ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ

shutterstock/ Syda Productions
Sponsored

မိန်းကလေးဆိုတာ ကိုယ့်ကိုယ်လာကြိုက်တဲ့ သူတွေကိုပဲ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုပေမယ့် အဲဒီ့ထဲက ကိုယ်အတွက် သေချာတဲ့၊ ကိုယ့်အတွက် စစ်မှန်တဲ့ လက်တွဲဖော်ကိုတော့ ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ကိုယ်မကြိုက်ဘူးဆိုရင်တော့ ပြတ်ပြတ်သားသား ငြင်းပိုင်ခွင့်လည်း ရှိပါတယ်နော်။ ဒီတော့ ကိုယ့်ဘဝအတွက် ရွေးချယ်စရာ နှစ်ယောက်ဖြစ်နေတဲ့အခါ မှန်ကန်တဲ့ လူကို ရွေးချယ်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

နှစ်ယောက်လုံးရဲ့ စိတ်နေစိတ်ထားကို စဉ်းစားကြည့်ပါ

shutterstock/NAK Photographer

တစ်ယောက်စီရဲ့ စိတ်ဓာတ်ရေးရာပိုင်းတွေကို ကြည့်ဖို့လိုအပ်ပါတယ်။ ဥပမာ – သူ ဘယ်လောက် သင့်အပေါ်မှာ ပွင့်လင်းတယ်၊ ဘာတွေကို ဖုံးကွယ်ထားတတ်တယ်၊ သင့်ကို ဘယ်လောက် ပျော်ရွှင်အောင် ထားပေးတယ်၊ သူမှာ ဘယ်လောက် ယောကျာ်းမာနရှိတယ် စသဖြင့် ဒါတွေက အရေးကြီးတဲ့ အချက်တွေပါ။ တစ်ယောက်ချင်းစီရဲ့ ဒီအချက်တွေကို စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။

READ
ဝယ်လာတဲ့ဖိနပ်ကသေးနေရင် ဆိုဒ်ကြီးလာအောင်လုပ်လို့ရတဲ့ နည်း(၂) နည်း

သင့်ရဲ့ ခံစားချက်ကို တွေးပါ

shutterstock/ puhhha
Sponsored

ကိုယ့်ဘဝရဲ့ စစ်မှန်တဲ့ သူကိုရှာဖွေဖို့ နှစ်ယောက်ကြားမှာ ဒွိဟဖြစ်နေတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်ကို သတိထားသင့်ပါတယ်။ သူက သင့်အပေါ် ဘယ်လို သက်ရောက်တယ်၊ သင်သူနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားမိတယ် ဆိုတာကို စဉ်းစားသင့်ပါတယ်။ တစ်ခြားအရာတွေမှာ မကွဲပြားရင်တောင် သင့်ရဲ့ ခံစားချက်တွေကိုတော့ သင်လိမ်လို့ ရမယ်မထင်ပါဘူး။ သင့်ရဲ့ခံစားချက်တွေက သင်တကယ် အလေးသာတဲ့ သူဘက်မှာ ရှိနေမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို သံသယမဖြစ်ပါနဲ့

shutterstock/ George Rudy

ကိုယ်ဆုံးဖြတ်လိုက်တဲ့ တစ်စုံတစ်ယောက်ကတော့ ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ သူဖြစ်နေမှာပါ။ ငါဆုံးဖြတ်တာ မှန်ပါ့မလား၊ မှားသွားရင်ကော ဆိုတဲ့ အတွေးမျိုး မဝင်ပါစေနဲ့။ စဉ်းစားနေစဉ်အတွင်းမှာ တစ်စုံတစ်ယောက်ရဲ့ ဆိုးဝါးမှုလေးတွေကိုတော့ သင်တွေ့လာရမှာပါ။ ဒါက သင့်ကို ဆုံးဖြတ်ချက်ချဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။

READ
ကောင်လေးတွေ ချစ်သူကို နမ်းချင်လာရင် လုပ်တတ်တဲ့ အပြုအမူ (၇) မျိုး

သူငယ်ချင်းရဲ့ အမြင်ကို မေးပါ

shutterstock/ Alex_Maryna

ကိုယ်ယုံကြည်ရတဲ့၊ ကိုယ်နဲ့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းဆီက ပွင့်လင်းတဲ့ ထင်မြင်ချက်ကို မေးကြည့်ပါ။ ဘယ်တစ်ယောက်က သင့်အပေါ် ပိုကောင်းတယ်လို့ ထင်တဲ့အကြောင်း၊ ဘယ်တစ်ယောက်က သင့်ကို တကယ်ချစ်မြတ်နိုးတယ်လို့ ထင်တဲ့အကြောင်းကို သူငယ်ချင်းရဲ့ အမြင်ကို မေးကြည့်ပါ။ သူငယ်ချင်း ဆီက အကြံပေးစကားရတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်နဲ့ တိုက်ကြည့်ဖို့ကိုလည်း မမေ့ပါနဲ့အုံး။ သူငယ်ချင်းပေးတဲ့ အကြံကိုပဲ ယူရမယ်လို့ဆိုလိုတာမျိုး မဟုတ်ပဲ သူ့ရဲ့ အမြင်နဲ့ ကိုယ့်ရဲ့အမြင်ကို ယှဉ်ပြီးစဉ်းစားစေချင်တာပါ။ ဒါက သင့်အတွက် စစ်မှန်တဲ့ သူကို ရွေးချယ်ဖို့ ပိုလွယ်ကူစေမှာပါနော်။

Khin

 

sponsored