ဗောက်ထလွန်းတဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းများ

reportazh/Freepik
Sponsored

ဗောက်ထတယ်ဆိုတာ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ ခေါင်းပေါ်မှာ အဖြူဖက်တွေ ဖွေးနေတာမို့ လူကြားထဲ သွားတဲ့အခါလည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပျောက်နေတာကိုလည်း ကြုံရတတ်ပါတယ်။ ဒီလို ဗောက်ထနေတာကြောင့် စိတ်ညစ်နေပြီး စိတ်တွေ ရှုပ်တွေပြီဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ဗောက်ပျောက်အောင် ပြုလုပ်နိုင်ပါတယ်နော်။

(၁) ဗောက်ပျောက်ခေါင်းလျှော်ရည်ကို သုံးပါ

Sponsored

ဗောက်ပျောက်ဖို့ဆိုရင်တော့ ဗောက်ပျောက်စေဖို့ အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို သုံးစွဲပေးသင့်ပါတယ်။ ဒါက သင့်ခေါင်းပေါ်က ဖွေးနေတဲ့ ဗောက်တွေကို တဖြည်းဖြည်းနဲ့ အကုန် ပျောက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

odua/Freepik

(၂) မကြာ မကြာ ခေါင်းလျှော်ပေးပါ

ဦးရေပြားပေါ်က အဆီတွေ ထွက်နေတာကလည်း ဗောက်ဖြစ်ရခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။ ဒါကြောင့် ဗောက်တွေ ရှိနေလို့ ပျောက်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ခါလောက် ခေါင်းလျှော်တာမျိုးထက် တစ်ပတ်ကို နှစ်ခေါက် သုံးခေါက် လျှော်တာက ပိုပြီး မြန်မြန်ပျောက်စေပါတယ်။

READ
မုန့်ဖုတ်ဆိုဒါကို ဒီလိုသုံးပေးရင် သင့်ဆံပင်ထူလာပြီး ရှည်တာမြန်လွန်းလို့ အံ့သြနေရပါမယ်....
jcomp/Freepik

(၃) ပန်းသီးရှာလကာရည်ကို အသုံးပြုပါ

ပန်းသီးရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ခေါင်းလျှော်ရည် အစားထိုး အသုံးပြုနိုင်ပါတယ်။ ပန်းသီး ရှာလကာရည်က ဗောက်ဖြစ်စေတဲ့ မှိုကို သတ်ပစ်နိုင်တဲ့ အစွမ်း ရှိတာကြောင့် ဗောက်ကြောင့် ယားယံတာတွေကို လျော့စေသလို ဗောက်တွေကိုပါ ထပ်မဖြစ်စေအောင် ပြုလုပ်ပေးနိုင်ပါတယ်။

vasiliybudarin/Freepik

(၄) သံပရိုရည်ကို သုံးပါ

သံပရိုရည်ကလည်း ဗောက်တွေကို ပျောက်ကင်းစေပါတယ်။ သံပရိုရည် နှစ်ဇွန်းကို ဦးရေပြားကို သုတ်လိမ်းပြီး တစ်မိနစ်ကြာအောင် ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ သံပရိုသီးကို ရောစပ်ပြီး ဆံပင်တွေကို သုတ်လိမ်းပါ။ ဒီလိုမျိုး နေ့စဉ် ပြုလုပ်ခြင်းအားဖြင့် ဗောက်တွေကို ဖြစ်စေနိုင်တဲ့ မှိုတွေကို ပျောက်သွားစေနိုင်ပါတယ်။ ဒါအပြင် ဓာတုပစ္စည်းမဟုတ်တာကြောင့် ဦးရေပြားကို ထိခိုက်မှာလည်း စိုးရိမ်စရာ မလိုပါဘူး။

READ
ကျိုးကြေပြီး အဖျားနှစ်ခွဖြစ်နေတဲ့ဆံကေသားများကို အမြန်ဆုံးပြန်ကောင်းသွားစေမယ့် နည်းလမ်းများ....
Photo by Lukas from Pexels

(၅) မုန့်ဖုတ်ဆိုဒါကို အသုံးပြုပါ

ဆံပင်တွေကို ရေစွတ်ပြီးတဲ့နောက်မှာ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို ဗောက်ထတဲ့ ဦးရေပြားပေါ်ကို ဖြန့်ထးပြီး တစ်မိနစ်ခန့်ကြာအောင် ထားပြီးတဲ့နောက်မှာ ခေါင်းပြန်လျှော်ပေးပါ။ ဒီလိုမျိုးကို ခေါင်းလျှော်တိုင်းမှာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ဗောက်တွေပျောက်စေပြီး ဗောက်ဖြစ်စေတဲ့ မှိုတွေ အဆီတွေကို လျော့ကျစေပါတယ်။

Kham

 

sponsored