နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေ ကုသဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းများ

Image by Karolina Grabowska from Pixabay
Sponsored

ရာသီဥတုလည်း မအေးတော့ပါဘဲ နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေဖြစ်နေတာက ဘာလို့များပါလိမ့်။ များသောအားဖြင့် နှုတ်ခမ်းခြောက်ပြီး ကွဲတဲ့အခါ နှုတ်ခမ်းနီအဆီဆိုးလိုက်ရင် သက်သာသွားတတ်ကြပေမယ့် တခါတရံမှာ နှုတ်ခမ်းကွဲတာက သင်ထင်မထားတဲ့တခြားအကြောင်းရင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ပျိုမေတို့ သိထားဖို့လိုအပ်တဲ့ နှုတ်ခမ်းခြောက်ရတဲ့အကြောင်းရင်းလေးတွေနဲ့ လွယ်ကူထိရောက်တဲ့ကုသနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားအရေဓာတ်မတည့်မှုကြောင့်

puhha/shutterstock

ပျိုမေတို့အနေနဲ့ခါတိုင်းဆောင်းတွင်းမှာတောင် နှုတ်ခမ်းမခြောက်တတ်ဘဲ ရုတ်တရက်ကြီးနှုတ်ခမ်းတွေခြောက်သွေ့အက်ကွဲတာ ဖြစ်လာတယ်ဆိုရင်တော့ လက်ရှိသုံးနေတဲ့ အလှကုန်၊ skin care တွေထဲက တစ်ခုခုက ကိုယ်နဲ့ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။

(၂) ရေဓာတ်ခန်းခြောက်နေခြင်းကြောင့်

L Julia/shutterstock
Sponsored

တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓာတ်အပြည့်အ၀မရဘူးဆိုရင်၊ ရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓာကိုယ်ထဲက တခြားကယ်မီကယ်တွေက အသားအရေအပေါ်ယံလွှာကိုခြောက်သွေ့မှုဖြစ်အောင် အားပေးပါလိမ့်မယ်။ အထူးသဖြင့် နှုတ်ခမ်းတွေပေါ့။

(၃) ပါးစပ်ကနေအသက်ရှူခြင်းကြောင့်

ပုံမှန်ဆို နှာခေါင်းကနေပဲအသက်ရှူကြတာချည်းပါပဲ။ ဒါပေမယ့် အအေးမိပြီးနှာခေါင်းပိတ်နေရင် ပါးစပ်ကနေအသက်ရှူရပါတယ်၊ အဲ့ဒီလို အအေးမမိတာမဟုတ်ဘဲ ပါးစပ်ကနေအသက်ရှူနေမိတာမျိုးလည်းဖြစ်တတ်တာကြောင့် အဲ့ဒီလို ပါးစပ်ကနေအသက်ရှူမိနေတာမျိုးဖြစ်နေရင်တော့ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်နေနိုင်ပါတယ်။

(၄) ဗီတာမင်ချို့တဲ့ခြင်းကြောင့်

pixel brush/shutterstock

နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက နောက်တစ်မျိုးကတော့ ဗီတာမင် ဘီအုပ်စု၊ သံဓာတ်နဲ့ ဇင့်ဓာတ်တို့လိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

READ
သင့်ရဲ့ လက်သည်းခွံတွေကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းများ

(၅) ဟော်မုန်းအပြောင်းအလဲကြောင့်

ခန္ဓာကိုယ်မှာဟော်မုန်းမညီမျှမှုတွေဖြစ်တဲ့အခါ နှုတ်ခမ်းခြောက်တာ၊ အသားအရေပေါ်မှာ အစက်အပြောက်တွေပေါ်လာတာမျိုးဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် ပမာဏလျော့နည်းနေရင်ဖြစ်တတ်တာပါ။

ကုသနည်း

ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာတွေဖြစ်နေတယ်ဆိုရင် နှုတ်ခမ်းသားလေးတွေစိုပြည်လာအောင် လုပ်လို့ရမယ့်နည်းလေးတွေရှိပါတယ်။

  • ဗီတာမင် အီး နဲ့ antioxidant တွေပါဝင်တဲ့ နှုတ်ခမ်းနီအဆီ တစ်နေ့မှာ နှစ်ကြိမ် သုံးကြိမ်လောက်သုံးပေးပါ။
  • သံပရိုရည်နဲ့သကြားကိုရောပြီး နှုတ်ခမ်းအပေါ်လွှာဆဲလ်သေတွေကိုဖယ်ရှားပေးဖို့ lip scrub လုပ်ပေးပါ။
  • မိတ်ကပ်လိမ်းတဲ့အခါ တတ်နိုင်သလောက် နှုတ်ခမ်းကိုရှောင်ပြီး လိမ်းပါ။ တခြားအလှကုန်ပစ္စည်းတွေနဲ့နှုတ်ခမ်းမှာလိမ်းမိသွားရင် အဲ့ဒီအပေါ်ကနေနှုတ်ခမ်းနီထပ်ဆိုးတာမျိုးမလုပ်ပါနဲ့။ တစ်သျှူးလေးကိုရေဆွတ်ပြီး နှုတ်ခမ်းပေါ်က မိတ်ကပ်တွေကို ဖယ်ရှားပေးပြီးမှ နှုတ်ခမ်းနီကိုဆိုးပေးပါ။ နှုတ်ခမ်းနီကို Matte အမျိုးအစားမသုံးသေးဘဲ Lip Balm လေးတွေပဲသုံးပေးပါ။

MAY THAZINHTOO

sponsored