ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုးတွေကို ဒီနည်းတွေနဲ့ ပြင်ဆင်မယ်

shutterstock/  GaudiLab
Sponsored

Stay home နေရတဲ့အချိန်တွေမှာ လူက တော်တော်လေးလည်း အကျင့်တွေ ပျက်နေပါပြီနော်။ အိပ်ချင်တဲ့ အချိန်အိပ်တယ်၊ ထချင်တဲ့ အချိန်မှ ထတယ်၊ အစားအသောက်ဆိုလည်း ဆာမှ ထစားဖြစ်တယ် ဒါတောင် တစ်ခါတစ်လေ အပျင်းကြီးပြီး ဗိုက်ဆာတာကို သည်းခံရင်း ဖုန်းပဲ သုံးနေမိတာမျိုး၊ work out လည်း မလုပ်တော့ အဆီတွေလည်း စုနေပြီ ဟုတ်တယ်မှလား။ ဒီတော့ ကိုယ့်အတွက် အဆိပ်အတောက် ဖြစ်နေတဲ့ အလေ့အကျင့်ဆိုးတွေကို ပြင်သင့်တဲ့ အချိန်ရောက်ပြီနော်။ ကျန်းမာပြီး အစီအစဉ်ကျတဲ့ တစ်နေ့တာဖြစ်ဖို့ ဒီလိုလေး လုပ်ဆောင်ကြမယ်။

အိပ်ချိန်မှန်မှန် အိပ်ပါ

shutterstock/GP PIXSTOCK

ညည့်နက်တဲ့အထိ ဖုန်းသုံးတာက လူကို မျက်စိကြောင်ပြီး အိပ်မရဖြစ်စေပါတယ်။ နောက်ပြီး ညည့်နက်မှ အိပ်တဲ့အခါ မနက်ဆို တော်ရုံနဲ့ မထနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ကြမယ်။ ဖြစ်နိုင်ရင် အိပ်ချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး အိပ်စက်သင့်ပါတယ်။ ဥပမာ – နေ့တိုင်း ဆယ့်တစ်နာရီဆို အိပ်ရာဝင်တတ်တာမျိုးပေါ့။ ဒါက သင့်ကို ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်ကောင်းလေးပါနော်။

READ
သီချင်းတွေဆိုပြီး ပရိသတ်တွေကို အံ့သြစေဦးမယ့်ဖြူဖြူထွေး

စောစောထပါ

shutterstock/ Dean Drobot
Sponsored

အလုပ်လည်း မသွားရဘူးဆိုပြီး မနက်နောက်ကျမှ ထတတ်တဲ့ အကျင့်ကို ပြင်သင့်ပါပြီနော်။ တစ်နေ့ကို အိပ်ချိန်ဆယ်နာရီထက် ပိုအိပ်တတ်တဲ့သူဟာ တစ်ခြားသူတွေထက် အသက်ပိုတိုတတ်ပါတယ်တဲ့။ ဒါကြောင့် မနက်ကိုလည်း အချိန်သတ်သတ်မှတ်မှတ်နဲ့ ထပါ။ ဒါက သင့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ အချိန်လုံလောက်နေစေမှာပါ။

မနက်စောစော လေ့ကျင့်ခန်း လုပ်ပါ

shutterstock/ Alena Ozerova

စောစောက ပြောခဲ့သလို အိပ်ရာက စောစောထတဲ့အခါ အချိန်ပိုရတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရပါတယ်။ မနက်စောစော လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းမွန်သလို စိတ်ကိုလည်း လန်းဆန်းတက်ကြွစေပါတယ်။ တစ်ချိန်လုံး အိမ်ထဲမှာပဲ မလှုပ်ရှားတာများပြီး လေးလံထိုင်းမှိုင်းနေတဲ့ စိတ်ကြီးကို ပြုပြင်ပါ။ အချိန် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။

အဆိပ်အတောက်တွေ လျော့ပါ

shutterstock/ Look Studio

အထူးသဖြင့် ဖုန်းအသုံးများတဲ့ အဆိပ်အတောက်တွေ လျော့သင့်ပါတယ်။ တစ်ချိန်လုံး ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေတတ်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။ ဖုန်းတွေနဲ့ ခဏလောက် အဝေးမှာ နေကြည့်ပါ ကိုယ့်စိတ်နဲ့ မျက်လုံးတွေကို အနားပေးပါ စာအုပ်လေးတွေ ဖတ်ပါ။ အိမ်သန့်ရှင်းလေတွေ လုပ်ပါ ကိုယ်ဝါသနာပါရာလေးတွေ လေ့လာပါ။ ဒါတွေက သင့်ရဲ့ အဆိပ်အတောက်ဆန်တဲ့ အလေ့အကျင့်ဆိုးတွေကို ပြင်ဖို့အကောင်းဆုံး နည်းလမ်းလေးတွေပါပဲ။

READ
(၁၁)နှစ်ကြာပြီးနောက်မှာ တွေ့ရတဲ့ ‘Boys Over Flowers’ ထဲက သရုပ်ဆောင်များ

Khin

sponsored