ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာအလှကို ပျိုမေတို့ ပိုင်ဆိုင်ဖို့ ဒါလေးတွေ လုပ်ပေးကြည့်ပါ …

bubbleb/Freepik
Sponsored

မျက်နှာလေးက ကြည်လင်ပြီး လှနေတာမျိုးက မိန်းကလေးတိုင်း တောင်းတမိတဲ့အရာပါပဲ။ မျက်နှာလေး အမြဲ အသားအရေ ဝင်းလက်နေဖို့က အများကြီး ခက်ခဲနေတာမျိုးတော့ မဟုတ်ပါဘူး။ အသားအရေ လှပအောင် ငွေကြေးအရမ်းကုန်ကျစရာ မလိုအပ်ဘဲ ကိုယ့်ဘာသာ လွယ်ကူတဲ့ ဒီလို အချက်တွေ ပြုလုပ်ပေးရုံနဲ့ ရပါတယ်နော်။

(၁) နေ့တိုင်း မျက်နှာပေါင်းတင်ပေးပါ

Sponsored

ဈေးကွက်ထဲမှာ ရှိတဲ့ ပေါင်းတင်ကပ်ခွာတွေကို မဝယ်ဘဲနဲ့ အိမ်မှာ မျက်နှာပေါင်းတင်နိုင်ပါတယ်။ ပျားရည်နဲ့ သံပရိုသီးကို ရောစပ်ပြီး ပေါင်းတင်တာ၊ သင်္ဘောသီးကို ကြိတ်ချေပြီး ပေါင်းတင်တာ၊ ကော်ဖီမှုန့်နဲ့ ပေါင်းတင်တာ စတဲ့ ပေါင်းတင်နည်းတွေနဲ့ ညတိုင်း ပေါင်းတင်ပေးမယ်ဆိုရင် မျက်နှာအသားအရေက အစက်အပျောက်မရှိ လှနေမှာပဲ ဖြစ်ပါတယ်။

Racool_studio/Freepik

(၂) အပူအစပ်တွေ လျှော့စားပါ

READ
ကော်ဖီသောက်ခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနေလဲ

အပူအစပ်တွေကလည်း မျက်နှာအသားအရေကို နည်းနည်းသက်ရောက်ပါတယ်။ တစ်ချို့ဆိုရင် အစပ်စားတာ များသွားတာနဲ့ မျက်နှာမှာ ဘုတွေ တန်းစီပြီး ထွက်လာတတ်ကြပါတယ်။ ဒီတော့ အစပ်ကြိုက်တယ်ဆိုရင်တောင်မှ အသားအရေ ထိခိုက်မှု နည်းစေဖို့ အပူအစပ်ကို နေ့တိုင်း စားတာမျိုး မဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။

user20464901/Freepik

(၃) မိတ်ကပ်ဖျက်ပါ

မိန်းကလေးတွေ အများစုက မိတ်ကပ်ကို အသုံးပြုနေကြရပါတယ်။ မိတ်ကပ်က လှပစေတယ်ဆိုပေမယ့် ညဘက်မှာ ဖျက်ပေးမှသာ ချွေးပေါက်တွေ အဆီတွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ်တာမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပျင်းလို့ မိတ်ကပ်မဖျက်တော့ဘူးဆိုတာမျိုး မလုပ်ပါနဲ့။ မိတ်ကပ်ဖျက်ရမှာ အရမ်း ပျင်းရင် မိတ်ကပ်ဖျက်တဲ့ Wet tissue တွေကို အသုံးပြုနိုင်ပါတယ်။

user20464901/Freepik

(၄) ရေဓာတ်ပြည့်ဝပါစေ

READ
အောင်မြင်တဲ့ အနုပညာရှင်တွေ မဖြစ်ခင်ကတည်းက ရင်းနှီးသိကျွမ်းခဲ့ကြတဲ့ သူတို့

ရေဓာတ်က အသားအရေ လှပခြင်းမှာ သိပ်ကို အရေးပါနေပါတယ်။ ရေဓာတ်ပြည့်ဝမှု မရှိရင် အသားအရေက ခြောက်ပြီး လှပမှု ကျန်းမာမှု မရှိတော့ပါဘူး။ အသားအရေ လှဖို့ဆိုရင်တော့ ရေကို အမြဲ ပုံမှန်သောက်ပါ။ အရည်ရွှမ်းတဲ့ အသီးတွေကို စားသုံးပေးပါ။

lookstudio/Freepik

(၅) အစားအသောက်ကို ဂရုစိုက်ပါ

အသားအရေကို လှပဖို့ အစားအသောက်ကနေတဆင့်လည်း ဂရုစိုက်ပေးနိုင်ပါသေးတယ်။ အသီးအနှံတွေမှာ ပါဝင်တဲ့ ဓာတ်တွေက အသားအရေကို ဝင်းလက် ကြည်လင်စေတဲ့ ဗီတာမင်တွေ ပါဝင်နေတာမို့  အပတ်တိုင်း အသီးတွေ စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Kham

sponsored