ဆံပင်ကြမ်းတွေ နှုတ်နေတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ပေးနိုင်တဲ့ နည်းလမ်းကောင်းများ

Photo by Karolina Grabowska from Pexels
Sponsored

အားတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် မသိလိုက်ဘဲ ခေါင်းပေါ် လက်ရောက်ပြီး ဆံပင်တွေကို ဆွဲနေတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ ခြေထောက်ကို လှုပ်နေတတ်တဲ့ အကျင့်ရှိတဲ့သူတွေနဲ့ ဆင်တူပါတယ်။ သူတို့တွေကတော့ ဆံပင်ကို ကိုင်နေရမှ စိတ်က သက်သာသလို ခံစားရသလို ဆံပင်တွေကို ဆွဲရင်းနဲ့ ဆံပင်တွေကို နှုတ်တတ်တာကြောင့် တချို့ဆို ထိပ်တွေ ပြောင်တာအထိ ဖြစ်သွားတတ်ကြပါတယ်။ ဒီအကျင့်က မကောင်းတဲ့ အကျင့်တစ်ခုမို့ အကျင့်ပျောက်စေဖို့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်နော်။

(၁) လက်ကို အနားမပေးပါနဲ့

Sponsored

လက်က လုပ်စရာ မရှိတဲ့အချိန်မျာ အများဆုံး လုပ်မိတတ်ကြတာ ဖြစ်ပါတယ်။ ဆံပင်တွေကို ထိုင်ဆွဲနေရတာကို မသိစိတ်နဲ့ သိစိတ်ရောပြီး နှစ်သက်နေမိကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းသုံးရင် လက်နှစ်ဖက်နဲ့ သုံးဖို့ ပြုလုပ်ကြည့်ပါ။ တစ်ဖက်တည်းကနေ သုံးပြီး တစ်ဖက်က ဆံပင်ကိုင်မိတာမျိုး ဖြစ်အောင် မလုပ်ပါနဲ့။

READ
Hair Dryer အမြဲသုံးတတ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀)ချက်
shutterstock/HBRH

(၂) သတိထားမိတာနဲ့ အာရုံပြောင်းလိုက်ပါ

ဒီလို ဆံပင်ဆွဲတဲ့ အကျင့်ရှိသူတွေက လက်က ခေါင်းပေါ် ရောက်နေတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် သတိထားမိတာနဲ့ အာရုံပြောင်းပစ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးထားမယ်ဆိုရင်တော့ အမြဲ ဆွဲနေတတ်တဲ့ အကျင့်ကို လျှော့ချလာနိုင်မှာပါ။

(၃) စီလီကွန် ဘောလုံးလေးတွေကို သုံးပါ

ကလေးလေးတွေ ဆော့ကြသလို ပျော့အိပျော့အိ ဘောလုံးလေးတွေ ရှိပါတယ်။ အဲ့ဒီ စီလီကွန် ဘောလုံးလေးတွေက ဆံပင် မဆွဲရလို့ အားကုန်သလို ဖြစ်နေတဲ့ လက်တွေကို သက်သာရာရစေသလို လက်ကိုလည်း ဆံပင်ကို မဆွဲဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

Photo by Karolina Grabowska from Pexels

(၄) အလှအပျက် မခံပါနဲ့

လက်က ခေါင်းပေါ် ရောက်နေတာက တကယ့်ကို ကြည့်ရဆိုးပါတယ်နော်။ မျောက်လေးတွေလို ကိုယ့်ကို သူများ မြင်ရတာလည်း နည်းနည်း ရယ်စရာ ကောင်းပါတယ်။ ဒါကြောင့် အလှပျက်မခံဘူးဆိုတဲ့ စိတ်လေး တွေးပြီး ဒီအကျင့်ကို ရအောင် ဖျောက်ဖို့ ကြိုးစားတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲနော်။

READ
ဆံပင်အုံထူလာပြီး ဗောက်မထလာစေဖို့အတွက် "ဂျင်း" ရဲ့ အသုံးဝင်ပုံ (၅) မျိုး

Kham

sponsored