ညိုမည်းနေတဲ့ နှုတ်ခမ်းသားလေးတွေ ပြန်လည်စိုပြေပြီး ပန်းရောင်သမ်းလာစေဖို့အတွက်…

shutterstock/  popcorner
Sponsored

နေ့တိုင်း အချိန်တိုင်း နှုတ်ခမ်းနီတွေပဲ ဆိုးချင်တိုင်းဆိုးပြီး ပစ်ထားမိတဲ့ နှုတ်ခမ်းသားလေးတွေက ကြာလာတဲ့အခါ ညိုမည်းတဲ့ နှုတ်ခမ်းတစ်စုံအဖြစ် ပြောင်းလဲသွားစေတတ်ပါတယ်။ အသားအရေကို ပုံမှန်ဂရုစိုက်သလိုမျိုးပဲ နှုတ်ခမ်းသားလေးတွေကိုလည်း ပုံမှန်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒီတော့ ညိုမည်းနေတဲ့ နှုတ်ခမ်းသားတွေကို ပန်းရောင်သမ်းလာစေမယ့် နည်းလမ်းကောင်းလေးကို ပျိုမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

သကြားမုန်လာဥ

shutterstock/Dani Vincek

ဈေးသက်သာပြီး အလွယ်တကူ နှင်းဆီဖူးနှုတ်ခမ်းလေးရရှိဖို့ သကြားမုန်လာဥ (beetroot) က အကောင်းဆုံးပါပဲနော်။ သကြားမုန်လာဥက နှုတ်ခမ်းကို သဘာဝအတိုင်း ပန်းရောင်ဖြစ်စေပြီး အဟာရလည်း ဖြည့်ပေးနိုင်ပါတယ်။ သကြားမုန်လာဥတစ်လုံးကို သံပုရိုရည်အနည်းငယ်နဲ့ ရောနှောပြီး နှုတ်ခမ်းမှာ လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင်တော့ ရေလေးနဲ့ဆေးချပေးလို့ရပါပြီ။ ဒါက သင့်ရဲ့နှုတ်ခမ်းကို နီနီရဲရဲလေး ဖြစ်နေစေမှာပါ ဖြစ်ပါတယ်။

သွားပွတ်တံနဲ့ ကြေးချွတ်မယ်

shutterstock/ Lucky Business
Sponsored

နူးညံတဲ့ သွားပွတ်တံက နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းမှာ သံလွင်ဆီ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးမျိုးကို အနည်းငယ်လိမ်းပြီး သွားပွတ်တံလေးနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးလိုက်ပါ။ စက်ဝိုင်းပုံပွတ်တိုက်ပေးရမှာဖြစ်ပြီး မိနစ်အနည်းငယ်လောက် လုပ်ပေးပြီး ရေလေးနဲ့ ဆေးချပေးရမှာပဲ ဖြစ်ပါတယ်။

READ
ရသမျှအနုပညာကြေးကို မိခင်ဖြစ်သူထံ အကုန်အပ်တယ်ဆိုတဲ့ အောင်လေး

သကြားနဲ့ သံပုရိုသီး

shutterstock/kitzzeh

နောက်ထပ် ရိုးရှင်းတဲ့နည်းတစ်ခုက သကြားလက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို သံပုရိုရည်အနည်းငယ်နဲ့ ရောနှောပြီး ရလာတဲ့ အရောအနှောကို နှုတ်ခမ်းပေါ်မှာ scrub လုပ်ပေးလိုက်ပါ။ ဖြည်းဖြည်းချင်း စက်ဝိုင်းပုံနှိပ်နှယ်ပြီး ပွတ်တိုက်ပေးရမှာဖြစ်ပြီးတော့ မိနစ်အနည်းငယ်ကြာတဲ့အခါ ရေလေးနဲ့ ဆေးချပေးရမှာ ဖြစ်ပါတယ်။ ဒါက နှုတ်ခမ်းသာညိုမည်းခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

သလဲသီး အရည်

shutterstock/ D_M

သလဲသီးရဲ့ အရည်ကလည်း နှုတ်ခမ်းသားညိုမည်းခြင်းတွေကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ သလဲသီးအနည်းငယ်ကို ဇွန်းနဲ့ကြိတ်ခြေပြီး အရည်ရအောင် လုပ်လိုက်ပါ။ ရလာတဲ့အရည်ကို နှုတ်ခမ်းသားပေါ် လိမ်းပေးပြီး နာရီခွဲလောက်ထားပြီးရင် ရေလေးနဲ့ ဆေးချပေးလို့ ရပါပြီ။ ဒီနည်းလမ်းလေးတွေက ညိုမည်းတဲ့ နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း စိုပြေပြီး ပန်းရောင်သမ်းလာစေမှာ ဖြစ်ပါတယ်။

Khin

sponsored