မိသားစုဝင်ချင်း အဆင်ပြေပျော်ရွှင်တဲ့ ဆက်ဆံရေးဖြစ်ဖို့ ဘယ်လို တည်ဆောက်မလဲ

shutterstock/Olena Yakobchuk
Sponsored

မိသားစုဆိုတာ ကိုယ့်ရဲ့ လူအဖြစ် ရှင်သန်အောင် စတင် မွေးဖွားပေးလိုက်တဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ မိသားစုဆိုတာက ဘဝရဲ့ အဖိုးတန်ဆုံးသော အရာတွေ ဖြစ်လို့ တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လူရယ်ဆိုတာက အတူတူ အချိန်အကြာကြီး ရှိတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာလေးတွေ မကြိုက်တာလေးတွေ ရှိတတ်ကြပါတယ်။ မိသားစုကတော့ အဆင်မပြေမှုတွေထက် ပျော်ရွှင်မှုတွေနဲ့ တည်ဆောက်ရမှာမို့ ဒီလိုမျိုးတွေ ပြုမူပြီး သတိထားသင့်တာ သတိထားရပါမယ်။

(၁) မိသားစုဆိုတာကို သတိရပါ

Sponsored

မိသားစုဆိုတာ နှစ်ယောက်မရှိတဲ့ သူတွေနဲ့ စုဝေးထားတာ ဖြစ်ပါတယ်။ သင် တကယ်လို့ စိတ်ဆိုးခဲ့တယ်ဆိုရင်တောင် ဒါက အခန့်မသင့်လို့ ဖြစ်ကြတာလို့ လက်ခံပြီး ပြန်ပြေလည်သင့်ပါတယ်။ မိသားစုကလွဲရင် ကိုယ့်ကို သတိရသူက ရှားပါတယ်။ မိသားစုထဲမှာက မိဘတွေက အရေးကြီးပေမယ့် အကိုတွေ အစ်မတွေနဲ့လည်း အဆင်ပြေပြီး အမြဲ မိသားစုဆိုတာကို သတိတရနဲ့ တစ်ယောက်ကို တစ်ယောက် မနှစ်မြို့တာတွေ ဘေးဖယ်ပြီး ကောင်းစေဖို့ အပြန်အလှန် ဖေးမရတာ ဖြစ်ပါတယ်။

Image by Shelley Wiart from Pixabay

(၂) ညှိနှိုင်းပါ

မိသားစုဆိုတာလည်း လူဖြစ်တာကြောင့် အတ္တတွေ ရှိပါတယ်။ မိသားစု သံယောဇဉ်တွေကတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာစေပြီး တစ်ဖက် မိသားစုဝင်ကို အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာတွေ ဖြစ်လာပြီဆိုရင် ဖွင့်ပြောပြီး အပြန်အလှန် အဆင်ပြေမယ့် အခြေအနေ တစ်ရပ်ရောက်အောင် ညှိနှိုင်းသင့်ပါတယ်။ ဒါ့အပြင် မိဘတွေ အုပ်ထိန်းသူတွေကလည်း လွတ်လပ်မှု မရှိတော့လောက်အောင် စိုးရိမ်ပူပန်မှုတွေပေးတာကလည်း ကောင်းတော့ မကောင်းပါဘူး။ ဒါကြောင့် ချုပ်ချယ်မှု မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

READ
ကိုယ့်ရဲ့ထက်မြက်ခြင်းဟာ မိခင်ရဲ့ထိန်းကျောင်းလမ်းညွှန်မှုနဲ့လည်း ဆိုင်တယ်တဲ့

(၃) မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ

လူဆိုတာ တစ်ယောက်စိတ်နဲ့ တစ်ယောက် မတူပါဘူး။ တစ်ယောက်ကို တစ်ယောက် မိသားစုဝင်ကြားထဲမှာ အဆင်မပြေတာ ရှိလာပြီဆိုရင် မပြောပဲ ငြိမ်နေတာက အဖုအထစ်တွေ ဖြစ်စေပါတယ်။ အဖုအထစ်တွေကို အစိုင်အခဲ ဖြစ်စေမယ့်အစား ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက ပိုကောင်းပါတယ်။ မိသားစုဝင်အချင်းချင်း မကျေနပ်တာတွေ ပြောမှသာ တစ်ယောက်ပေါ်တစ်ယောက် ဘာအဆင်မပြေလဲဆိုတာကို သိရပြီး ဆင်ခြင်လို့ ရမှာပါ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောခြင်းက မိသားစုဝင်ချင်း အဆင်မပြေ မဖြစ်စေမယ့် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

shutterstock/fizkes

(၄) အပြန်အလှန် ဖေးမပါ

မိသားစုဆိုတာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူတွေပါ။ မခေါ်ချင်တောင် မတော်ချင်လို့ မရတာ မိသားစုပါ။ ဒါကြောင့် မိသားစုဝင်ချင်း တစ်ယောက်ကို တစ်ယောက် အကူအညီ လိုအပ်တဲ့အခါ ဖေးဖသင့်တဲ့အခါမျိုးတွေမှာ ကူညီပေးသင့်ပါတယ်။ အေးအတူပူအမျှဆိုတာ မိသားစုသဘောသဘာဝမို့ ဒုက္ခရောက်ချိန်မှာ ကိုယ်လွတ်ရုန်းတာမျိုးက မိသားစု မဆန်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့  အပြုအမူ ဖြစ်ပါတယ်။ သူ့အတွက် ကိုယ်အဆင်သင့်ရှိနေပြီး ကိုယ့်အတွက် သူကလည်း အဆင်သင့်ရှိနေတာမျိုး ရှိထားခဲ့ရင် မိသားစုအတွင်း အချစ်တွေ ပိုပိုပြီး တိုးပွားလာမှာ ဖြစ်ပါတယ်။

READ
သင့်အပေါ်ကို သင့်ယောက်ျားရဲ့ အချစ်တွေမလျော့သွားအောင် ဆွဲဆောင်နည်း (၅) မျိုး

(၅) ချစ်ပေးပါ

ချစ်တယ် ထုတ်မပြတတ်ဘူးဆိုတာ အလကားပါနော်။ ချစ်တဲ့အခါ ကိုယ်က ချစ်နေကြောင်းကို ပြဖို့ လိုသလို ကိုယ့်ချစ်ရသူတွေကိုလည်း ဂရုစိုက်ပေးရမှာပါ။ လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ကို ဂရုတစိုက်နဲ့ ချစ်နေပေးတာကို မြင်ရတဲ့အခါ လူတွေက ပျော်ရွှင်သွားတတ်ပါတယ်။ ဒါကြောင့် အချစ်တွေကို အပြန်အလှန် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ မြင်အောင် ဖော်ပြပေးတာက တစ်ယောက်ကို တစ်ယောက် ပိုပြီး ရင်းနှီးပြီး ချစ်ပြီး ပျော်ရွှင်မှုတွေ တိုးစေပါတယ်။

အားလုံးပဲ မိသားစုဝင်တွေနဲ့ ပျော်ရွှင်စရာ အချိန်လေး ရပါစေနော်။

by Kham

sponsored