အရသာရှိလွန်းတဲ့ ပုဇွန်ထမင်းကြော် ပြုလုပ်နည်း

Sponsored

အခုဖော်ပြပေးမယ့်နည်းလေးကတော့ အရသာရှိပြီး အာဟာရပြည့်တဲ့ ပုဇွန် ထမင်းကြော်ပြုလုပ်နည်းဖြစ်ပါတယ်။ လွယ်ကူတဲ့ နည်းလေးဖြစ်တာကြောင့် လူတိုင်းနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

လိုအပ်သောပစ္စည်းများ

  • ထမင်းဖြူ နှစ်လုံး
  • ပဲသီး ၁၀တောင့်
  • ကြက်သွန်ဖြူ ၅တက်
  • မုန်လာဥနီအကြီး တစ်လုံး
  • ပုဇွန်အကောင်သေး ၁၀ သား
  • ခရုဆီ တစ်ဇွန်း
  • ပဲငံပြာရည် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား
  • ကြက်သားမှုန့်
Sponsored

ပြုလုပ်ပုံအဆင့်ဆင့်

  • ပုဇွန်ကို အခွံသေချာချွတ်ပြီး ပြောင်အောင်ဆေးထားပါ။
  • မုန်လာဥနီ၊ ပဲသီးတွေကို ပါးပါးသေးသေး လှီးထားပါ။
  • ကြက်သွန်ဖြူကိုလည်း ထောင်းထားပါ။
  • ဒယ်အိုးကို ဆီထည့်ပြီး အပူပေးလိုက်ပါ။
  • ဆီပူလာလျှင်  ကြက်သွန်ဖြူကိုထည့်ပါ။
  • ပုဇွန်၊ ပဲသီး၊ မုန်လာဥနီတို့နှင့်အတူ ထမင်းမှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကိုထည့်ပါ။
  • ပုဇွန်ကျက်လျှင် မီးအရှိန်ကို လျှော့၍ ထမင်းကို ထည့်ကာ အဆက်မပြတ် သမသွားအောင်ရောမွှေပေးပါ။
  • ၁၅ မိနစ်လောက် အကြာတွင် မီးဖိုပေါ်မှချ၍ အရသာရှိသော ပုဇွန်ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။
READ
ရှူးရှဲကြက်သားမျှစ်ချိုကြော်
Em Em(Auntymay)
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored