အကြောင်းပြချက်မရှိ ထားခဲ့ခံရတဲ့အခါ တုန့်ပြန်သင့်တဲ့ အချက်(၅)ချက်

Freepik/Stocksy
Sponsored

အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးဘဲ စကားပြောကြ၊ ချစ်ကြိုက်သွားကြတဲ့ စုံတွဲတွေရှိသလို၊ လှည့်စားပြီး ခြေရာဖျောက်သွားသူတွေရှိပါတယ်။ အဲ့ဒီလို အလွယ်အကူ ခြေရာဖျောက်နိုင်ဖို့ ကိုယ့်ရဲ့ အကြောင်းအရာ အချက်အလက်တွေအစစ်အမှန်တွေကို ထိမ်ချန်ပြီး အကောင့်တုနဲ့ ဒိတ်တဲ့ လူစားမျိုး၊ ပုံစံမျိုးကို “Ghosting” လို့ခေါ်ပါတယ်။

လူတွေဟာ တစ်ဦးနဲ့တစ်ဦး အကြောင်းပြချက်မရှိဘဲ relationshipကို တစ်ဖက်သက် တိတ်တဆိတ်အဆုံးသတ်သွားတဲ့ Ghosting” လို လုပ်ရပ်မျိုးက  အခုမှမဟုတ်ပါဘူး၊ ဟိုးအရင် နည်းပညာမတိုးတက်ခင် ရာစုနှစ်ပေါင်းများစွာကတည်းက ရှိနေတာပါ။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုအဖြစ်အပျက်မျိုးနဲ့ကြုံလာတဲ့အခါ ဘယ်လို အကောင်းဆုံးလုပ်ရမလဲဆိုတာကို အချက်(၅)ချက်နဲ့ asiaone ကနေ အခုလို အကြံပြုပေးလိုက်ပါတယ်။

Sponsored

ဘယ်လိုနည်းမျိုးနဲ့အဆက်ဖြတ်မလဲ ဆုံးဖြတ်ပါ။

သင့်ကို အဆက်ဖြတ်ဖို့ကြိုးစားနေသူကို အတင်းနောက်ကလိုက်မနေပါနဲ့။ တကယ်လို့ သင်က သူ့ကို တွယ်ကပ်နေလေ မပြီးဆုံးနိုင်တဲ့ စိတ်ညစ်ဖွယ်အဖြစ်ပျက်ကို ဆွဲထားလေလေပါပဲ။ ဒါပေမယ့် သူ့ကို ယုံကြည်ပေးချင်သေးတယ် ဆိုရင်တော့ ဥပမာ ခုတလော အဆက်အသွယ်မရတာကြာပြီ။ အဆင်ပြေရဲ့လား ဆိုတဲ့ message တစ်ခုပို့လိုက်ပါ။ နှစ်ရက်သုံးရက်ကြာလို့မှ ဘာစာမှတုံ့ပြန်မလာဘူးဆိုရင်တော့  အကောင်းဆုံးဖြစ်စေဆိုတဲ့ ဆုတောင်းစကားနဲ့ပဲ လက်လျော့လိုက်ပါတော့။ ဒီလို နှုတ်ဆက်လိုက်တာဟာ ကိုယ့်ရဲ့ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုကို ပြသလိုက်ရာလည်းရောက်ပါတယ်။

Freepik/YWFT

လူမှုရေးတစ်ခုကို ပြန်တည်ဆောက်ပါ

READ
ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို ဘယ်လိုတည်ဆောက် ရယူမလဲ ?

ရုတ်တရက် အဆက်ဖြတ်ခံရတဲ့ နာကျင်မှုဟာ ခံရသူအတွက် အပယ်ခံတစ်ယောက်လို့ ခံစားရစေပါတယ်။ဘာကြောင့် ငြင်းပယ်ခံရလည်းဆိုတာကို ဘာတစ်ခုမှမရှင်းပြတဲ့အခါ ကို့ကိုယ်ကို အပြစ်တင်စိတ် သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။

ဒီစိတ်တွေကို အကောင်းဆုံးတုန့်ပြန်နိုင်မယ့်နည်းလမ်းကတော့ ရိုးရိုးလေးပါပဲ။ မိတ်ဆွေအသိုင်းအ၀ိုင်းတစ်ခုကို ပြန်တည်ဆောက်ပါ။ သူငယ်ချင်းမိတ်ဆွေတွေပို့ဖွဲ့ပါ။ လူတွေနဲ့စကားများများပြောပါ။ အဲဒီအခါ သင့်ကို သဘောကျတဲ့လူတွေ ရှိနေသေးပါလားဆိုတာကို သိလာပါလိမ့်မယ်။

ပါတနာအသစ်တွေနဲ့ စကားပြောပါ

ကိုယ်နဲ့ဖြစ်နိုင်ချေရှိမယ့် ပါတနာအသစ်တွေနဲ့ စကားပြောပါ။ သေချာတော့ သုံးသပ်လေ့လာပါ။ ကိုယ့ိကိုယ်ကိုယ် အလုပ်ပေးပါ။ လူတွေအများကြီးနဲ့စကားပြောဖို့၊ နောက်ထပ် ဒိတ်အသစ်တွေထပ်လုပ်ဖို့ သင့်ရဲ့ dating profile  ဒါမှမဟုတ် dating အက်ပလီကေးရှင်းအသစ်တွေ ထပ်ဖွင့်ပါ။

သင့်အချိန်တွေ မကုန်ခဲ့တာကို ကျေးဇူးတင်ပါ

ကိုယ့်ကို အကြောင်းပြချက်မရှိ ထားခဲ့တဲ့ လူတစ်ယောက်အတွက် သင့်အချိန်တွေမကုန်ခဲ့တာကို သင်ကျေးဇူးတင်ပါ။ အရာရာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်သင့်ပါတယ်။ ကိုယ်နဲ့ မသင့်တော်တဲ့  ကိုယ့်အတွက်မဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ သင့်အချိန်တွေ ပိုမကုန်ခဲ့တာဟာ ပိုကောင်းတဲ့သူအတွက် အချိန်ပိုရလာဖို့ဖြစ်တယ်လို့သာ မှတ်ယူပါ။

Freepik/LouieLa

ဘ၀ကို ဆက်လျှောက်ပါ

READ
အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး

ဘ၀မှာ တတ်နို်င်သမျှပျော်ပျော်နေပါ။ မကောင်းတဲ့လူတစ်ယောက် ကိုယ့်ကိုယ်ကို အထိခိုက်မခံဘဲ မိမိဘ၀သစ်ကို ပြန်စတာဟာ အကောင်းဆုံးတုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကို တကယ်ဘ၀အတွက် လိုအပ်သူနဲ့ဆုံစည်းရဖို့ သူတို့ထွက်ခွာသွားပေးရတာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါလိမ့်တယ်။

sponsored