Travel blogger တစ်ယောက်ဖြစ်လာဖို့ ဘယ်လို ပြင်ဆင်လေ့လာသင့်သလဲ

shutterstock/   Personal Belongings
Sponsored

ခရီးသွားရတာကို ရူးသွပ်တဲ့ သူတွေ၊ ကိုယ်ပိုင် blog လေးရေးရင်း ဝင်ငွေလေး ရှာရင်းနဲ့ ခရီးတွေလည်း ထွက်ချင်တဲ့ သူတွေအတွက် travel blogger တစ်ယောက်ဖြစ်လာဖို့ ဘာတွေပြင်ဆင်ဖို့ လိုအပ်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။ ကမ္ဘာကြီး နေပြန်ကောင်းသွားတဲ့အခါ ခရီးတွေအများကြီးသွားနိုင်ဖို့ ပိုက်ဆံတွေ စုထားလိုက်တော့နော်။

Travel blog တွေ လိုက်ဖတ်ပါ

shutterstock/JKstock

Travel blogger တစ်ယောက်အဖြစ် စလုပ်တော့မယ်ဆိုရင် အရင်ဆုံး သူများတွေရဲ့ အရေးအသားတွေကို လေ့လာကြည့်သင့်ပါတယ်။ တစ်ခြား travel blogger တွေ ဘယ်လိုမျိုး ရေးတယ်၊ ဘယ်လို ခရီးတွေကို သွားတယ် စသဖြင့်ပေါ့။ ဒါတွေကို များများဖတ်လေလေ ကိုယ်သိတာတွေ ပိုများလာပြီး ကိုယ့်လုပ်မယ့် အလုပ်ကို အကောင်းဆုံး လုပ်နိုင်လာမှာပါ။

READ
မြေခွေးဇာတ်ကောင် အကြောင်း ထုတ်ပြောလာတဲ့ Lee Dongwook

ကွဲပြားတဲ့ အိုင်ဒီယာသစ်တွေ ဖန်တီးပါ

shutterstock/ Cocos.Bounty
Sponsored

အွန်လိုင်းပေါ်မှာ များစွာသော travel blog တွေ၊ page တွေရှိတဲ့အတွက် ကိုယ့် blog ကို လူတွေစိတ်ဝင်စားလာဖို့ဆိုရင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ခရီးသွားပုံစံကို သူများနဲ့ မတူတဲ့ အရေးအသားတွေ၊ လူအများသွားနေတဲ့ ခရီးမျိုးထက် ဘယ်လို ခရီးမျိုးကို လူတွေပိုစိတ်ဝင်စားနိုင်လဲ စသဖြင့် အိုင်ဒီယာကောင်းလေးတွေနဲ့ ဆွဲဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အဓိက အရေးကြီးတဲ့ အချက်ပါပဲ။

ခရီးသွားပါ

shutterstock/ eldar nurkovic

ဒါကတော့ အထူးအထွေပြောနေစရာတောင် မလိုပါဘူး travel blogger လုပ်ပါတယ်ဆိုမှ ခရီးတော့ သွားရမှာပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာက တစ်ချို့လူတွေက travel blogger လုပ်ချင်ပေမယ့် ပိုက်ဆံလက်ထဲ မရှိသေးလို့၊ ရင်းနှီးမြုပ်နှံဖို့ ငွေမလုံလောက်သေးလို့ စသဖြင့် မလုပ်ဖြစ်ကြပါဘူး။ ဒါဟာ မှားယွင်းနေတဲ့ အချက်ပါပဲ တကယ်တော့ ငွေလေးနည်းနည်းနဲ့ ပုံမှန်လေး ခရီးစသွားကြည့်ပါ နောက်မှ ဖြည်းဖြည်းချင်း sponsor တွေ၊ ကြော်ညာတွေကနေ ဝင်ငွေတွေ ရလာမှာပါ။

READ
G-Dragon ရဲ့ အနုပညာပြပွဲကနေ ၀င်ငွေ တစ်သန်းကျော်လောက် ရရှိနိုင်

စာဖတ်ပါ

shutterstock/Alex Brylov

နောက်ထပ်ပြောချင်တဲ့ အချက်က စာဖတ်ဖို့ပါ။ စာများများဖတ်လေလေ ကိုယ့်အတွက် ထူးခြားတဲ့ အိုင်ဒီယာသစ်တွေ၊ ကိုယ်သွားချင်တဲ့ ခရီးစဉ်တွေ၊ အတွေးအခေါ်သစ်တွေ၊ ဗဟုသုတတွေ ဒါတွေက ကိုယ့်ရဲ့ blog ကို ပိုတိုးတက်လာစေသလို အောင်မြင်တဲ့  travel blogger တစ်ယောက် ဖြစ်လာစေမှာပါနော်။ ဒါကြောင့် ကိုယ့်ရဲ့ အသိဥာဏ်တွေကို တိုးမြှင့်ပေးမယ့် စာဖတ်ဖို့ကို မမေ့ပါနဲ့။

Khin

sponsored