မိန်းကလေးတစ်ယောက်နာကျင်သွားတဲ့အခါ မြင်တွေ့ရမယ့် အပြုအမူ(၅)ခု

Sponsored

မိန်းကလေးတွေဟာ တစ်ခါတလေမှာ ယောက်ျားသားတွေတောင် ခံနိုင်ရည်မရှိတဲ့ ကိစ္စတွေကိုတောင် ခံနိုင်တဲ့ စိတ်အင်အားတွေရှိသလို၊ တစ်ခါတလေကျပြန်တော့လည်း အသေးအမွှားလေးတွေကအစ သူတို့ကို အရမ်းနာကျင်စေပါတယ်။ တကယ်လို့ သင့်ကောင်မလေး၊ သင်နဲ့ပတ်သက်တဲ့ မိန်းကလေးတစ်ယောက်ယောက်က ဒီလိုတွေ ပြုမူနေပြီဆိုရင်တော့ သင့်ကြောင့်သူနာကျင်သွားရလို့ ဆိုတာကို သိသင့်ပါတယ်။

(၁) အရယ်အပြုံးမရှိတော့ဘူး

Sponsored

အရင်တုန်းကတော့ သူဟာသင့်အနားမှာရှိနေရင် မြူးတူးပျော်ရွှင်ပြီး၊ ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူက ရုတ်တရက်ကြီး သင့်အပေါ်ကို သူစိမ်းဆန်သွားတယ်။ အရယ်အပြုံးလည်း မတွေ့ရတော့ဘူး။ တည်တည်ကြီး ဖြစ်သွားတယ်ဆိုရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ သူ့ကိုသင်နာကျင်စေလိုက်လို့ပါ။

(၂) သင်မကြိုက်တာတွေလုပ်လာမယ်

သင့်ကို အရွဲ့တိုက်တော့မှာပါ။ သင်မကြိုက်တဲ့ အဝတ်အစားတွေဝတ်တာ၊ သင်မကြိုက်တဲ့ နေရာကိုသွားတာ၊ သင်မကြိုက်တဲ့ သူတွေနဲ့ ပေါင်းတာတွေ လုပ်တော့မှာပါ။ သင်ဘယ်လို ဖျောင်းဖျဖျောင်းဖျ သူ့ရဲ့ မဲ့ပြုံးကိုသာ သင်ရမှာပါ။ ဒီအဆင့်က တော်တော်ကြောက်စရာကောင်းပါတယ်။

READ
ချစ်သူကို မလှပခဲ့တဲ့ အတိတ်ကအကြောင်းတွေ ပြောပြတော့မယ်ဆိုရင် ဒီ (၅) ချက်ကို သတိပြုပါ

(၃) အဆက်အသွယ်မလုပ်ဘူး

အရင်လို သင့်ဖုန်းကို တဂွမ်ဂွမ်ဆက်တော့မှာမဟုတ်သလို သင်အနားမှာလည်း ရှိနေတော့မှာ မဟုတ်ပါဘူး။ သင့်ကို ဆက်သွယ်ဖို့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားအရမ်းများနေတဲ့ သင့်အသံကိုတောင် သူကြားချင်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်လို့ သင့်ကို မလွမ်းတာတော့ မဟုတ်ပေမယ့် လွမ်းတဲ့ စိတ်ထက် နာကျင်တဲ့စိတ်က ပိုကြီးမားနေတာကြောင့် ဖြစ်ပါတယ်။ သတိထားသင့်ပါတယ်။

(၄) သင်နဲ့ဝေးရာကိုထွက်သွားမယ်

မိန်းကလေးတစ်ယောက် အရမ်းစိတ်နာသွာတယ်၊ နာကျင်သွားတယ်ဆိုရင် သူ့ကိုနာကျင်အောင်လုပ်တဲ့သူနဲ့ ဝေးသထက်ဝေးတဲ့ နေရာကို ထွက်သွားဖို့ ပြင်ဆင်တတ်ကြတယ်။ အဲဒီ့လူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း တွေနဲ့ တွေ့နေ၊ မြင်နေရဦးမယ့် အရေးကိုတောင် သူမစဉ်းစားနိုင်တော့ပါဘူး။ သူု့ကိုနာကျင်အောင်လုပ်တဲ့ လူကိုယ်တိုင်ဆိုရင်တော့ ပိုတောင်ဆိုးသေးတာပေါ့။

(၅) အရှိန်ယူနေမယ်

အကြောင်းကတော့ သင်မရှိပဲ သူ့ဘဝကို ရှေ့ဆက်နိုင်ဖို့ အားယူနေတာဖြစ်ပါတယ်။ သင့်ကို မဆက်သွယ်ပဲ သူငယ်ချင်းတွေနဲ့ပဲ အချိန်ယူမယ်၊ ပျော်ပျော်နေမယ်၊ ပေါ့ပေါ့ပါးပါးနေမယ်။ သင်မတွေ့လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာ သင်မပါပဲ သူပျော်ပျော်နေနိုင်သွားတာကို အံ့အားသင့်စွာ တွေ့မြင်ရမယ်။ သင်မရှိပဲ နေနိုင်သွားရင် သင့်ကို လမ်းခွဲစကားပြောတော့မှာ ဖြစ်တဲ့အတွက် ဒါဟာတော်တော် ကြောက်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

READ
အမျိုးသမီးတွေသတိမထားမိသေးတဲ့ လိင်အင်္ဂါရောဂါများ

Em Em(Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

 

sponsored