Relationship တိုင်းမှာ ရေရှည်အဆင်ပြေစေဖို့ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

pixabay/Maria
Sponsored

Relationship လို့ ဆိုလိုက်ပြီဆိုရင် ကျွန်မတို့နိုင်ငံကသူတွေက ချစ်သူရည်းစားစုံတွဲတွေကို သွားမြင်လေ့ရှိပါတယ်။ တကယ်တော့ Relationship ဆိုတာ ချစ်သူရည်းစား ပတ်သတ်မှုကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အထက်လူကြီး စသဖြင့် ပတ်သတ်မှုပုံစံတွေကို ဆိုလိုတာပါ။ ဒါကြောင့် ဘယ်လို relationship မှာ မဆို ရှိသင့် ထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) Ethic ရှိပါ။

Sponsored

ကိုယ်နဲ့ ဘယ်လောက်ပဲ ရင်းနှီးတဲ့သူတွေ ဖြစ်ပါစေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာ ရှိပါတယ်။ ချစ်သူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေ ဖြစ်နေပါစေ တစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက် ကိုယ်ရေးကိုယ်တာတွေကို လေးစားသင့်ပါတယ်။ သင့်က သူတို့ရဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိသားစု ဖြစ်နေတာကြောင့် သင် သိခွင့်ရှိနေတာပါ။ ဒါကို သင်က တခြားသူတွေကို ထပ်မပြောသင့်သလို ပြောပြဖို့လည်း မလိုအပ်ပါဘူး။ အမှုအမှတ်မဲ့ ပြောတတ်တဲ့ အကျင့်ရှိသူဆိုရင်လည်း အဲ့သည့်အကျင့်က မကောင်းတဲ့အတွက် ပြင်ဖို့ လိုအပ်ပါတယ်နော်။

READ
ဆံပင်ပုံသွင်းဖို့အပြင် Hair Spray ကို ကောင်းကောင်းအသုံးချနိုင်မယ့်နည်းလမ်း(၁၂)မျိုး
shutterstock/Anji

(၂) နားလည်မှု ပေးပါ။

လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိစ္စပေါင်းစုံနဲ့ အချိန်ပေးပြီး ဖြတ်သန်းနေရတာပါ။ လူတိုင်းမှာ သူ့ကိစ္စသူ ရှိနေတဲ့အတွက် ကိုယ်က မိသားစု ဖြစ်နေလို့ သူငယ်ချင်း ဖြစ်နေလို့ ချစ်သူ ဖြစ်နေလို့ဆိုပြီး ကိုယ့်အတွက် အချိန်အမြဲ အသင့်ရှိနေရမယ်လို့ မမှတ်ယူထားသင့်ပါဘူး။ သူလည်း သူ့လွတ်လပ်ခွင့်နဲ့သူ အချိန်တွေကို သုံးခွင့် ရှိတဲ့အတွက် နားလည်ပေးဖို့ လိုအပ်ပါတယ်။

pixabay/sasint

(၃) ကိုယ်ပိုင်အချိန် ရှိပါစေ

အချိန်တွေက ကိစ္စတိုင်းအတွက် သုံးနေရတာ ဖြစ်ပေမဲ့ ကိုယ့်အတွက် နားချိန် ကိုယ့်ဘာသာ အချိန်ဖြုန်းချင်တာမျိုးလည်း လူတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် သူ့ကိုယ်ပိုင်အချိန် ယူနေတဲ့အချိန်မှာ နင်က ငါ့အတွက်တောင် အချိန်မရှိဘူးလို့ မပြောသင့် မထင်သင့်ပါဘူးနော်။ သူက ကိုယ့်ကို အလေးထားပေမဲ့ သူ့ကိုယ်ပိုင်အချိန်ယူနေတာလည်း ဖြစ်နိုင်တဲ့အတွက် မလိုအပ်တဲ့ အထင်လွဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။

READ
နေရာမှာထိုင်နေရင်းနဲ့ပြုလုပ်ပေးနိုင်မယ့် အလွယ်ဆုံးဝမ်းဗိုက်အဆီချလေ့ကျင့်ခန်း(၄)မျိုး
pixabay/silviarita

(၄) အချိန်ပေးပါ။

နားလည်မှုပေးသင့်တယ်၊ ကိုယ်ပိုင်အချိန် ရှိဖို့ လိုအပ်တယ် ဆိုတိုင်း အချိန်တွေအားလုံး ကိုယ့်အတွက်ပဲ ထားထားတာမျိုး မဖြစ်သင့်ပါဘူးနော်။ Relationship တွေမှာ သူငယ်ချင်းတွေဆုံချိန်၊ အလုပ်ချိန်၊ စာလေ့လာချိန်၊ ချစ်သူနဲ့စကားပြောချိန် တွေ့ချိန်၊ မိသားစုရဲ့ဝေယျာဝိစ္စအတွက် အချိန် စသဖြင့် အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခုခုအတွက် တစ်ယောက်ယောက်အတွက် အချိန်ပိုပေးရဖို့ လိုအပ်ရင်လည်း အချိန်မပေးနိုင်တဲ့သူတွေကို လေးစားသမှုနဲ့ အသိပေးထားနိုင်ပါတယ်။ ဒါဆို မလိုအပ်တဲ့ အထင်လွဲမှုတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

pixabay/vrolanas

Written by Kham

sponsored