အိမ်ထောင်ရေးသာယာဖို့အတွက် ဇနီးသည်ဖြစ်တဲ့ သင့်မှာလည်း တာဝန်ရှိပါတယ်။

Sponsored

အိမ်ထောင်ဆိုတာ နှစ်ယောက် တစ်ဘ၀ပေါင်းစည်းလိုက်တာဖြစ်သလို သူစိမ်းနှစ်ယောက် ပေါင်းစည်းကြလို့ မတူညီတာတွေရှိကောင်းရှိကြမယ်။ အိမ်ထောင်သာယာပျော်ရွှင်ဖို့ နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ ဇနီးသည်ဖြစ်တဲ့ သင့်မှာရော ၊ ခင်ပွန်းသည်ဖြစ်တဲ့ သူမှာပါ တာဝန်ရှိပါတယ်။ ဒါပေမယ့် အိမ်ထောင်တစ်ခုမှာ ပျော်ရွှင်စွာဖြတ်သန်းသွားရဖို့က ဇနီးသည်ဖြစ်တဲ့ သင့်မှာ တာဝန်ပိုရှိပါတယ်။

(၁) ဇနီးလိုတစ်မျိုး ၊ သူငယ်ချင်းလိုတစ်မျိုး 

Sponsored

အိမ်ထောင်ရေးသာယာပျော်ရွှင်ဖို့အတွက် အကောင်းဆုံး သင်ခန်းစာတစ်ခုကတော့ ဇနီးလိုတစ်မျိုး ၊ သူငယ်ချင်းလိုတစ်မျိုး နေပေးရမှာပါ။ သူငယ်ချင်းလိုမျိုး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာအောင် ပေါ့ပေါ့ပါးပါး စကားပြောပေးရသလို ၊ ဇနီးသည်အဖြစ်လည်း ချစ်ခင်ကြင်နာ၊ နွေးထွေးမှုတွေပေးနိုင်ရမယ်။ အိမ်ထောင်ဖက်အဖြစ် ဆုံးဖြတ်ချက် အတူတူချရမယ် ၊ အတူတူ ပျော်ရွှင်တဲ့ဘ၀ကို တည်ဆောက်နိုင်ရမယ် ၊ အားပေးရမယ် ၊ သူငယ်ချင်းအဖြစ် အတူတူရယ်မောပေးရမယ် ၊ အစီအစဉ်တွေ အတူတူဆွဲရမယ် ၊ ၀ါသနာတွေ မျှဝေရမယ် ၊ ဟာသတွေပြောရင်း နေရမယ်။ ဒီလိုမျိုးဖြစ်နေမှ သင့်တို့ရဲ့အိမ်ထောင်ရေးဘ၀က သာယာပျော်ရွှင်မှာပါ။

READ
ကလေးငယ်တွေကို အော်ငေါက်ခြင်းဟာ သူတို့ဘ၀မှာ စိတ်ဒဏ်ရာ ရစေနိုင်ပါတယ် ....

(၂) အတူတူရယ်မောပါ 

အိမ်ထောင်ရေး သာယာပျော်ရွှင်ဖို့ အရေးကြီးဆုံးအချက်ကတော့ နေ့တိုင်း ရယ်မောပေးပါ ၊ ပြုံးပေးပါ။ ရယ်စရာတွေ ပြောရင်း အတူတူ ရယ်မောပေးပါ။ သူ့ဆီမှာလည်း အလုပ်က စိတ်ဖိစီးမှုတွေရှိသလို သင့်မှာ စိတ်ဖိစီးမှုရှိနေမှာပါ ၊ ဒီလိုဆို တစ်ယောက်နဲ့တစ်ယောက် ဟာသလေးတွေပြောရင်း ၊ စနောက်ရင်း ၊ အတူတူ ရယ်မောပေးကြပါ။ ဒီလို ရယ်မောပေးတာက သင်တို့အိမ်ထောင်ရေးအတွက် ဆေးကောင်းတစ်လက်ပါပဲ။ ဒီလို အတူတူ ရယ်မောပေးရင်း သင်နဲ့ သင့်ခင်ပွန်း ဆက်ဆံရေး ပိုကောင်းလာသလို စိတ်ဖိစီးမှုတွေလျေ့နည်းသွားစေလို့ အိမ်ထောင်ရေး သာယာပျော်ရွှင်မှာပါ။

(၃) ပြင်ပြင်ဆင်ဆင်နေပါ 

ချစ်သူဘ၀တုန်းကလိုမျိုးပဲ သင့်အလှကို ထိန်းသိမ်းထားပါ။ လှအောင်နေခိုင်းတယ်ဆိုတာကလည်း အမျိုးသမီးတိုင်းရဲ့ ယုံကြည်မှုတိုင်းက အလှအပနဲ့လည်း သက်ဆိုင်နေတယ်။ ကိုယ့်ကိုယ်ကို လှတယ်လို့ယူဆနေချိန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုအရှိဆုံးအချိန်ပါပဲ။ တချို့ အိမ်ထောင်သည်အမျိုးသမီးတွေက ရုံးအလုပ် ၊ အိမ်အလုပ် ၊ ကလေးအလုပ် တွေကို ဖိလုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ရာ မေ့နေတတ်ကြတယ်။ မိတ်ကပ်ကြီးအဖွေးသားနေခိုင်းတာမျိုးထက် သပ်သပ်ရပ်နဲ့ မွှေးကြိုင်နေအောင်နေခိုင်းတာပါ။ ဒါမှ သင့်တို့အိမ်ထောင်ရေးဘ၀ ရေရှည် ပျော်ရွှင်လာမှာပါ။

READ
အိမ်ထောင်ပြုရမှာကို ကြောက်ရွံ့တတ်သူတွေမှာ ရှိတတ်တဲ့ စိုးရိမ်စိတ်(၅)မျိုး

(၄) ဘယ်အရာကိုမှ ပြောင်းလဲပစ်ဖို့မကြိုးစားပါနဲ့

သင့်အိမ်ထောင်ရေး ရေရှည် သာယာပျော်ရွှင်ချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောပေးဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာ ပြောင်းလဲပစ်လို့မရတဲ့အရာကတော့ သင့်ခင်ပွန်းသည်ကို သင်ဖြစ်စေချင်တဲ့ ပုံစံမျိုး ပြောင်းလဲပစ်ဖို့ မကြိုးစားလိုက်ပါနဲ့။ ဒီလို ပြောင်းလဲပစ်မယ့်အစား သူ့ရဲ့အရှိအတိုင်းကို လက်ခံယုံကြည်ပေးပါ။ သူနဲ့ ပတ်သက်ပြီး ကြိုက်တဲ့အရာတွေကို စာရင်းရေးထားပေးပါ ၊ အဲ့အရာအပေါ်ကိုပဲ အာရုံစိုက်ပေးပါ။

(၅) အလုပ်လုပ်ပါ 

အလုပ်လုပ်ပေးပါ။ အလုပ်လုပ်ခိုင်းတယ် ဆိုတာကလည်း အမျိုးသမီးတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် နဲ့ ကိုယ့်ဘ၀ရဲ့ကောင်းစေ ၊ ဆိုးစေအရာတွေကို ကိုယ့်ကိုယ်တိုင် ဆုံဖြတ်ချက် ချနိုင်အောင်လို့ပါ။ မိဘဘယ်လောက်ချမ်းသာနေပါစေ ၊ ကိုယ့်ယောကျာ်းက ဘယ်လောက်ပိုက်ဆံရှာနိုင်ပါစေ အလုပ်လုပ်ဖို့တိုက်တွန်းပါရစေ။ ကိုယ်ပိုင်ရှာလို့ရတဲ့ ငွေမှသာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ရမှာပါ။

Hannwe Soe (Auntymay) 
sponsored