နှုတ်ခမ်းတွေကို အလှဆုံး ဖြစ်စေမယ့် lip scrub ကို အိမ်မှာ ကိုယ်တိုင် လုပ်မယ်…

shutterstock/Juta
Sponsored

မိန်းကလေးတွေအတွက် နှုတ်ခမ်းရဲ့ ကျန်းမာရေးကလည်း အလှအပအတွက် သိပ်ကို အရေးကြီးပါတယ်။ နှုတ်ခမ်းတွေကို ပုံမှန် scrub လုပ်ပေးဖို့လည်း လိုအပ်တာမို့ အိမ်မှာပဲ ကိုယ်တိုင် scrub လုပ်တာ ကောင်းပါတယ်။ အကုန်အကျလည်း သက်သာစေတာမို့ အိမ်မှာပဲ အလွယ်တကူ lip scrub လုပ်နိုင်တဲ့ နည်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်နော်။

နည်းလမ်း (၁)

Sponsored

ဒီနည်းကတော့ ပျားရည်နဲ့ သကြားညိုပဲ လိုအပ်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ သကြားညို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကို ရောစပ်ပြီး နှုတ်ခမ်းမှာ သုတ်လိမ်းရင်း အနည်းငယ် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ဆယ်မိနစ်လောက် ကြာတဲ့အခါမှာတော့ ရေနဲ့ ဆေးချလိုက်လို့ ရပါပြီ။

indrepau/Freepik

နည်းလမ်း (၂)

READ
Crush ရဲ့ စိတ်အာရုံတွေကိုအမှန်အကန်ဆွဲဆောင်နိုင်မယ့်ဖက်ရှင်ဆိုတာ ဒီလိုလေးတွေပါ

ဒီနည်းကတော့ သိပ်ကို လွယ်ပါတယ်။ lip balm ရှိရုံနဲ့ အဆင်ပြေပါတယ်။ ကိုယ်သုံးနေကျ lip balm ကို နှုတ်ခမ်းမှာ ထူထူလေး လိမ်းပြီး သွားတိုက်တံနဲ့ နှုတ်ခမ်းသားကို စက်ဝိုင်းပုံနှိပ်နယ်ပေးရင် ဖြစ်ပါတယ်။

Shutterstock/sukiyaki

နည်းလမ်း (၃)

ကော်ဖီ scrub လေး လုပ်ဖို့ဆိုရင်တော့ ကော်ဖီအကြမ်းမှုန့်နဲ့ ပျားရည်ပဲ လိုအပ်ပါတယ်။ ကော်ဖီအကြမ်းမှုန့် လက်ဖက်ရည် တစ်ဇွန်းစာနဲ့ ပျားရည် လက်ဖက်ရည် တစ်ဇွန်းစာကို ဆတူ ရောစပ်ပြီး နှုတ်ခမ်းပေါ်ကို သုတ်လိမ်းပြီး တစ်မိနစ်ကြာအောင် သုတ်လိမ်းပေးရပါမယ်။ ပြီးရင်တော့ နောက်ထပ်မိနစ်အနည်းငယ် ထပ်ထားပြီးသွားရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်လို့ ရပါတယ်။

Shutterstock/Indre Pau

နည်းလမ်း (၄)

Vaseline က နှုတ်ခမ်းအတွက် အသုံးဝင်တဲ့ အလှဆီဆိုတာကို သိပြီးသား ဖြစ်မှာပါ။ Vaseline လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပရိုရည် လက်ဖက်ရည် တစ်ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောစပ်ပြီး အသုံးပြုလို့ ရပါတယ်။ ဒီနည်းလမ်းကလည်း တခြားနည်းတွေလိုပဲ scrub နှုတ်ခမ်းပေါ် သုတ်လိမ်းပြီး တစ်မိနစ်ကြာအောင် နှိပ်ပေးပြီးတဲ့နောက် မိနစ်အနည်းငယ် ကြာတဲ့အခါမှာ ရေနွေးလေးနဲ့ ဆေးချပေးရမှာ ဖြစ်ပါတယ်။

READ
အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်
Shutterstock/Ismail Sadiron

နည်းလမ်း (၅)

ဗီတာမင်အီး၊ ပျားရည်၊ သကြားညိုနဲ့ သံလွင်ဆီတို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ပမာဏနဲ့ ရောစပ်ပြီး နှုတ်ခမ်းကို သုတ်လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပေးပြီးတဲ့နောက်မှာ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပြီး lip balm လေး လိမ်းပေးရမှာ ဖြစ်ပါတယ်။

Kham

sponsored