၅ )ယောက်

(၃) အတွေ့အကြုံတွေကိုရှာဖွေပါ

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် လူမှုနေထိုင်ဘဝမှာပဲဖြစ်ဖြစ် မျိုးစုံသောနယ်ပယ်တို့မှာ အတွေ့အကြုံတွေကိုရှာဖွေပါ။ အတွေ့အကြုံတိုင်းဟာ အနာဂတ်အတွက် အသုံးဝင်မှာပါ။

Freepik- user6697855

(၄) စုပါ

ဒီအချိန်ဟာ ကိုယ့်ပိုက်ဆံလည်းကိုယ်ရှာနိုင်ပြီဆိုတော့ လူငယ်ပီပီ သုံးမှာပဲ။ ဒါပေမဲ့ သုံးသင့်တာကို သုံးပါ။ မဖြုန်းမိအောင်ကြိုးစားပါ။ ဝင်ငွေရဲ့ သုံးပုံ ၂ ပုံကို စုပါ။

(၅) မိမိကိုယ်ကိုယ်မိမိ ရင်းနှီးမြှုပ်နှံပါ

Self investment လုပ်ပါ။ ဝမ်းစာဖြည့်ပါဆိုတာနဲ့ အတူတူပါပဲ။ ပညာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ရည်သွင်ပြင်၊ ယုံကြည်မှု၊ အပေါင်းအသင်း၊ ငွေကြေးစတဲ့ ဘက်စုံသောအရာတွေကို မလစ်ဟင်းစေအောင် ကြိုးစားပြီး ဖြည့်ဆည်းကြည့်ပါ။ ကိုယ့်ကိုယ်ကိုလည်းချစ်ပါ။

Freepik- ArthurHidden

(၆) လူငယ်ဘဝကို ခံစားပါ

အသက် ၂၀ ပိုင်းဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်နေတဲ့အရွယ်ဖြစ်သလို အမှီအခိုကင်းတဲ့ လူတစ်ယောက်ဖြစ်နေသင့်တဲ့ အရွယ်လည်းဖြစ်ပါတယ်။ အလုပ်လုပ်တာလည်းလုပ် လူငယ်ဘဝပျော်သင့်တာလည်း ပျော်ပါးကြည့်ပါ။ ခရီးတွေထွက်ပြီး ဗဟုသုတတွေကိုရှာဖွေပါ။ Night out တာ၊ hang out လုပ်တာမျိုးတွေနဲ့ အပေါင်းအသင်းနယ်ပယ်ကို ဖြန့်ပါ။ လုပ်ကြည့်ချင်တဲ့ ဝါသနာတွေကို လုပ်ပါ။

READ
စိတ်ရှုပ်စရာတွေ သိပ်မရှိဘဲ ဘ၀ကို အကျိုးရှိရှိ နဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်စေဖို့ .......

 

(၇) ဒီအချိန်မှာစိတ်ဓာတ်ကျတာ ပုံမှန်ပါပဲ

အသက် ၂၀ ပိုင်းအရွယ်တွေဟာ ဘဝမှာ စိတ်ဓာတ်အကျဆုံး အသက်အရွယ်အပိုင်းခြား ၂ ခုထဲက တစ်ခုပါ။ ဒါကြောင့် သင်ဟာ သင့်ဘဝသင် စိတ်ဓာတ်ကျနေမယ်၊ အနာဂတ်မရှိသလို ခံစားရမယ်၊ အလိုမကျမှုတွေ ဖြစ်နေမယ်ဆိုရင် ဒါဟာ ပုံမှန်ပါပဲ။ စိတ်ဓာတ်ကျတာကတော့ ကျမှာပဲ ဒါပေမဲ့ အဲဒီစိတ်ကို အမြန်ဆုံး ကျော်ဖြတ်ပြီးတော့ ပိုကြိုးစားလိုက်ပါ။

Freepik- cookie_studio

penny

sponsored