ခင်ပွန်းဖြစ်သူကအရင်ကလောက် ကိုယ့်အနားမကပ်တော့ရင် ပြန်ဆွဲဆောင်နည်း (၅) မျိုး

Sponsored
အိမ်ထောင် သက်တမ်းကြာလာတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ယောက်ျားဖြစ်သူက ကိုယ့်အနားသိပ်မကပ်ဖြစ်တော့တာ၊ နည်းနည်း သွေးအေးသွားသလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် အိမ်ရှင်မတွေအနေနဲ့ ကိုယ့်ခင်ပွန်းဖြစ်သူရဲ့ နှလုံးသားကို ပြန်ရဖို့ လုပ်ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

(၁) အသစ်တစ်ခုခုလုပ်ကြည့်ပါ

ဆိုလိုတာက သင်တို့မလုပ်ဖူးတဲ့ အသစ်အဆန်းတစ်ခုခုလေးကို အတူတူလုပ်ကြည့်ပါ။ နေရာသစ်တစ်ခုခုကို ခရီးထွက်တာမျိုး၊ စားသောက်ဆိုင်အသစ်တစ်ခုခုမှာ အတူတူသွားစားတာမျိုးလုပ်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမပြီး မလုပ်ဖူးတာလေးတွေကို စမ်းလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင် သင်တို့နှစ်ယောက်ကြားက ပျောက်ကွယ်နေတဲ့ ရင်ခုန်ကြည်နူးစရာအချိန်လေးတွေကို ပြန်ရရှိနိုင်မှာဖြစ်ပါတယ်။

(၂) ကစားပါ

ဒါဟာ ဘာမှမဟုတ်သလိုလို ထင်ရပေမယ့် တကယ်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အိမ်မှာနေရင်းနဲ့ အတူတူ ဖဲကစားတာမျိုး၊ ပြေးလွှားနေတာမျိုး၊ ကလိထိုးတာမျိုးလေးတွေ လုပ်ပါ။ မဟုတ်ရင်လည်း စကားထာဖွက်တာမျိုး၊ သူကြိုက်တဲ့ ဂိမ်းတစ်ခုခုကို အတူတူ ဆော့တာမျိုး လုပ်ကြည့်ပါ။ ဒါဆိုရင်ထူးခြားတဲ့ စိတ်ပျော်ရွှင်မှုလေးတွေကို သင်တို့နှစ်ယောက်လုံး ခံစားရမှာပါ။

READ
ဒီအချက်တွေနဲ့သင့်ရဲ့ဝမ်းနည်းနေတဲ့ ဇနီးကို နှစ်သိမ့်ပေးနိုင်မှာပါ

(၃) စကားပြောပါ

Sponsored

အိမ်ထောင်ပြုပြီးရင် စုံတွဲတော်တော်များများက စကားတွေအများကြီးပြောဖို့ အချိန်သိပ်မရကြပါဘူး။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း သွေးအေးလာကြပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်ခင်ပွန်းကို စကားတွေပြောပါ။ သားသမီးတွေအကြောင်းပဲဖြစ်ဖြစ်၊ ရင်ဖွင့်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ သူပြောတဲ့စကားတွေကိုလည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ နားထောင်ပေးပါ။ သင့်ဘက်ကကြီးပဲ တစ်ချိန်လုံးတရစပ် မပြောပဲ သူပြောတာလေးတွေကို နားထောင်ပေးလိုက်ပါ။

(၄) အပြစ်တင်တာတွေရပ်ပါ

သင့်ခင်ပွန်းမှာ အားနည်းချက်တွေ၊ တာဝန်မကျေတာတွေ၊ ချို့ယွင်းချက်တွေ အများကြီးရှိမှာပါ။ ဒါပေမယ့် ဒီအရာတွေကို အမြဲတမ်း အပြစ်တင်နေတာတော့ မဖြစ်သင့်ပါဘူးနော်။ ဒီလိုလုပ်နေတာဟာသင့်ခွန်ပွန်း သင့်အနားကို မလာချင်အောင် အဝေးကို တွန်းပို့နေတာနဲ့တူပါတယ်။ ဒါကြောင့် အပြစ်တင်တာလေးတွေရပ်ပြီး သူလုပ်ပေးတဲ့ အသေးအမွှားလေးတွေကို ချီးကျူးပေးလိုက်ခြင်းဖြင့် ပိုပျော်စရာကောင်းတဲ့ နေ့လေးတွေကို ပိုင်ဆိုင်ရမှာပါ။

(၅) ပွတ်သီးပွတ်သပ်နေပေးပါ

ခင်ပွန်းကို အမြဲတမ်း ထိတွေ့ပြီး ပွတ်သီးပွတ်သပ်လုပ်ပေးဖို့ မမေ့ပါနဲ့။ အိပ်ရာမဝင်ခင် သူ့ကို ပွေ့ဖက်ပြီး စကားပြောတာမျိုး၊ သူ့ကိုဘယ်လောက်ချစ်တဲ့အကြောင်း၊ ဘယ်လောက်အားကိုးတဲ့ အကြောင်းလေးတွေကို ချိုသာပြီးနှစ်လိုဖွယ်ကောင်းအောင် ပြောပေးပါ။ ဒီအရာကဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သင်ကိုယ်တိုင်လက်တွေ့ ကျင့်သုံးကြည့်တဲ့အခါ သိလာမှာပါ။

READ
လက်ထပ်ပြီးမှ အံ့အားသင့်ဖွယ်သိရှိလိုက်ရတဲ့ ခင်ပွန်းသည်တို့ရဲ့ မဟာလျှို့ဝှက်ချက်များ...
Em Em (Auntymay)
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored