ယောက်ျားတစ်ယောက် ဖခင်ကောင်း ဖြစ်နိုင်/မဖြစ်နိုင် အကဲဖြတ်ပေးနိုင်မယ့် အချက်များ

Pixabay/StockSnap
Sponsored

ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်းလို့လည်း ဆိုကြသလို မိသားစုတစ်ခုမှာ ကလေးလေးတွေရှိရင် ပိုသာယာပြီး ပျော်စရာပိုကာင်းပါတယ်။ ဒါပေမယ့်လည်း ကလေးတစ်ယောက်ရဲ့တာဝန်ဆိုတာပြောသလောက်တော့ မလွယ်ပါဘူး။ အရွယ်တစ်ခုရောက်လာဖို့အတွက် ပြုစုပျိုးထောင်ရတာဟာ အလွန်တာဝန်များပါတယ်။ အဲ့လိုတာဝန်တွေဆိုတာ အဖေရောအမေရောခွဲဝေယူရမှာပါ အဲ့ဒါကြောင့်မိန်းကလေးတွေအိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက်ပဲ မစဉ်းစားဘဲ ကလေးတွေရှိလာခဲ့ရင် ကလေးတွေအတွက်ရော ခင်ပွန်းကောင်းတစ်ယောက်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ဒီအချက်တွေတိုက်ကြည့်ပါ။

(၁) စိတ်ရှည်သည်းခံတတ်သူဖြစ်ရမယ်

Sponsored

ကလေးတွေဆိုတာ အလွန်ကယိကထ များပါတယ်။ ငယ်သေးတဲ့အချိန်မှာဆို နေ့ရောညပါ အရိပ်ကြည့်ကြည့် ဂရုစိုက်ရတာပါ။ အဲ့လိုဂရုစိုက်တတ်ဖို့ဆိုရင် စိတ်ရှည်သည်းခံတတ်သူတော့ဖြစ်ဖို့ လိုတာပေါ့နော်။ မဟုတ်ရင်တော့ အဆင်မပြေပါဘူး။ မိခင်ဖြစ်တဲ့သူတစ်ယောက်တည်းပဲ ပင်ပန်းနေရပါလိမ့်မယ်။

Pixabay/ddimitrova

(၂) ကိုယ့်ကိုအရမ်းချစ်ပြီးဂရုစိုက်တတ်မယ်

မ ကိုခင်မှ ဥ ကိုခင်မယ်ဆိုတဲ့ စကားပုံလည်း ကြားဖူးပါမှာပါ။ အဲ့စကားပုံက တကယ်မှန်တယ်နော်သားသမီးကို မချစ်တဲ့မိဘမရှိဘူးဆိုပေမယ့်လည်းကိုယ်ချစ်တဲ့မိန်းမက မွေးတဲ့သားသမီးကိုမှယောက်ျားတွေက သည်းသည်းလှုပ်ချစ်ကြတာပါ။ အဲ့ဒါကြောင့်ကိုယ့်သားသမီးတွေအတွက် ဖခင်ကို လိုချင်ရင်တော့ ကိုယ့်ကို အရမ်းချစ်တဲ့ယောက်ျားကိုပဲရွေးယူပါ။

(၃) ပျော်ပျော်နေတတ်သူဖြစ်တယ်

READ
The Penthouse ရိုက်ကွင်းက ပုံရိပ်ကို ဝေမျှလိုက်တဲ့ Um Ki-joon

ကလေးဆိုတာ အချိန်ပြည့်ဆော့ကစားနေချင်တာပါ။ စားမယ်အိပ်မယ်ဆော့မယ်ပဲ သိတဲ့သိတဲ့ ကလေးတစ်ယောက်ကို အမြဲအတူတူ လိုက်ဆော့ပေးနိုင်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ တကယ်ကိုပျော်ပျော်နေတတ်ပြီး ဟာသဥာဏ်လည်း ရွှင်ရမှာပါ။ အဲ့ဒါကြောင့် မိန်းကလေးအများစုက ရယ်စရာပြောတတ်တဲ့ ယောက်ျားလေးတွေကို ပိုသဘောကျကြတာထင်တယ်နော်။

Pixabay/serrano1004

(၄) ကလေးချစ်တတ်တဲ့ဖြစ်ရမယ်

ဒါကတော့ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ကလေးချစ်တတ်တဲ့ယောက်ျားဆိုရင်တော့ အတိုင်းထက်အလွန်ပဲ ပြည့်စုံသွားပြီပေါ့နော်။ အဲ့ဒါကြောင့် သင့်ရွေးချယ်ထားတဲ့ချစ်သူက ပျော်ပျော်လည်း နေတတ်မယ် ကိုယ့်ကိုလည်း အရမ်းချစ်မယ်။ စိတ်ရှည်သည်းခံပြီးကလေးလည်း ချစ်မယ်ဆိုရင်တော့ နှစ်ခါမစဉ်းစားနဲ့တော့နော် တခါတည်းအပိုင်သိမ်းလိုက်ပါတော့။

Wint Wint

sponsored