ပျိုမေတို့အသားအရောင်နဲ့အလိုက်ဖက်ဆုံးပါးနီအရောင်ရွေးချယ်နည်း

Sponsored

မိတ်ကပ်လှလှလိမ်းချင်ပေမယ့် ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့ cosmetics တွေရွေးရတာခက်တာကလည်း တစ်ဒုက္ခနော်။ တခြားအဆင့်တွေမှာ ဘယ်လောက်ပဲ လှနေအောင်လိမ်းခဲ့ပေမယ့်လည်း နောက်ဆုံးအဆင့် ပါးနီအရောင်က ဂွမ်းနေရင်လည်း အလှပျက်မှာပါနော်။ ဒါကြောင့် ပျိုမေတို့အသားအရောင်နဲ့ အလိုက်ဖက်ဆုံးပါးနီအရောင်ကို ဒီလိုလေးတွေရွေးပါလို့…

  • For deep  skin

pinterest

အသားအရောင်က ညိုတာထက်ပိုနေရင်တော့ deep skin လေးလို့ပြောရမှာပါနော်။ deep skin သမားလေးတွေအနေနဲ့ အနီရောင်ပါးနီကိုရွေးချယ်ရမယ်ဆိုရင် အလိုက်ဖက်ဆုံးပါပဲ။

  • For dark skin

pinterest
Sponsored

dark skin ဆိုတာ အသားမဲတာကိုပြောတာမဟုတ်ပါဘူး။ တခြားသူတွေထက် အရောင်ရင့်တာ ညိုတာကိုဆိုလိုတာပါ။ ညိုချောလေးတွေနဲ့အလိုက်ဖက်ဆုံးကတော့ မက်မွန်သီးရောင်ပါးနီပါ။

  • For Olive skin

pinterest

သံလွင်သီးရောင်အသားအရေမျိုးကို ပိုင်ဆိုင်ထားရင်တော့ နှင်းဆီရောင်ပါးနီနဲ့ အလိုက်ဖက်ဆုံးပါပဲ။

  • For medium skin

pinterest

ဖြူတာလည်းမဟုတ် ညိုတာလည်းမဟုတ်တဲ့ သူတွေရွေးသင့်ဆုံးကတော့ သန္တာရောင်ပါးနီပါတဲ့။

  • For Fair skin

pinterest

အသားဖြူတဲ့သူတွေက ပန်းနုရောင်ပါးနီကိုရွေးရင် အလိုက်ဖက်ဆုံးပါ။

  • For Pale skin

pinterest

ဖြူဖျော့လွန်းတဲ့အသားအရေပိုင်ရှင်တွေကတော့ အသားရောင် ပါးနီလေးတွေလိမ်းခြယ်ပေးရင်ကွက်တိပဲနော်။ အရောင်တောက်တာတွေသွားလိမ်းလိုက်ရင် အသားအရောင်နဲ့အရမ်းကွာခြားသွားနိုင်ပြီး ဘယ်လိုမှကြည့်ကောင်းတော့မှာမဟုတ်ပါဘူး။

READ
ပင်ကိုယ် ချောတဲ့သူကိုတောင် ရုပ်ဆိုးတယ်လို့ ထင်သွားရစေနိုင်တဲ့ အမူအကျင့်များ

MAY THAZINHTOO

sponsored